Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Russian President Vladimir Putin meets with Myanmar junta leader Min Aung Hlaing on the sidelines of the 2022 Eastern Economic Forum in Vladivostok on September 7, 2022. (Photo by Valery SHARIFULIN / SPUTNIK / AFP) (Photo by VALERY SHARIFULIN/SPUTNIK/AFP via Getty Images)

ယနေ့ မတ်လ ၃ ရက်နေ့တွင် စတင်ထွက်ခွာသည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရုရှားခရီးစဉ် လုံခြုံရေးကို အရပ်ဘက်ဝန်းထမ်းများက မဟုတ်ဘဲ စစ်တပ်အရာရှိများက တိုက်ရိုက်တာဝန်ယူကြောင်း သိရသည်။

မင်းအောင်လှိုင်သည် ရုရှားခရီးစဉ်ကို ၃ ရက်ကြာ သွားရောက်မည်ဖြစ်ပြီး ယနေ့ နံနက်က နေပြည်တော်က စတင်ထွက်ခွာသွားပြီဟု သိရသည်။

၎င်း၏ ခရီးစဉ်အတွက် လုံခြုံရေး အခြံအရံများကို ယခင်က အရပ်ဘက်ဝန်ထမ်းများမှ တာဝန်ယူခဲ့ရသော်လည်း လက်ရှိတွင် စစ်တပ်က အရာရှိများကိုယ် တိုက်ရိုက် တာဝန်ယူရကြောင်း နေပြည်တော် တပ်တွင်း သတင်းရင်းမြစ်များက ပြောသည်။

“ဒီတစ်ခေါက် ရုရှားခရီးစဉ်မှာ လုံခြုံရေးအတွက် အထူးစိုးရိမ်လို့ အရပ်ဘက် ဝန်ထမ်းတွေကို အသုံးပြုတာ အတော်ကိုနည်းပါတယ်။ စစ်ဘက်ကပဲ အဓိက လုပ်တယ်။ မဖြစ်မနေ အရပ်ဘက် ဝန်ထမ်းသုံးမယ်ဆိုရင်တောင် စစ်မှုထမ်းဟောင်း အရပ်ဘက်ဝန်ထမ်းတွေကိုပဲ သုံးတယ်။ အရပ်ဘက်ဝန်ထမ်းတွေကို မယုံကြည်တာမျိုး ဖြစ်နေတာ” ဟု ပြောသည်။

မင်းအောင်လှိုင်သည် ရုရှား ခေါင်းဆောင် ပူတင်နှင့် တွေ့ဆုံမည်ဖြစ်သလို ရုရှားဒူးမား လွှတ်တော် ဥက္ကဌ၊ နိုင်ငံခြားရေးဝန်ကြီးတို့ဖြင့် တွေ့ဆုံမည်ဖြစ်သည်။

ယခုခရီးစဉ်အတွင်း ရုရှား-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအပြင် နိုင်ငံတကာကိစ္စများကိုလည်း ဆွေးနွေးကြမည်ဟု ရုရှားဘက်က သတင်းထုတ်ပြန်ထားသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအပါအဝင် စစ်လက်နက်ပစ္စည်းများ ဆက်လက်ရရှိရေးကိုလည်း ဆွေးနွေးနိုင်ကြောင်း သိရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ယခု ရုရှားခရီးစဉ်သည် အာဏာသိမ်းပြီးနောက်ပိုင်း ၄ ကြိမ်မြောက်ဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပြီးနောက်ပိုင်ဆိုလျှင် ၁၁ ကြိမ်မြောက်ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရုရှားခရီးစဉ်အပြီး မတ်လ ၉ ရက်နေ့တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိမည်ဟု သိရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် စက်တင်ဘာလ ရုရှားနိုင်ငံသို့ Eastern Economic Forum အစည်းအဝေး သွားတက်စဉ် ရုရှား စစ်ခေါင်းဆောင် ဗလာဒီမာ ပူတင်နှင့်တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံစဉ် ဗလာဒီမာပူတင်ကို မင်းအောင်လှိုင်က လက်အုပ်ချီကန်တော့ခဲ့ကာ ကမ္ဘာ့ခေါင်းဆောင်ကြီးအဖြစ် မြှောက်ပင့်ပြောဆိုခဲ့ဖူးသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ