Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Ref: ရိုက်တာ

ရုရှားနှင့် စစ်ဖြစ်နေသော ယူကရိန်းနိုင်ငံကို အမေရိကန်နိုင်ငံက ပေးနေသော စစ်ရေးအကူအညီများ အားလုံး ယာယီရပ်ဆိုင်းကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောသည်။

သမ္မတ ထရမ့်အမိန့်ဖြင့် ယူကရိန်းအကူအညီများ ချက်ချင်း ယာယီရပ်ဆိုင်းမည်ဟု အိမ်ဖြူတော်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာ သတင်းဌာနက ယနေ့ မတ်လ ၄ ရက် နံနက်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် အပတ်က ယူကရိန်း သမ္မတ ဇလန်းစကီးနှင့် ထရမ့်တို့ တွေ့ဆုံပြီးနောက်မှာ အမေရိကန်က ပေးနေသော စစ်ရေးအကူအညီများကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

ဇလန်းစကီးနှင့် ထရမ့်တို့ တွေ့ဆုံပွဲတွင် စကားများ ကတောက်ကဆ ဖြစ်ခဲ့ကြပြီး အမေရိကန်က ယူကရိန်းနိုင်ငံရှိ မြေရှားသတ္တု တူးဖော်ရေးကို တောင်းဆိုခဲ့သည်။

အိမ်ဖြူတော် အရာရှိက “သမ္မတ ထရမ့်က ငြိမ်းချမ်းရေးကို အာရုံစိုက်နေပါတယ်။ ဒါပေမယ့် အဲဒီပန်းတိုင်ကို ရောက်ဖို့အတွက်က ယူကရိန်းဖက်က ငြိမ်းချမ်းရေးကို လိုလားတဲ့ အခြေအနေတစ်ခု မပြသနိုင်သေးတဲ့ အချိန်အထိကို ကျနော်တို့ရဲ့ အကူအညီတွေ ယာယီရပ်ဆိုင်းသွားမှာပါ။ ပြန်လည်သုံးသပ်မှုတွေလည်း လုပ်ပါမယ်” ဟု ပြောသည်။

အမေရိကန်၏ စစ်ရေးအကူအညီမှာ ယာယီရပ်ဆိုင်းသည်ဆိုသော်လည်း အချိန် မည်မျှကြာမြင့်မည်ကို တိတိကျကျ အိမ်ဖြူတော်အရာရှိက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ယူကရိန်းကို အမေရိကန်က ပေးနေသော စစ်ရေးအကူအညီများမှာ မျိုးစုံသော စစ်လက်နက်များ၊ နည်းပညာအကူအညီများနှင့် ယူကရိန်းက မှာယူထားသော လက်နက်ပစ္စည်းများ အားလုံး ရပ်ဆိုင်းခံရခြင်းဖြစ်သည်။

ထရမ့်နှင့်တွေ့ဆုံခဲ့သည့် ယူကရိန်းသမ္မတ ဇလန်းစကီးက အမေရိကန်သည် ယူကရိန်းဖက်မှ ရှိသည်ဆိုသော စကားကို လိုချင်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။

သို့သော်လည်း ဇလန်းစကီး မျှော်လင့်ထားသလို မဖြစ်လာဘဲ စစ်ရေးအကူအညီများ အားလုံးကိုပါ ရပ်ဆိုင်းခံလိုက်ရသည့်အတွက် ရုရှားထိုးစစ်ကို ခုခံနေသော ယူကရိန်းနိုင်ငံအတွက် ရှေ့တန်းစစ်မျက်နှာပြင်တွင် အင်အားချိနည်းသွားမည်ဟု သုံးသပ်နေကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ