ချင်းတော်လှန်ရေး တပ်ဖွဲ့အချင်းချင်း လက်နက်ဖြင့် မဖြေရှင်းဖို့ သဘောတူ
စစ်ရေး သတင်း
1 min read
114

ချင်းတော်လှန်ရေး တပ်ဖွဲ့အချင်းချင်း လက်နက်ဖြင့် မဖြေရှင်းဖို့ သဘောတူ

September 22, 2024
0

ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်အချင်းချင်း သဘောထားကွဲမှုရှိပါက လက်နက်ဖြင့် မဖြေရှင်းဖို့ ဒေသခံအဖွဲ့အစည်းများ သဘောတူညီမှု ရရှိခဲ့ကြောင်း ဇိုပြန်လည်ပေါင်းစည်းရေးအဖွဲ့အစည်း (Zo Re-Unification Organization – ZORO) သတင်းထုတ်ပြန်သည်။ ဇိုပြန်လည်ပေါင်းစည်းရေး အဖွဲ့အစည်း ZORO၏ ဦးဆောင်မှုဖြင့် စက်တင်ဘာ ၂၁ ရက်နေ့က ချင်းပြည်အစိုးရအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး CNFနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ချင်းညီနောင် CB အဖွဲ့တို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ယင်းတွေ့ဆုံဆွေးနွေးမှုများတွင် အချက် ၅ ချက်ကို ကနေဦး သဘောတူခဲ့ကြပြီး ချင်း-ကူကီး-မီဇိုး မျိုးနွယ်စုများသည် ဆင်းသက်လာရာမျိုးနွယ်စု၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ် အလာတူညီသော သေအတူရှင်မကွဲနေထိုင်လာခဲ့ကြသည့်

Continue Reading
နောင်ချိုမြို့ကို စစ်ကောင်စီ ဆက်တိုက်ဗုံးကြဲနေ
စစ်ရေး သတင်း
1 min read
76

နောင်ချိုမြို့ကို စစ်ကောင်စီ ဆက်တိုက်ဗုံးကြဲနေ

September 21, 2024
0

(ယနေ့လည်း ဗုံးလာကြဲ၍ အရပ်သားတစ်ဦး ဒဏ်ရာရ) (သတင်းတို) ရှမ်းမြောက်ဒေသ နောင်ချိုမြို့ကို အာဏာသိမ်း စစ်ကောင်စီက ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားပြည်သူများမှာ သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်း အများအပြားရှိနေကြသည်။ ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင်လည်း စစ်ကောင်စီက Y-12 တိုက်လေယာဉ်ဖြင့် ဗုံးလာကြဲတိုက်ခိုက်၍ အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း တအောင်းတပ် TNLA က ထုတ်ပြန်ထားသည်။ နောက်ချိုမြို့အတွင်းအထိ စစ်ကောင်စီက ဗုံးလာကြဲခြင်းဖြစ်ပြီး ညဈေးတန်း၊ မြို့မဈေးတန်းနှင့် ရပ်ကွက် ၄ ခုထက်မနည်းမှာ ဗုံးအများအပြား ကျရောက်ပေါက်ကွဲခဲ့သည်။ စစ်ကောင်စီ ဗုံးကြောင့် ထိခိုက်ဒဏ်ရာရရှိသူအပြင် ဈေးဆိုင်ခန်းများ၊ နေအိမ်များ ပျက်စီးသွားကြောင်းနှင့်

Continue Reading
တိုက်ပွဲပြင်းလာ၍ ဖားကန့်ပြည်သူများ မြို့ကိုစွန့်ခွာ
စစ်ရေး သတင်း
1 min read
29

တိုက်ပွဲပြင်းလာ၍ ဖားကန့်ပြည်သူများ မြို့ကိုစွန့်ခွာ

September 20, 2024
0

(သတင်းတို) ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်များအကြား စစ်ရေးတင်းမာနေပြီး မြို့ခံပြည်သူများ စျေးဆိုင်များပိတ်ထားကာ စတင်ပြောင်းရွှေ့နေကြပြီဟု သိရသည်။ စက်တင်ဘာ လဆန်းပိုင်းမှစပြီး ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခဲ့ရာမှ ယခုအခါ မြို့ပေါ်တွင်ပါ စစ်ရေးတင်းမာလာနေသည်။ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လာသဖြင့် ပြည်သူများထိခိုက်သေဆုံးမှုများ ရှိလာ၍ ဖားကန့်မြို့ပြည်သူများမှာ စတင်တိမ်းရှောင်မှုများ လုပ်လာကြပြီး စျေးဆိုင်များမှာလည်း ပိတ်ထားကြသည်။ ဒေသပြည်သူတစ်ဦးက “ဒီကနေ့မှာပဲ KIA/KPDF တွေ မြို့ကို ဝိုင်းပတ်ထားတယ်။ ဖားကန့်မြို့ကတော့ တပ်လှန့်လိုက်တဲ့ အနေအထား ရောက်သွားပါပြီ။ မြို့နေလူထုလည်း အမြန်ဆုံး မြို့ကိုခွာနေကြပါတယ်။ အတော်များများ ကျန်နေပါသေးတယ်။ ကျန်နေသူတွေလည်း စိုးရိမ်စိတ်တွေနဲ့

Continue Reading
စစ်ကောင်စီ စစ်သင်္ဘော ၈ စီးကို KIA သိမ်းပိုက်ရရှိ
စစ်ရေး သတင်း
1 min read
45

စစ်ကောင်စီ စစ်သင်္ဘော ၈ စီးကို KIA သိမ်းပိုက်ရရှိ

September 20, 2024
0

(ဓါတ်ပုံသတင်း) မြန်မာစစ်တပ် (စစ်ကောင်စီ) ၏ တိုက်ခိုက်ရေး စစ်သင်္ဘော ၈ စီးကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ယင်းစစ်သင်္ဘောများကို ဖောက်ခွဲ ဖျက်ဆီးရန်သာရှိကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။ “ဗန်းမော် မြလယ်ဘက်မှာ စစ်သင်္ဘော ၄ စီးရတယ်။ ရွှေကူအထက် မြစ်ကျဉ်းမှာ ၂ စီးရတယ်။ ထီးချိုင့် မြတောင်မှာ ၂ စီးရတယ်။ စုစုပေါင်း ၈ စီးရတယ်။ ဖောက်ခွဲဖျက်ဆီးဖို့ပဲရှိပါတယ်” ဟု ဆိုသည်။ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်း ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်သို့ ဆန်တက်လာသော စစ်ကောင်စီသင်္ဘော ၇ စီးကို KIA

Continue Reading
သံတွဲကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံး ၂၆ လုံးလာကြဲ
စစ်ရေး သတင်း
1 min read
37

သံတွဲကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံး ၂၆ လုံးလာကြဲ

September 20, 2024
0

(သေဆုံးသူများရှိပြီး မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးလည်း တွေ့ရှိ) ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် အာဏာသိမ်း စစ်ကောင်စီသည် လေကြောင်းက တိုက်လေယာဉ်ဖြင့် သံတွဲမြို့နယ်ကို ဗုံး ၂၆ လုံးကို နှစ်ကြိမ် လာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ စစ်ကောင်စီ ကြဲချခဲ့သော ဗုံး ၂၆ လုံးမှာ ကျောက်ကြီးချောင်းဖျားပိုင်းရှိ အရပ်သားများနေထိုင်ရာ ကျောက်ကြီး၊ ဆိုးပုံ၊ ပေါက်တူး၊ မြို့ကွင်း စသည်ကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ရာ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း သတင်းရင်းမြစ်က ဆိုသည်။ သတင်းရင်းမြစ်တစ်ဦးက ” ပေါက်တူးရွာက အသက် ၃၂ နှစ်အရွယ် ကိုအောင်ဆန်းဦးနဲ့ အသက်

Continue Reading
မတော မင်္ဂလာဆောင် ဗုံးကြဲခံရမှု ၁၉ ဦးသေဆုံးဟု Myanmar Witness ထုတ်ပြန်
စစ်ရေး သတင်း
1 min read
69

မတော မင်္ဂလာဆောင် ဗုံးကြဲခံရမှု ၁၉ ဦးသေဆုံးဟု Myanmar Witness ထုတ်ပြန်

September 19, 2024
0

(သတင်းတို) ဇွန်လ ၃ ရက်နေ့က စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မတောကျေးရွာက မင်္ဂလာဆောင် ဗုံးကြဲခံရမှု ဖြစ်စဉ်တွင် ကလေးငယ်များအပါအဝင် သေဆုံးသူ ၁၉ ဦးရှိခဲ့ကြောင်း Myanmar Witness က အစီရင်ခံစာသစ်တစ်စောင် ယနေ့ စက်တင်ဘာလ ၁၉ ရက်တွင် ထုတ်ပြန်သည်။ မတောကျေးရွာက မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခဲ့သည်ဟု ဒေသခံများနှင့် ဒီမိုကရေစီအင်အားစုများက ပြောဆိုခဲ့ပြီး စစ်ကောင်စီက ငြင်းဆိုထားသော်လည်း Myanmar Witness က စစ်ကောင်စီက ကျူးလွန်ခြင်းဖြစ်သည်ဟု အတည်ပြုထားသည်။ ဗုံးကြဲခံရဖြစ်စဉ် ဖြစ်ဖြစ်ချင်းနှင့် ရက်ပိုင်းအတွင်းက သတင်းမီဒီယာများတွင် သေဆုံးသူ ၃၀ ဦးနှင့် ဒဏ်ရာရရှိသူ ၆၀ ဦးအထိ ရှိခဲ့ကြောင်း သတင်းဖော်ပြခဲ့ကြသော်လည်း

Continue Reading
စစ်ရေး သတင်း
1 min read
32

မန္တလေး PDF ၏ စစ်ဘေးအလှူ

September 19, 2024
0

(သတင်းတို) ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ဘေးရှောင်ခဲ့ရသော မိုးကုတ်မြို့နယ်ရှိ ကျေးရွာများအား ဆန်အိတ် ၅၀၀ နှင့် ငွေသား ကျပ်သိန်း ၁၅၀ မတည် လှူဒါန်းခဲ့ကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ စက်တင်ဘာလ ၁၉ ရက်တွင် ထုတ်ပြန်သည်။ မိုးကုတ်မြို့နယ်ရှိ အထက်ညောင်ကုန်းကျေးရွာ၊ အောက်ညောင်ကုန်းကျေးရွာ၊ ဖြူရောင်ကျေးရွာ၊ ကျောက်တလုံးကျေးရွာနှင့် လွယ်မွန်းကျေးရွာတို့မှ ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဆန် ၁ အိတ်နှင့် ငွေသား ၅၀,၀၀၀ ကျပ်နှုန်းဖြင့် ပေးအပ်လှူဒါန်းခဲ့ကြောင်း ဆိုသည်။ ဆန်အိတ်များကို အမှန်တကယ်လိုအပ်လျက်ရှိသော ပြည်သူများထံ လှူဒါန်းပေးခဲ့ကြောင်း မန္တလေး PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်) က ထုတ်ပြန်ထားသည်။

Continue Reading
AA သိမ်းပိုက်ထားသော ပုဏ္ဏားကျွန်းကို စစ်ကောင်စီ ဗုံးကြဲ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ
စစ်ရေး သတင်း
1 min read
66

AA သိမ်းပိုက်ထားသော ပုဏ္ဏားကျွန်းကို စစ်ကောင်စီ ဗုံးကြဲ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

September 19, 2024
0

အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေက စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပုဏ္ဏားကျွန်း-ရသေ့တောင် လမ်းဆုံတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ကူညီကယ်ရေးပြုလုပ်ခဲ့သူတစ်ဦးက ” ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီက ဗုံးလာကြဲတာ။ ပုဏ္ဏားကျွန်းမြို့အဝင် ရသေ့တောင်သွားလမ်း လမ်းဆုံမှာ ကျရောက်ပေါက်ကွဲခဲ့တယ်။ အဲနားမှာက ကယ်ရီဂိတ်လုပ်ထားတာလေ။ ခရီးသွားတွေနဲ့ လူတွေအများကြီးပဲရှိတယ်။ ” ဟု ပြောသည်။ အရပ်သား ၁ ဦးက နေရာ၌ သေဆုံးသွားပြီး

Continue Reading
MNDAA က NUG နှင့် စစ်ရေး၊ နိုင်ငံရေး မပူးပေါင်းဟု ကြေညာ
စစ်ရေး သတင်း
1 min read
61

MNDAA က NUG နှင့် စစ်ရေး၊ နိုင်ငံရေး မပူးပေါင်းဟု ကြေညာ

September 19, 2024
0

(သို့သော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ခွင့် ဆက်လက်ကိုင်စွဲမည်ဟုဆို) ကိုးကန့်တပ် MNDAA က အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်သော ကြေညာချက် ယမန်နေ့က ထွက်ပေါ်လာသည်။ မန္တလေးနှင့် တောင်ကြီးမြို့ကို NUG နှင့် ပူးပေါင်းကာ စစ်မြေပြင်များတိုးချဲ့ခြင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများကို ပြုလုပ်မည်မဟုတ်ကြောင်း MNDAA ၏ ကြေညာချက်က ဆိုသည်။ သို့သော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အား ဆက်လက်ကိုင်စွဲထားပြီး တရုတ်၏ ကြားဝင်စေ့စပ်ဖြေရှင်းခြင်းများကို တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားမည်ဟု MNDAA က ပြောသည်။ တရုတ်နိုင်ငံအနေဖြင့် လက်ရှိ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာသော မြန်မာနိုင်ငံ၏ အခြေအနေကို

Continue Reading
စစ်ကောင်စီ ပစ်သတ်၍ နှစ်ပတ်ကျော်အတွင်း အမျိုးသမီး ၂၈ ဦးသေဆုံး
စစ်ရေး သတင်း
1 min read
21

စစ်ကောင်စီ ပစ်သတ်၍ နှစ်ပတ်ကျော်အတွင်း အမျိုးသမီး ၂၈ ဦးသေဆုံး

September 18, 2024
0

နိုင်ငံတစ်ဝှမ်းတွင် အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် စက်တင်ဘာလ ၁ ရက်မှ ၁၇ ရက် နှစ်ပတ်ကျော်အတွင်း အမျိုးသမီး ၂၈ ဦး သေဆုံးခဲ့ရသည်ဟု AAPP က ထုတ်ပြန်ထားသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ သေဆုံးသူ အမျိုးသမီး ၂၈ ဦးကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်း ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ သေဆုံးသူ အမျိုးသမီး ၂၈ ဦးထဲက ၂၂ ဦးမှာ စစ်ကောင်စီ၏ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု AAPP က ဆိုသည်။ စက်တင်ဘာလ ၃ ရက်နေ့၊ နံနက်

Continue Reading