မတူပီမြို့က ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင် မဟာမိတ် သိမ်းပိုက်
စစ်ရေး
1 min read
202

မတူပီမြို့က ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင် မဟာမိတ် သိမ်းပိုက်

June 18, 2024
0

(ဟောင်ဝှစ်ဇာနှင့်အတူ လက်နက်အများအပြားသိမ်းဆည်းရမိ) ချင်းပြည်နယ် မတူပီမြို့က စစ်ကောင်စီ၏ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင် မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဟောင်ဝှစ်ဇာ အမြောက်နှင့်အတူ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ မတူပီမြို့ကို သိမ်းပိုက်ရရှိရန် ချင်းညီနောင်တပ်ဖွဲ့များ၊ မဟာမိတ်တပ်ဖွဲ့ AA နှင့် ယောတပ် YA တို့မှ ဇွန်လ ၉ ရက်နေ့ကစ၍ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဇွန်လ ၁၇ ရက်နေ့က စစ်ကောင်စီ ခမရ ၃၀၄ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး ကျန်တပ်ရင်းများကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ချင်းညီနောင်ပြန်ကြားရေးအဖွဲ့က ပြောဆိုထားသည်။ ချင်းညီနောင်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ” တစ်မြို့လုံးသိမ်းမိတာ မဟုတ်သေးဘူး။

Continue Reading
တောင်ကုတ်နယ်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ ကလေးအပါအဝင် ၃ ဦးသေဆုံး
စစ်ရေး
1 min read
306

တောင်ကုတ်နယ်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ ကလေးအပါအဝင် ၃ ဦးသေဆုံး

June 18, 2024
0

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ပန်းတင်းတိုက်နယ် ကံဆိပ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦး စုစုပေါင်း ၃ ဦး နေရာ၌ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ ဇွန်လ ၁၈ ရက် နံနက် ၁၀ နာရီကျော်အချိန်က အရပ်သားနေ ကံဆိပ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဒေသခံတစ်ဦးက ” အမျိုးသမီးကြီး တစ်ဦးသေတယ်။ ဆက်ကျော်သက် အမျိုးသမီးငယ်တစ်ဦး သေတယ်။ နောက် ကလေးလေးတစ်ယောက် အသက် ၇ နှစ်လောက်ရှိမယ် သေသွားပါတယ်။ ပြည်သူတွေနေတဲ့ရွာကို စစ်ကောင်စီက ရည်ရွယ်ချက် ရှိရှိနဲ့ ဗုံးကြဲတာ။ ဒီရွာမှာ တိုက်ပွဲလည်းမရှိဘူး။

Continue Reading
တောင်ကုတ်မြို့ထဲ ဗုံးခိုကျင်း တူးခွင့် စစ်ကောင်စီ ပိတ်ပင်
စစ်ရေး
1 min read
153

တောင်ကုတ်မြို့ထဲ ဗုံးခိုကျင်း တူးခွင့် စစ်ကောင်စီ ပိတ်ပင်

June 18, 2024
0

(စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေ) ရခိုင်ပြည် တောင်ကုတ်မြို့တွင် ကျန်ရှိနေသေးသည့် ပြည်သူများ ဗုံးခိုကျင်းတူးပြီး လက်နက်ကြီးအန္တရာယ်ကာကွယ်ရေး အစီအစဉ် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကန့်သတ်ပိတ်ပင်နေကြောင်း စုံစမ်းသိရသည်။ တောင်ကုတ်မြို့အနီး တိုက်ပွဲဖြစ်ပွားခြင်းကြောင့် မြို့ခံအများစုမှာ ဘေးကင်းရာနေရာများနှင့် လွတ်မြောက်နယ်မြေသို့ သွားရောက်ခိုလှုံနေကြပြီး အနည်းစုမှာ မြို့ထဲ၌ ဗုံးခိုကျင်းတူးပြီး လက်နက်ကြီးအန္တရာယ်ကို ရှောင်ရန် ပြင်ဆင်နေကြသည်။ မြို့ထဲကျန်နေမည့် တောင်ကုတ်ဒေသခံတစ်ဦးက ” မိသားစုကိုတော့ တိုက်ပွဲနဲ့ ဝေးရာကို ပို့လိုက်ပါပြီ။ ကျနော်က အိမ်စောင့်ကျန်နေခဲ့မလို့။ တခြားသူတွေနဲ့လည်း အဖော်ရတော့လေ။ အဲဒါ ဗုံးခိုကျင်း အိမ်မှာတူးတာပေါ့။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက မတူးရဘူး။ ဗုံးခိုကျင်းတူးရင် ဖမ်းမယ်လို့ ပြောနေတယ်။ တချို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်းရှိနေသေးတယ်။

Continue Reading
AA ထံ လက်နက်ချအညံ့ခံမည့် မောင်တော နခခ ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီအရာရှိများက ပါးရိုက်
စစ်ရေး သတင်း
1 min read
443

AA ထံ လက်နက်ချအညံ့ခံမည့် မောင်တော နခခ ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီအရာရှိများက ပါးရိုက်

June 18, 2024
0

ရခိုင်ပြည် မောင်တောမြို့နယ်ရှိ စစ်ကောင်စီ လက်ကျန်စခန်းများက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ အာရက္ခတပ်တော် AA ထံ လက်နက်ချ အညံ့ခံရန် အောက်ခြေတပ်ဖွဲ့ဝင်များ အထက်လူကြီးနှင့်ညှိနှိုင်းမှုရှိနေကြောင်း နခခ မိသားစုဝင်များထံမှ သိရသည်။ လာရောက်ညှိနှိုင်းသော အောက်ခြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီ အထက်အရာရှိများက ပါးရိုက်ပြီး ပြန်လွှတ်လိုက်ကြောင်း နခခ ရဲတပ်သား အမျိုးသမီးတစ်ဦးက ပြောသည်။ ” နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက စစ်တိုက်ဖို့ မောင်တော သွားတာမဟုတ်ဘူး။ တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးယူဖို့ သွားတာပါ။ စစ်တိုက်ချင်တာမဟုတ်ဘူး။ အထက်က အမိန့်အရသာ မဖြစ်သာလို့ တိုက်နေရတာ။ သေဖို့ကို အားလုံးက ကြောက်နေကြတယ်။ AA ကို တိုက်လို့လည်း နိုင်မှာမဟုတ်ဘူး။ ဒါ့ကြောင့် အထက်လူကြီးတွေနဲ့ AA ဆီမှာ

Continue Reading
မတူပီမြို့ကို သိမ်းပိုက်ရန် ချင်းညီနောင် စစ်ဆင်ရေးစတင်၊ AA လည်းပါဝင်ဟု သိရ
စစ်ရေး
1 min read
41

မတူပီမြို့ကို သိမ်းပိုက်ရန် ချင်းညီနောင် စစ်ဆင်ရေးစတင်၊ AA လည်းပါဝင်ဟု သိရ

June 4, 2024
0

ချင်းပြည်နယ် မတူပီမြို့ကို သိမ်းပိုက်နိုင်ရန် ချင်းညီနောင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ဆင်ရေးစတင်နေပြီဟု ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။ မတူပီမြို့ထဲက စစ်ကောင်စီတပ်ခန်းများကို မကွေးတိုင်းအခြေစိုက် ယောတပ် YA နှင့် အခြားသော မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိသည်ဟု ချင်းညီနောင်များက ပြောဆိုထားပြီး အာရက္ခတပ်တော် AA လည်းပါဝင် တိုက်ခိုက်ပေးနေသည်ဟု နီးစပ်သူများထံမှ သိရသည်။ လက်ရှိတွင် မတူပီမြို့အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်လျှက်ရှိပြီး ချင်းညီနောင်တော်လှန်ရေး ပူးပေါင်းတပ်က မတူပီရဲစခန်းနှင့် ထွေအုပ်ရုံးကို သိမ်းလိုက်ပြီဟုလည်း သတင်းများထွက်ပေါ်နေသည်။ ချင်းပြည်ထဲက မကွီးအိမ်နူး၊ ကျင်ဒွေး၊ ဝေဘူလ၊ ရိဒ်ခေါဒါရ်၊ နှာရိန်နှင့် ဆူခွာမြို့ စသည့် မြို့များကို ချင်းညီနောင်တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်ထားပြီဖြစ်သည်။ပုံစာ – မတူပီမြို့

Continue Reading