စစ်တွေနှင့် ကျောက်ဖြူတွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ဆောက်လုပ်နေ
ရိုးရာဓလေ့
1 min read
422

စစ်တွေနှင့် ကျောက်ဖြူတွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ဆောက်လုပ်နေ

April 6, 2024
1

ရခိုင်ပြည် ကျောက်ဖြူနှင့် စစ်တွေမြို့တွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်များ စတင်ဆောက်လုပ်နေပြီဟု ဒေသခံများကပြောသည်။ ကျောက်ဖြူတွင် သင်္ကြန်မဏ္ဍပ်ကို ပင်လယ်ကမ်းနားလမ်းဘက်တွင် ဆောက်လုပ်နေကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။ ” မဏ္ဍပ်ဆောက်နေတာ ၃ ရက်လောက်ရှိပြီ။ ကမ်းနားလမ်းဘက်မှာ ဆောက်နေတာပါ။ လူလည်းမရှိဘဲ ဘယ်သူနဲ့များ သင်္ကြန်ကျမလဲမသိပါဘူး။ ကျောက်ဖြူကလူတွေက စစ်ဖြစ်မှာတွေကြောက်တာကြောင့် မြို့ကနေထွက်သွားကြတာ မြို့မှာလူတွေတောင် သိပ်မကျန်တော့ဘူး” ဟု ပြောသည်။ စစ်တွေမြို့တွင်လည်း မဏ္ဍပ်ကို ပြည်နယ်အစိုးရရုံးရှေ့တွင် ဆောက်လုပ်နေပြီး ပြီးစီးမှုမရှိသေးဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။ ” မဏ္ဍပ်ဆောက်နေကြတယ်။ ပြီးတော့မပြီးသေးဘူး။ ဒီနေ့လည်း ဆက်ဆောက်နေကြတာတွေ့တယ်။ ဘယ်ဖျော်ဖြေမှုတွေပါလဲတော့ သေချာလည်းမသိပါဘူး။ မဏ္ဍပ်ဆောက်နေကြတာပဲတွေ့တာ” ဟု ပြောသည်။ စစ်ကောင်စီက ရခိုင်တွင် ရိုးရာသင်္ကြန်ကျင်းပနိုင်ရန် ပြီးခဲ့သည့်

Continue Reading