ရခိုင်က စစ်ရှောင်ကလေးငယ်အများစု ပညာသင်ကြားခွင့် ဆုံးရှုံးနေ
စစ်ရေး ပညာရေး သတင်း
1 min read
31

ရခိုင်က စစ်ရှောင်ကလေးငယ်အများစု ပညာသင်ကြားခွင့် ဆုံးရှုံးနေ

September 5, 2024
0

ရခိုင်ပြည် လွတ်မြောက်နယ်များတွင် စစ်ရှောင်ကလေးငယ်များ အရေအတွက်ကို အတိအကျ မသိရသော်လည်း ထောင်နှင့်ချီသော ကလေးငယ်များမှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေကြကြောင်း စုံစမ်းသိရသည်။ ရခိုင်က လွတ်မြောက်နယ်များတွင် စစ်ကောင်စီ လေကြောင်းအန္တရာယ်ကြောင့် ပညာသင်ကြားရေးကို စာသင်ကျောင်းများ၌ ဖွင့်လှစ်သင်ကြားခြင်းကို ယာယီရပ်ဆိုင်းကာ ကျူရှင်ပုံစံမျိုး အုပ်စုလိုက်ခွဲ၍ နေရာသတ်မှတ်ကာ သင်ကြားပေးနေကြသည်။ ထိုသို့ သင်ကြားမှုပုံစံမှာ ကျောင်းသား၊ ကျောင်းသူ ၆၀ ဦးပါသော အုပ်စုတစ်စုကို ဆရာ၊ ဆရာမ အနည်းဆုံး ၆ ဦးက သင်ကြားရပြီး ကျောင်းသား၊ ကျောင်းသားသူများက လစဉ် အခကြေးငွေပေးရသည်။ ရခိုင်ကျောင်းဆရာအသိုင်းအဝိုင်းထဲက တစ်ဦးက ” စစ်ကောင်စီ လေကြောင်းအန္တရာယ်ကြောင့် စာသင်ကျောင်းတွေ မဖွင့်လှစ်နိုင်ပေမယ့် ကလေးတွေအတွက် ပညာသင်လို့ရအောင် ကျူရှင်ပုံစံမျိုး

Continue Reading
ရခိုင်မှာ ဗလာစာအုပ် တစ်ဒါဇင်ကို ကျပ် ၅ သောင်းအထိ ဈေးကြီးနေလို့ ကျောင်းသားတွေအခက်ကြုံနေ
ပညာရေး ဗီဒီယိုသတင်း သတင်း
1 min read
431

ရခိုင်မှာ ဗလာစာအုပ် တစ်ဒါဇင်ကို ကျပ် ၅ သောင်းအထိ ဈေးကြီးနေလို့ ကျောင်းသားတွေအခက်ကြုံနေ

September 3, 2024
1

Continue Reading
ရခိုင်မှာ ဗလာစာအုပ် တစ်ဒါဇင် ကျပ် ၅ သောင်းအထိ ဈေးကြီးနေ၍ ကျောင်းသားများအခက်ကြုံနေ
စီးပွားရေး ပညာရေး သတင်း
1 min read
104

ရခိုင်မှာ ဗလာစာအုပ် တစ်ဒါဇင် ကျပ် ၅ သောင်းအထိ ဈေးကြီးနေ၍ ကျောင်းသားများအခက်ကြုံနေ

September 3, 2024
0

ရခိုင်ပြည်က မြို့ ၈ မြို့ဖြစ်သည့် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တော ဒေသတို့တွင် ကျောင်းသုံး ဗလာစာအုပ် တစ်ဒါဇင်ကို ကျပ် ၃၀,၀၀၀ ကနေ ကျပ် ၅၀,၀၀၀ အထိ ဈေးကြီးနေ၍ ကျောင်းသားကျောင်းသူများမှာ စာအုပ်မဝယ်နိုင်သည့် အခက်အခဲကို ကြုံတွေ့နေရသည်ဟု ကျောင်းသားမိဘများထံမှ သိရသည်။ အဆိုပါဒေသက မိဘများမှာ ကလေးငယ်များအား ကျောင်းဆက်လက်ထားရန် ခက်ခဲနေကြောင်းနှင့် အိမ်တစ်အိမ်တွင် ကျောင်းတက်ရမည့်အရွယ် ၂ ဦးကနေ ၃ ဦးအထိရှိနေသော်လည်း စာရေးကိရိယာများဈေးကြီး၍ ကလေးငယ် တစ်ဦးကိုသာ ကျောင်းထားပေးနိုင်တော့သည်ဟု အမည်မဖော်လိုသည့် ကျောက်တော်ဒေသခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။ “ဒီနှစ်တစ်ယောက်က Grade-

Continue Reading
ခေါင်းလောင်းထိုးသံ မညံလေတော့ …
ဆောင်းပါး ပညာရေး
1 min read
154

ခေါင်းလောင်းထိုးသံ မညံလေတော့ …

August 26, 2024
0

မုတ်သုန်လေနှင့်အတူ ဘယ်ညာယိမ်းက နေသောမြစိမ်းရောင် စပါးခင်းများက မိုးရာသီနှင့်အညီကြည့်ကောင်း နေသည်။ ယင်းအထဲတွင် တီချပ်အမဲနှင့် အားကစား ဘောင်းဘီတို အနီကိုဝတ် ထားပြီး ရွှံ့ပေကျံနေသည့် လူ ငယ်တစ်ဦး ပျိုးနှုတ်ကောက်စိုက်အလုပ်နှင့် နပန်းလုံးနေသည်။ “ကျောင်းမတက်ရတော့ မိဘလုပ်ငန်းခွင်ကို ဝင်ကူရတာ။ မလုပ်ချင်လုပ်လည်း မတတ်နိုင်တော့ လုပ်ရတာပဲ” ဟု ရွှံ့စက်ပေကျံနေသည့် မျက်နှာကို လက်နှင့် ပွတ်သိပ်ရင်း Western News ကို ပြောနေရှာသည်။ “နွားကျောင်း လယ်ထွန် ပျိုးစိုက်တယ်။ ကွမ်းခင်းမှာ ဝင်ကူတယ်။ ကျနော် မကူရင် သိတဲ့အတိုင်းပဲ ဒီကာလမှာ စားဝတ်နေရေး က မလွယ်ဘူး” ဟု ခပ်တည်တည်မျက်နှာထားနှင့် မရယ်၊ မပြုံးနိုင်ပြောသည်။ ထိုလူငယ်မှာ မောင်ခိုင်လင်းဖြစ်သည်။

Continue Reading
ဝန်ကြီးချုပ်ဟောင်း သက်ဆင်သမီး ထိုင်းဝန်ကြီးချုပ်ဖြစ်လာ
ပညာရေး သတင်း
1 min read
83

ဝန်ကြီးချုပ်ဟောင်း သက်ဆင်သမီး ထိုင်းဝန်ကြီးချုပ်ဖြစ်လာ

August 17, 2024
0

(ထိုင်းဝန်ကြီးချုပ်သမိုင်း အသက်အငယ်ဆုံးဟုဆို) ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီး အသက် ၃၇ နှစ်အရွယ်ရှိPaetongtarn Shinawatra (ပေထောင်တန် ရှင်နာဝပ်ထရာ) သည် ထိုင်းဝန်ကြီးချုပ်ဖြစ်လာကြောင်း သိရသည်။ အာဏာရညွန့်ပေါင်းပါတီများက ဝန်ကြီးချုပ်လောင်းအဖြစ် Paetongtarn ကို လွှတ်တော်တွင် အမည်စာရင်းတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက ယနေ့ ဩဂုတ်လ ၁၆ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ Paetongtarn မှာ ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရသည်။ ကျင့်ဝတ်ဖောက်ဖျက်မှုနှင့် ဝန်ကြီးချုပ် Srettha Thavisin ကို ရာထူးမှ ဖယ်ရှားပြီးနောက် ထိုင်း ဝန်ကြီးချုပ်အသစ်နေရာ သက်ဆင်သမီးကို အာဏာရ ညွန့်ပေါင်းပါတီများက အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။ Paetongtarn Shinawatra သည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်ပြီး အသက်

Continue Reading
အမ်းမြို့နယ်က ပညာရေးဝန်ထမ်းများ ဇူလိုင်အတွက် လစာမရသေး
ပညာရေး သတင်း
0 min read
70

အမ်းမြို့နယ်က ပညာရေးဝန်ထမ်းများ ဇူလိုင်အတွက် လစာမရသေး

August 7, 2024
0

ရခိုင်ပြည် အမ်းမြို့နယ်က ပညာရေးဝန်ထမ်းများမှာ ကုန်ခဲ့သည့် ဇူလိုင်လအတွက် သတ်မှတ်လစာ မရရှိသေးကြောင်း ပညာရေးဝန်ထမ်းများက ပြောသည်။ ဇူလိုင်လအတွက် သတ်မှတ်လစာကို အမ်းမြို့နယ်ရှိ တခြားဌာနဆိုင်ရာဝန်ထမ်းများမှာ ရရှိပြီးဖြစ်သော်လည်း ပညာရေးဝန်ထမ်းများမှာ မရရှိသေးကြောင်း အမ်းမြို့နယ်မှ ကျောင်းဆရာတစ်ဦးက ပြောသည်။ ” ကျန်တဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ လစာရပြီးပါပြီ။ ပညာရေးဌာနက သူတွေပဲ မရတာ။ လစာက မရောက်သေးတာကြောင့် မရတာလို့ကြားတယ်။ ရတော့ရမယ်လို့ ပြောတာပဲ” ဟုပြောသည်။ လစာမှာ သတ်မှတ်ချိန်အတွင်း မရရှိသည့်အတွက် ဝန်ထမ်းများအနေဖြင့် အခက်ခဲများဖြစ်ပေါ်လျှက်ရှိသည်ဟု ပညာရေးဝန်ထမ်းများက ဆိုသည်။ “လစာ ရချိန်တန်လို့ မရသေးတော့ ခက်ခဲတာပေါ့။ တချို့ဆို လစာကိုပဲ မှီခိုပြီး စားသောက်နေကြရတာတွေ ရှိတယ်။ သူတို့အတွက်ဆို

Continue Reading
စစ်ကောင်စီ ဖမ်းဆီးသွားသည့် အမ်းက အလယ်တန်းပြ ကျောင်းဆရာ မိသားစုနှင့် အဆက်အသွယ်မရသေး
ပညာရေး သတင်း
1 min read
149

စစ်ကောင်စီ ဖမ်းဆီးသွားသည့် အမ်းက အလယ်တန်းပြ ကျောင်းဆရာ မိသားစုနှင့် အဆက်အသွယ်မရသေး

July 29, 2024
1

ရခိုင်ပြည် အမ်းမြို့နယ် အမှတ် ၂ ရပ်ကွက်မှ အလယ်တန်းပြ ကျောင်းဆရာတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၂၃ ရက်နေ့က ဖမ်းဆီးသွားပြီး မိသားစုဝင်များမှာ ယခုအချိန်အထိ အဆက်အသွယ် မရသေးကြောင်း သိရသည်။ ဖမ်းဆီးခံရသည့် ကျောင်းဆရာမှာ အမှတ် ၂ ရပ်ကွက်နေ အသက် ၄၀ အရွယ်ရှိ ဦးတင်မိုးထွန်းဖြစ်ပြီး မိသားစုဝင်များကို စစ်ကောင်စီက အကြောင်းကြားမှု လုံးဝမရှိသေးကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။ “၂၃ ရက် မနက်ပိုင်းက ဖမ်းသွားတာပါ။ အိမ်က ဖမ်းသွားတာတော့ မဟုတ်ဘူး။ သူ့ကို ရဲစခန်းကဆင့်ခေါ်တယ်။ ပြီးတော့ ပြန်မလွှတ်ဘဲ ဖမ်းထားလိုက်တာ။ အခု ရဲစခန်းမှာလည်း မရှိဘူး။ စခန်းကနေ ဘယ်ကို ယူသွားလဲ

Continue Reading
ရခိုင်က တက္ကသိုလ်များတွင် ကျောင်းတက်သူ ၁ ရာခိုင်နှုန်းသာရှိ
ပညာရေး သတင်း
1 min read
109

ရခိုင်က တက္ကသိုလ်များတွင် ကျောင်းတက်သူ ၁ ရာခိုင်နှုန်းသာရှိ

July 15, 2024
0

ရခိုင်ပြည်မှ တက္ကသိုလ်ကျောင်းများတွင် ကျောင်းတက်ရောက်သူ ကျောင်းသား/သူဦးရေမှာ ၁ ရာခိုင်နှုန်းသာရှိကြောင်း တက္ကသိုလ်အသိုင်းအဝိုင်းမှ သိရသည်။ ရခိုင်က တက္ကသိုလ်ကျောင်းအများစုမှာ စစ်ကောင်စီထိန်းချုပ်မြို့များတွင် ရှိနေဆဲဖြစ်ပြီး စစ်တွေ၊ တောင်ကုတ်မြို့တို့တွင် ရှိနေကြ၍ စစ်ကောင်စီက တက္ကသိုလ်များကို ဖွင့်လှစ်ထားသည်။ စစ်တွေတက္ကသိုလ်တွင် နေ့သင်တန်း (Day) နှင့် အဝေးသင် (UDE) မေဂျာအချို့ ကျောင်းတက်ရောက်ချိန်ဖြစ်ပြီး လက်ရှိ ကျောင်းတက်ရောက်နေသူ ဦးရေမှာ ၁ ရာခိုင်နှုန်းခန့်သာရှိကြောင်း စစ်တွေတက္ကသိုလ် ဆရာမတစ်ဦးက ပြောသည်။ “ကျောင်းဖွင့်တော့ တစ်ယောက်စ နှစ်ယောက်စ တက်ကြပါတယ်။ စာသင်ခန်းတစ်ခန်းမှာ တစ်ယောက်၊ နှစ်ယောက်လောက်ပဲ ရှိတယ်။ ကျောင်းတက်ရောက်တဲ့ ရာခိုင်နှုန်းက ၁ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ အခုက နေ့သင်တန်းတွေ တက်နေတယ်။ အဝေးသင်ကကျတော့

Continue Reading
စစ်ရေးကြောင့် အလှူရှင်မရှိတော့၍ စစ်တွေမြိုက မိဘမဲ့ကလေးဟာ ရပ်တည်ရ ခက်ခဲနေ
ပညာရေး ဗီဒီယိုသတင်း
1 min read
195

စစ်ရေးကြောင့် အလှူရှင်မရှိတော့၍ စစ်တွေမြိုက မိဘမဲ့ကလေးဟာ ရပ်တည်ရ ခက်ခဲနေ

July 6, 2024
2

Continue Reading
အလှူငွေထောက်ပံ့မှု နည်းလာ၍ ABC မိဘမဲ့ဂေဟာ ရပ်တည်ရ ခက်ခဲလာ
ပညာရေး သတင်း
1 min read
388

အလှူငွေထောက်ပံ့မှု နည်းလာ၍ ABC မိဘမဲ့ဂေဟာ ရပ်တည်ရ ခက်ခဲလာ

July 5, 2024
0

ရခိုင်ပြည် စစ်တွေမြို့ရှိ ABC မိဘမဲ့ကလေးဂေဟာမှာ အလှူငွေထောက်ပံ့မှုများ အလွန်နည်းပါးလာ၍ ရပ်တည်ရေးအခက်ခဲများ ရှိနေသည်ဟု ဂေဟာတာဝန်ရှိသူများက ပြောသည်။ ယခင် အလှူငွေထောက်ပံ့နေကျဖြစ်သူများမှာ ဒေသမတည်ငြိမ်သည့် အခြေနေများကြောင့် မိမိနေထိုင်ရာဒေသများမှ တိမ်းရှောင်လျှက်ရှိနေကြပြီး အလှူငွေများ မထည့်ဝင်ပေးကြတော့ဟု ဂေဟာအုပ်ချုပ်ရေးမှူး ဦးလှဝင်းကျော်က ပြောသည်။ ” အလှူငွေနဲ့ ရပ်တည်နေတဲ့ အဖွဲ့အစည်းဆိုတော့ အလှူရှင်တွေ မရောက်ရင် ခက်ခဲလာတာပါပဲ။ အခုက အလှူရှင်တွေလည်း မရောက်နိုင်၊ အလှူငွေတွေလည်း မရနိုင်တဲ့အပြင် လစဉ်ကြေးတွေလည်း ကောက်မရဘူးဖြစ်နေတယ်။ ပြီးတော့ ရာသက်ပန်အလှူရှင်တွေကလည်း မရှိတော့တာကြောင့် တော်တော်ခက်ခဲနေတယ်။ အလှူရှင်တွေကတော့ ဒီမြို့မှာ မနေတော့ဘဲ တိမ်းရှောင်သွားကြတာကြောင့် မရောက်ကြတာမျိုးပါ” ဟု ပြောသည်။ ယခင် ဒေသတည်ငြိမ်စဉ်က ABC မိဘမဲ့ကလေးဂေဟာကို

Continue Reading