KNU ဒုဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန် ကင်ဆာဖြင့် ကွယ်လွန်
ကျန်းမာရေး သတင်း
1 min read
229

KNU ဒုဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန် ကင်ဆာဖြင့် ကွယ်လွန်

July 24, 2024
0

ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဌဟောင်း လက်ရှိအကြံပေးဖြစ်သူ ပဒိုနော်စီဖိုးရာစိန် ကင်ဆာရောဂါဝေဒနာဖြင့် ယနေ့ ဇူလိုင်လ ၂၄ ရက် နေ့လယ် ၂ နာရီကျော်အချိန်တွင် ကွယ်လွန်သွားကြောင်း သိရသည်။ KNU ခေါင်းဆောင်ဟောင်း ပဒိုနော်စီဖိုးရာစိန်မှာ ကွယ်လွန်ချိန် အသက် ၆၉ နှစ်ရှိပြီး ထိုင်း-မြန်မာနယ်စပ်ရှိ နေအိမ်၌ ကွယ်လွန်သွားခြင်းဖြစ်သည်။ ပဒိုနော်စီဖိုးရာစိန်သည် KNU ဥက္ကဌဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီး စောတာမလာဘော၏ သားသမီး ၈ ဦးထဲမှ ၄ ဦးမြောက် သမီးဖြစ်ပြီး ကရင့်တော်လှန်ရေးတွင် အမျိုးမျိုးသော တာဝန်ကို ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။ KNU ၏ ၁၄ ကြိမ်မြောက်ကွန်ဂရက်တွင် အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ပေး ခံခဲ့ရသလို ၁၅ ကြိမ်မြောက်

Continue Reading
ရခိုင်မှာ ဆေးဝါးပြတ်လပ်မှု အဆိုးဆုံးအခြေအနေသို့ ရောက်ရှိ
ကျန်းမာရေး သတင်း
1 min read
155

ရခိုင်မှာ ဆေးဝါးပြတ်လပ်မှု အဆိုးဆုံးအခြေအနေသို့ ရောက်ရှိ

July 23, 2024
0

(နာတာရှည်ဝေဒါနာရှင်များ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ) ရခိုင်ပြည်အတွင်း ဆေးဝါးပြတ်လပ်မှုမှာ အဆိုးဆုံးအခြေအနေသို့ ရောက်ရှိနေပြီဟု လူနာများနှင့် ဆေးဆိုင်များထံမှ သိရသည်။ ဆေးဝါးပြတ်လပ်မှုကြောင့် အရေးပေါ်လူနာများနှင့် နာတာရှည်ရောဂါဝေဒနာရှင်များဖြစ်သော အာရုံကြော၊ နှလုံး၊ သွေးကင်ဆာ၊ လည်ပင်းကင်ဆာ၊ အသဲ၊ ကျောက်ကပ်နှင့် HIV ပိုး ရောဂါသည်များ အဓိက ခံစားနေရသည်ဟု စုံစမ်းသိရသည်။ အာရုံကြော အားနည်းရာကနေ ဆေးဝါးပြတ်လပ်မှုနှင့် ဆရာဝန်များဖြင့် မကုသရ၍ ကျန်းမာရေးအလွန်ဆိုးရွာနေသည်ဟု အဖေဖြစ်သူ၏ ဝေဒနာကို သမီးဖြစ်သူက ပြောပြသည်။ ” အာရုံကြောက အားနည်းရာကနေ အခု အားပျော့တဲ့ အဆင့်ရောက်သွားပြီ။ ဆေးက ရှာလို့ မရဘူး။ ပုံမှန်သောက်တဲ့ ဆေးအမျိုးအစားက ရှာမရတော့ အာနိသင်တူ ကုမ္ပဏီမတူတဲ့ ဆေးကို

Continue Reading
ရခိုင်မှာ ဆေးဝါးပြတ်လပ်မှု ဆိုးရွားပြီး နာတာရှည်ဝေဒနာရှင်များ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရ
ကျန်းမာရေး ဗီဒီယိုသတင်း သတင်း
1 min read
145

ရခိုင်မှာ ဆေးဝါးပြတ်လပ်မှု ဆိုးရွားပြီး နာတာရှည်ဝေဒနာရှင်များ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရ

July 23, 2024
1

Continue Reading
တစ်ဒေါ်လာ ကျပ် ၅၀၀၀ ရောက်ရှိ၊ အခေါက်ရွှေဈေး ကျပ်သိန်း ၆၀ ဝန်းကျင်ရှိနေ
ကျန်းမာရေး သတင်း
1 min read
159

တစ်ဒေါ်လာ ကျပ် ၅၀၀၀ ရောက်ရှိ၊ အခေါက်ရွှေဈေး ကျပ်သိန်း ၆၀ ဝန်းကျင်ရှိနေ

July 12, 2024
1

ပြည်တွင်း စီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၅၀၀၀ သို့ ရောက်ရှိနေပြီး အခေါက်ရွှေစျေးနှုန်းမှာ ငွေကျပ် သိန်း ၆၀ ဝန်းကျင်ရှိကြောင်း စုံစမ်းသိရသည်။ ရန်ကုန်မြို့မှ နိုင်ငံခြားငွေလဲ လက်ကြီးဒိုင်က “တစ်ဒေါ်လာကို ၄၉၆၀ နဲ့ ၅၀၀၀ အကြားရှိတယ်။ ၅၀၀၀ ရောက်သွားပြီလို့ ပြောလို့ရတယ်။ ထိုင်းတစ်ဘတ်ကို အခုက ၁၃၈ ကျပ် ကျော်ရှိနေပြီ။ ဒေါ်လာရော ဘတ်ရော စံချိန်တင်ပဲ။ အဝယ်ချည်းပဲ အရောင်းလုံး၀ မရှိဘူး” ဟု ပြောသည်။ ရွှေစျေးကွက်တွင် ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၄၀၈ တွင်ရှိနေပြီး မြန်မာ့ရွှေစျေးနှုန်းမှာ ၅၉ သိန်း ၃ သောင်းနှင့် သိန်း ၆၀

Continue Reading
ပုဏ္ဏားကျွန်းမှာ စစ်ရှောင်ကလေးငယ်များ တုပ်ကွေးနှင့် ဝမ်းရောဂါဖြစ်နေ
ကျန်းမာရေး သတင်း
1 min read
37

ပုဏ္ဏားကျွန်းမှာ စစ်ရှောင်ကလေးငယ်များ တုပ်ကွေးနှင့် ဝမ်းရောဂါဖြစ်နေ

July 11, 2024
0

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင်နေကြသည့် ကလေးငယ်များ တုပ်ကွေးနှင့် ဝမ်းရောဂါ ဖြစ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးသူများက ပြောသည်။ မိုးရာသီကာလ သန့်ရှင်းသော ပတ်ဝန်းကျင်မှာ မနေရခြင်း၊ တကိုယ်ရည်သုံး ပစ္စည်းများလုံလောက်စွာမရှိခြင်းတို့ကြောင့် ကလေးငယ်အများစု ရောဂါဖြစ်နေကြသည်ဟု စစ်ရှောင်ကူညီရေးအဖွဲ့ လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အများအားဖြင့် မြေပေါ်မှာပဲ တဲတွေထိုးပြီး ဖြစ်သလို နေကြရပါတယ်။ ပတ်ဝန်းကျင်နဲ့ သောက်သုံးရေ သန့်ရှင်းမှုမရှိကြဘူး။ ခြင်တွေ တအားများတယ်။ ခြင်ထောင်တွေလည်း အလုံလောက်မရှိကြတော့ ခြင်ကိုက်ပြီး တုတ်ကွေး အဖြစ်များကြပါတယ်။ ဝမ်းပျက်ဝမ်းလျှော့ရောပဲ တော်တော်ဖြစ်ကြတယ်။ ဆေးဝါးတွေကလည်း အလုံလောက်မပေးနိုင်ဘူး။ ကျနော်တို့လည်း တတ်နိုင်သလောက် ကူပေးနေပေမယ့် မလုံလောက်နိုင်ဘူး ဖြစ်နေပါတယ်” ဟုပြောသည်။ ဝမ်းပျက်ဝမ်းလျှော့နှင့် တုပ်ကွေးဖြစ်နေသည့် ကလေးငယ်များမှာ အသက်

Continue Reading
သံတွဲမှာ စစ်ရှောင်အမျိုးသမီးများ လစဉ်သုံးပစ္စည်း အရေးတကြီးလိုအပ်နေ
ကျန်းမာရေး သတင်း
1 min read
139

သံတွဲမှာ စစ်ရှောင်အမျိုးသမီးများ လစဉ်သုံးပစ္စည်း အရေးတကြီးလိုအပ်နေ

June 29, 2024
0

ရခိုင်ပြည် သံတွဲမြို့နယ်က စစ်ရှောင်စခန်း အနည်းဆုံး ၁၆ ခုက အမျိုးသမီးများမှာ လစဉ်သုံးပစ္စည်း အရေးတကြီးလိုအပ်နေသည်ဟု ကာယကံရှင်များနှင့် အကူအညီပေးနေသူများထံမှ သိရသည်။ စစ်ရှောင်စခန်း ၁၆ ခုမှာ လူဦးရေ ၂၀၀၀ ကျော်ရှိသည့်အနက် ၁၀၀၀ ကျော်မှာ အမျိုးသမီးများဖြစ်နေ၍ လစဉ်သုံးပစ္စည်းများ အရေးတကြီးလိုအပ်နေသည်ဟု ကူညီဆောင်ရွက်ပေးနေသူ ကိုတေဇာအောင်က ပြောသည်။ ” ပြီးခဲ့တဲ့ တစ်ပတ်က ကျနော်တို့ လုပ်ထားတဲ့ စာရင်းအရဆိုရင် စစ်ရှောင်စခန်း ၁၆ ခုမှာ လူဦးရေ ၂၀၀၀ ကျော်ရှိတယ်။ အဲဒီထဲမှာမှ အမျိုးသမီးဦးရေက ၁၀၀၀ ကျော်တယ်ပေါ့နော်။ ပြောရရင် ၆၀ ရာခိုင်နှုန်းလောက် အမျိုးသမီးဖြစ်နေတယ်။ အဲဒီထဲမှာမှ အရွယ်ကောင်းအမျိုးသမီးတွေပါတယ်။ ပြီးတော့ လကုန်ခါနီးဖြစ်တဲ့အတွက်ကြောင့်မို့လို့

Continue Reading
ရခိုင်မှာ ဆေးဝါး ပြတ်လပ်သွားပြီ
ကျန်းမာရေး သတင်း
1 min read
195

ရခိုင်မှာ ဆေးဝါး ပြတ်လပ်သွားပြီ

June 29, 2024
0

ရခိုင်ပြည်မှာ အရေးပေါ်လူနာများနှင့် နာတာရှည်ရောဂါဝေဒနာခံစားရသူများ အသုံးပြုရသော ဆေးဝါးများ လုံးဝ ပြတ်လပ်သွားပြီဟု လူနာများနှင့် ဆေးဆိုင်များက ပြောဆိုကြသည်။ လူနာတစ်ဦးအတွက် လိုအပ်သည့်ဆေးဝါးများကို တစ်မြို့လုံးရှိဆေးဆိုင်တိုင်းနီးပါးတွင် ဝယ်ယူသော်လည်း စုံလင်စွာမရရှိနိုင်တော့သည့် အခြေနေမျိုးအထိ ဖြစ်နေသည်ဟု စစ်တွေမှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ “ဆေးဝါးတွေက တော်တော်ကို ပြတ်နေတာပါ။ ဆေးဝါးသယ်လို့ရမယ့် လမ်းကြောင်းကို မရှိတော့ပါဘူး။ အခုအခြေနေက ဘယ်လိုဖြစ်နေလဲဆိုတော့ မြို့မှာရှိတဲ့ ဆိုင်တိုင်းမှာ ဆေးလိုက်ဝယ်ပေမယ့် လိုအပ်တဲ့ဆေးဝါးအစုံအလင်ကို ရနိုင်ဖို့ ခဲယဉ်းတဲ့အခြေနေကို ရောက်နေတာပါ” ဟုပြောသည်။ ၂၀၂၃ တကျော့ပြန်တိုက်ပွဲ စတင်ချိန်ကတည်းက အာဏာသိမ်း စစ်ကောင်စီမှ ရခိုင်ပြည်အတွင်း ရေလမ်း၊ ကုန်းလမ်းအားလုံးကို ပိတ်ဆို့ခဲ့၍ ယင်းအချိန်ကစပြီး ဆေးဝါးများပြတ်လပ်နေခဲ့သည်။ ရခိုင်ပြည် မြောက်ပိုင်းကို အာရက္ခတပ်တော်

Continue Reading
MSF က ရခိုင်ပြည်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ရပ်ဆိုင်း
ကျန်းမာရေး
1 min read
173

MSF က ရခိုင်ပြည်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ရပ်ဆိုင်း

June 28, 2024
0

Continue Reading
အရပ်သားများကို အကြမ်းဖက်နေ၍ MSF က ရခိုင်ပြည်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ရပ်ဆိုင်း
ကျန်းမာရေး သတင်း
1 min read
169

အရပ်သားများကို အကြမ်းဖက်နေ၍ MSF က ရခိုင်ပြည်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ရပ်ဆိုင်း

June 27, 2024
0

ရခိုင်ပြည်အတွင်း လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်လာခြင်းနှင့်အတူ အရပ်သားများကို ထိခိုက်သည့် အကြမ်းဖက်မှုများ လုပ်ဆောင်လာ၍ လူသားချင်းစာနာမှုကူညီပေးနေသည့် MSF ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီဟု သိရသည်။ အရပ်သားများအား အကြမ်းဖက်ခြင်းနှင့် လူသားချင်းစာနာထောက်ထားခြင်း ဝန်ဆောင်မှုများပေးရန် ကန့်သတ်ချက်များစွာရှိနေ၍ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF က ရပ်ဆိုင်းလိုက်ကြောင်း ယနေ့ ဇွန်လ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။ “ကျွန်ုပ်တို့၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ခြင်းကြောင့် အဆိုပါ လူထုအတွက် လိုအပ်ချက် များပြားနေချိန်၌ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ခြင်း အခွင့်အလမ်းများ အလုံးစုံ ပြတ်တောက် သွားရပါသည်။” ဟု MSF က ထုတ်ပြန်ပြောဆိုထားသည်။ ဇွန်လ

Continue Reading
ရခိုင်မှာ ၂ နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးထိုးပေးရန် အရေးတကြီးလိုအပ်နေ
ကျန်းမာရေး သတင်း
1 min read
294

ရခိုင်မှာ ၂ နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးထိုးပေးရန် အရေးတကြီးလိုအပ်နေ

May 6, 2024
0

(သတ်မှတ်အချိန်အတွင်း ကာကွယ်ဆေးမထိုးရပါက တခြားရောဂါများ ကူးစက်လာနိုင်ခြေရှိ)  ရခိုင်ပြည်အတွင်း စစ်ကောင်စီ ထိန်းချုပ်နယ်မြေများနှင့် လွတ်မြောက်နယ်များတွင် ၂ နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးထိုးပေးရန် အရေးတကြီးလိုအပ်နေကြောင်း မိခင်အသိုင်းအဝိုင်းထံမှ သိရသည်။  စစ်ကောင်စီထိန်းချုပ်နယ်မြေများနှင့် လွတ်မြောက်နယ်များတွင် ကလေးငယ်များအား ကာကွယ်ဆေး တာဝန်ယူထိုးပေးမည့်သူ မရှိဖြစ်နေသည်ဟု မြောက်ဦးဒေသခံ အသက် ၁ နှစ်ကျော် ကလေးမိခင်တစ်ဦးက ပြောသည်။  ” ကျမ ကလေးက ကာကွယ်ဆေး နှစ်ကြိမ်ထိုးဖို့ ကျန်နေပါသေးတယ်။ ပြီးခဲ့တဲ့ နှစ်လခန့်က တစ်ကြိမ်ထိုးရမယ့်ဟာ အခုထက်ထိ မထိုးရသေးဘူး။ ဆေးရုံ၊ ဆေးခန်းလည်း မဖွင့်တော့ ဘယ်မှာ ထိုးရမလဲ မသိဘူး။ အရင်ကာကွယ်ဆေးထိုးပေးနေကျ ရပ်ကွက် သူနာပြုတွေ မေးကြည့်တော့လည်း မသိဘူးလို့ ပြောတယ်။

Continue Reading