Move Forward ပါတီ ဖျက်သိမ်းရေး ခုံရုံးလက်ခံ၊ မကြာခင် ကြားနာပွဲလုပ်မည် 
နိုင်ငံရေး သတင်း
1 min read
203

Move Forward ပါတီ ဖျက်သိမ်းရေး ခုံရုံးလက်ခံ၊ မကြာခင် ကြားနာပွဲလုပ်မည် 

April 4, 2024
0

ထိုင်းပြည်သူ အများစု ထောက်ခံမဲပေးထားသည့် Move Forward ပါတီကို ဖျက်သိမ်းရန် ရွေးကောက်ပွဲကော်မရှင်၏ ဦးတိုက်လျောက်ထားမှုကို ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက လက်ခံလိုက်ပြီး မကြာခင် ကြားနာပွဲပြုလုပ်သွားမည်ဟု ဘန်ကောက်ပို့စ် သတင်းဌာနက ရေးသားဖော်ပြသည်။  Move Forward ပါတီအနေဖြင့် ၁၅ ရက်အတွင်း အယူခံဝင်ရန် အခြေခံဥပဒေခုံရုံးက ညွှန်ကြားထားကြောင်း ခုံရုံးတာဝန်ရှိသူများက ပြောသည်။  ရွေးကောက်ပွဲကော်မရှင် မှတ်ပုံတင်ရေးဌာနက တာဝန်ရှိသူတစ်ဦးမှာ ထိုင်းပြည်သူ အများဆုံးထောက်ခံ မဲပေးထားသည့် Move Forward ပါတီ (MFP) ကို ဖျက်သိမ်းပေးရန် ရွေးကောက်ပွဲကော်မရှင်ထံ မတ်လ ၁၂ ရက်နေ့က ဦးတိုက်လျောက်ထားခဲ့ခြင်းဖြစ်သည်။   ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများမှာ MFP ပါတီကို ဖျက်သိမ်းရန်နှင့် ပါတီခေါင်းဆောင်

Continue Reading
တောင်ကုတ်မြို့မ စခန်းမှူး ဒုတိယရဲမှူး စန်းညွှန့် စခန်းမှ ထွက်ပြေး
နိုင်ငံရေး သတင်း
1 min read
447

တောင်ကုတ်မြို့မ စခန်းမှူး ဒုတိယရဲမှူး စန်းညွှန့် စခန်းမှ ထွက်ပြေး

April 4, 2024
0

Western News| ဧပြီ ၄ ရခိုင်ပြည်၊ တောင်ကုတ်ရဲတပ်ဖွဲ့တွင် တာဝန်ကျနေသည့် တောင်ကုတ်မြို့မ စခန်းမှူး ဒုတိယရဲမှူး စန်းညွှန့်မှာ တာဝန်ကျသည့် နေရာစခန်းမှ ဧပြီ ၃ ရက်နေ့တွင် ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်း ပြောဆိုချက်အရ သိရသည်။ ကိုယ်ပိုင်အမှတ် ၇၄၂၉ စခန်းမှူး ဒုတိယရဲမှူး စန်းညွှန့်မှာ ၎င်းတာဝန်ကျနေရာ တောင်ကုတ်မြို့မရဲစခန်းမှ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် တောင်ကုတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက Western News ကို ပြောသည်။ စခန်းမှူး ထွက်ပြေးသွားသောကြောင့် ၎င်းသွားလာတက်သည့် နေရာများဖြစ်သော ကားဂိတ်များ၊ မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံစုံစမ်းရှာဖွေခြင်း၊ ပူးပေါင်းစစ်ဆေးရေးဂိတ်များ ရှာဖွေတွေ့ရှိခြင်းရှိခဲ့သော်လည်း ရှာတွေ့ခြင်း မရှိကြောင်း သိရသည်။ စခန်းမှူး ဒုတိယရဲမှူး

Continue Reading
ဖျာပုံအကျဉ်းထောင် ဥပဒေမဲ့ရိုက်နှက်မှု နိုင်ငံရေးအကျဉ်းသား ၂၀ ဦး ပြင်းထန်ဒဏ်ရာရ
နိုင်ငံရေး သတင်း
1 min read
429

ဖျာပုံအကျဉ်းထောင် ဥပဒေမဲ့ရိုက်နှက်မှု နိုင်ငံရေးအကျဉ်းသား ၂၀ ဦး ပြင်းထန်ဒဏ်ရာရ

April 3, 2024
0

ဧရာဝတီတိုင်း ဖျာပုံအကျဉ်းထောင်တွင် အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများကြား ပဋိပက္ခဖြစ်ပွားပြီးနောက် အကျဉ်းသားများကိုခေါ်ယူကာ ဥပဒေမဲ့ရိုက်နှက်နေ၍ နိုင်ငံရေးအကျဉ်းသား ၂၀ ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ပြောသည်။  ပုဒ်မ ၅၄ ဖြင့် အမှုရင်ဆိုင်နေရသော အသက် ၃၃ နှစ်အရွယ် ကိုနန်းလင်းအောင်ကို မတ်လ ၃၁ ရက်နေ့က တန်းပိတ်ထားချိန် အကျဉ်းဦးစီးဝန်ထမ်း တပ်ကြပ်ကြီး ဌေးမြင့်က ဥပဒေမဲ့ရိုက်နှက်မှုကနေ အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများကြား ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း သိရသည်။  ထိုပဋိပက္ခဇစ်မြစ်ကို ဖုံးကွယ်ပြီး အကျဉ်းဝန်ထမ်းများက စစ်တပ်နှင့်ရဲထံသို့ အကျဉ်းသားများ ထောင်ဖောက်ရန် ကြံစည်သည်ဟုဆိုကာ သတင်းအမှားပေးပို့ပြီး စစ်တပ်က သေနတ်ပစ်ခတ်ဖောက် လူစုခွဲသည်။  ပဋိပက္ခအတွင်း အကျဉ်းထောင်ဝန်ထမ်းအား

Continue Reading
တရုတ်နိုင်ငံသည် မြန်မာအတွက် အိမ်နီးချင်းကောင်း နိုင်ငံမဟုတ်ဟု ISP စစ်တမ်းက ဖော်ပြ
နိုင်ငံရေး သတင်း
1 min read
771

တရုတ်နိုင်ငံသည် မြန်မာအတွက် အိမ်နီးချင်းကောင်း နိုင်ငံမဟုတ်ဟု ISP စစ်တမ်းက ဖော်ပြ

April 3, 2024
0

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အိမ်နီးချင်းကောင်း နိုင်ငံမဟုတ်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP Myanmar) က ယမန်နေ့ ဧပြီလ ၂ ရက်နေ့ထုတ် စစ်တမ်းတွင် ဖော်ပြထားသည်။  တရုတ်-မြန်မာဆက်ဆံရေးအပေါ် ISP Myanmar က မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်များကို အလွှာစုံက လူပေါင်း ၂၅၀ ဦးကို မေးခွန်း ၁၀၀ ဖြင့် မေးမြန်းကာ စစ်တမ်းကောက်ယူထားခြင်းဖြစ်သည်။  အလွှာစုံဖြစ်သည့် နိုင်ငံရေးနယ်ပယ်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ စီးပွားရေးအသင်းအဖွဲ့အစည်းများ၊ ထင်ရှားကျော်ကြားသူများ၊ တိုင်းရင်းသားတော်လှန်ရေး EAOs နှင့် PDFs/LDFs တို့ကို မေးမြန်း စစ်တမ်းကောက်ယူထားခြင်းဖြစ်သည်။  ထိုစစ်တမ်းတွင် ဖြေဆိုသူအများစုက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် အိမ်နီးချင်းကောင်း နိုင်ငံမဟုတ်ဟု ပြောဆိုကြသည်။  ယခင်နှစ်ကလည်း

Continue Reading
မာန်အောင်က စီးပွားရေးလုပ်ငန်းရှင် ဦးစည်သူအောင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ
နိုင်ငံရေး သတင်း
1 min read
181

မာန်အောင်က စီးပွားရေးလုပ်ငန်းရှင် ဦးစည်သူအောင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

April 2, 2024
0

Western News| ဧပြီ ၁ ရခိုင်ပြည် မာန်အောင်မြို့ဒေသခံ မေဃသစ္စာဖုန်းအရောင်းဆိုင်ပိုင်ရှင် ဦးစည်သူအောင်ကို အာဏာသိမ်း စစ်ကောင်စီက ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုပြီး မတ်လ ၂၉ ရက်နေ့က ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။ ဦးစည်သူအောင်မှာ PDF နှင့် ဆက်သွယ်၍ဆိုပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခံခဲ့ရကာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များက ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ဦးစည်သူအောင်သည် အသက် ၅၀ ကျော်အရွယ်ရှိပြီး ဗမာအမျိုးသားဖြစ်ကာ မာန်အောင်မြို့တွင် အိမ်ထောင်ကျ၍ ဖုန်းအရောင်းဆိုင်ဖွင့်လှစ်ပြီး ရိုးရိုးသားသား လုပ်ကိုင်စားသောက် နေထိုင်သူလည်းဖြစ်သည်။

Continue Reading