ရခိုင်မှာ မိုးသည်း၍ ရေကြီးပြီး လေပြင်းတိုက်ခတ်လာနိုင်
မိုးလေဝါသ သတင်း
1 min read
34

ရခိုင်မှာ မိုးသည်း၍ ရေကြီးပြီး လေပြင်းတိုက်ခတ်လာနိုင်

September 12, 2024
0

ရခိုင်ပြည်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးကာ လေပြင်းမုန်တိုင်း တိုက်ခတ်နိုင်ကြောင်း စစ်ကောင်စီ မိုးဇလ နှင့် တစ်သီးပုဂ္ဂလ မိုးလေဝသပညာရှင်များက ခန့်မှန်း ပြောဆိုထားကြသည်။ စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန၏ ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ မိုးသည်းထန်ပြီး ရေကြီးနိုင်သလို လေပွေလေပြင်းများ တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားသည်။ မြန်မာအလယ်ပိုင်းနှင့် အနောက်မြောက်ဘက်မှာ ဖြစ်ပေါ်ခဲ့သော လေပွေလှိုင်းနှင့် လေပြင်းမုန်တိုင်းမှာ ရခိုင်၊ ချင်း၊ မကွေးနှင့် စစ်ကိုင်းမှာ ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး နောက် ၃၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းနှင့် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ဘက်သို့ ရောက်သွားနိုင်ကြောင်း စစ်ကောင်စီ မိုး/ဇလ က ထုတ်ပြန်ထားသည်။

Continue Reading
မြဝတီနှင့် တာချီလိတ်မှာ ရေကြီးနေ
ဓါတ်ပုံသတင်း မိုးလေဝါသ သတင်း
1 min read
31

မြဝတီနှင့် တာချီလိတ်မှာ ရေကြီးနေ

September 11, 2024
0

မြဝတီမြို့နယ်၊ တာချီလိတ် အပါအဝင် ကျိုင်းတုံမြို့နယ်၊ ဟိုပုံးနှင့် ကျောက်ဆည်မြို့တို့တွင် တောင်ကျချောင်းရေနှင့် မြစ်ရေ၊ ချောင်းရေများ မြင့်တက်လာ၍ ရေကြီးရေလျှံဖြစ်ပွားနေကြောင်း သိရသည်။ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်တွင် ယမန်နေ့မှစတင်ကာ သောင်ရင်းမြစ်ရေ မြင့်တက်လာရာမှ မြ၀တီမြို့နယ်တွင် ရေကြီးမှုများဖြစ်ပေါ်နေပြီး အဆိုပါရေကြီးမှုသည် ဒုတိယအကြိမ်မြောက်ရေကြီးမှုဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အနိမ့်ပိုင်းရပ်ကွက်များအားလုံး ရေတက်နေပြီး အချိန်မီပြောင်းရွှေ့ထားနိုင်ကြောင်း မြဝတီအခြေစိုက် ရေဘေးကူညီရေး ကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။ “ရေက တက်တယ်ဆိုပေမယ့် လူတွေက အတွေ့အကြုံရှိထားတော့ Alert ဖြစ်တယ်။ သိပ်မကြာသေးခင်က ရေကြီးထားတာဆိုတော့ အနိမ့်ပိုင်းက ပြည်သူတွေလည်း ကိုယ့်ဟာကိုယ် ကြိုရှောင်ကြတယ်။ ရေကြီးတာတော့ နှစ်ကြိမ်ဆိုတော့ ကယ်ဆယ်ရေးသမားတွေလည်း လုပ်စရာရှိတာကို ဆက်တိုက် လုပ်သွားကြတယ်” ဟု

Continue Reading
BREAKING NEWS – သံတွဲ သူဌေးချောင်းဆည် ရေစီးဆင်းရာလမ်းကြောင်းရှိ ကျေးရွာများ အမြန်ဆုံးရွှေ့ပြောင်းရန် AA သတိပေး
မိုးလေဝါသ သတင်း
1 min read
296

BREAKING NEWS – သံတွဲ သူဌေးချောင်းဆည် ရေစီးဆင်းရာလမ်းကြောင်းရှိ ကျေးရွာများ အမြန်ဆုံးရွှေ့ပြောင်းရန် AA သတိပေး

July 27, 2024
0

(သံတွဲ သူဌေးချောင်း ဆည် စိုးရိမ်ရေမှတ် အနီရောင်အဆင့် ကျော်လွင်နေပြီဟုဆို) ယနေ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်၊ နံနက် (၁၀) နာရီ (၃၀) မိနစ်အချိန် တိုင်းတာချက်အရ ရခိုင်ပြည် သံတွဲမြို့၊ “သူဌေးချောင်း ဆည်” သည် စိုးရိမ်ရေမှတ် (အနီရောင်အဆင့်) ကို ကျော်လွန်လာနေပြီဟု အာရက္ခတပ်တော် AA က အရေးပေါ်သတိပေးချက် ထုတ်ပြန်သည်။ ဆက်လက်၍လည်း ယခုထက်ပိုမိုသော မိုးရေချိန်အမှတ်သို့ ရောက်ရှိလာနိုင်ရန် အလားအလာများကို တွေ့နေရသောကြောင့် ၎င်းဆည်နှင့် အနီးပတ်ဝန်းကျင်၊ ဆည်ကျရေစီးဆင်းရာလမ်းကြောင်းရှိ ရွာများအနေဖြင့် နီးစပ်ရာ ကုန်းမြင့်၊ ရေဘေးလွတ်ရာနေရာများသို့ “အမြန်ဆုံး” ချက်ချင်း ရွှေ့ပြောင်းပေးကြရန် AA က

Continue Reading
ထိုင်း-မြန်မာနယ်စပ် မြဝတီ၊ မဲဆောက်မှာ ရေကြီးနေ
မိုးလေဝါသ သတင်း
1 min read
41

ထိုင်း-မြန်မာနယ်စပ် မြဝတီ၊ မဲဆောက်မှာ ရေကြီးနေ

July 27, 2024
0

မိုးသည်းထန်စွာ ရွာသွန်း၍ ထိုင်း-မြန်မာကြားရှိ သောင်ရင်းမြစ် ရေလျှံပြီး ကမ်းနှစ်ဖက်ရှိ မြဝတီမြို့နှင့် မဲဆောက်မြို့မှာ ရေကြီးမှုဒဏ်ကို ခံနေရကြောင်း ဒေသခံများထံမှ သိရသည်။ မြဝတီမြို့ထဲ၌ ရပ်ကွက်များအစုသို့ ရေဝင်ရောက်နေ၍ မြို့အခြေအနေကို ဒေသခံ ကိုညီဝင်းခိုင်က ယခုလိုပြောသည်။ ” လက်ရှိ မြဝတီ သောင်းရင်းမြစ်ကနေ ရေတိုးတိုးလာတော့ အမှတ် ၅ အောက်ချိုင့်မှာ အိမ်တွေ အကုန် နစ်မြုတ်သွားတယ်၊ နောက်ပြီး မြေနီကုန်းမှာ ရေမကျတော့ မြေနီကုန်းလမ်းတွေလည်း အကုန် နစ်မြုတ်သွားပြီပေါ့၊ အခု ကျနော်တို့ အိမ်ရှေ့ အမှတ်၅ အောက်ချိုင့်မှာ ခေါင်မိုးတွေလောက်ပဲ ပေါ်တော့တယ်၊ လူတွေက ဘုန်းကြီးကျောင်းတွေပြေးလိုက် ဒီပြေးလိုက်နဲ့ ပြေးနေကြတာပေါ့။ မြဝတီ အမြင့်ပိုင်းတွေတော့ ရေမရောက်သေးဘူး။

Continue Reading
ရခိုင်တောင်ပိုင်း မိုးသည်း၍ ရေကြီးနေ
မိုးလေဝါသ သတင်း
0 min read
376

ရခိုင်တောင်ပိုင်း မိုးသည်း၍ ရေကြီးနေ

July 25, 2024
0

(သံတွဲ၊ တောင်ကုတ်၊ ဂွ က စစ်ရှောင်များနှင့် ဒေသခံပြည်သူများ အကူအညီလိုအပ်) ရခိုင်ပြည် တောင်ပိုင်းဒေသ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေတက်ပြီး သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်တို့တွင် ရေကြီးနေကြောင်း ဒေသခံများက ပြောသည်။ သံတွဲမြို့နယ်က ကျေးရွာအများအပြား ရေနစ်မြှုပ်နေသလို သံတွဲမြို့သစ်က ရပ်ကွက်များတွင်လည်း နေအိမ်အများအပြား ရေနစ်မြှုပ်သွားပြီဟု ဒေသခံတစ်ဦးက ပြောသည်။ တောင်ကုတ်မြို့နယ်တွင်လည်း ကျေးရွာအများအပြား ရေနစ်မြှုပ်နေကြောင်းနှင့် မြို့ပေါ်က ရပ်ကွက်အချို့ ရေဝင်ရောက်နေပြီဟု မြို့ခံတစ်ဦးက ပြောသည်။ ” တောင်ကုတ် အ.ထ.က ၂ အုတ်တံတိုင်းတောင် မြှုပ်သွားပြီ။ သင်္ဘောဆိပ်ဆင်း လမ်းမကြီး၊ ဝဲကြီး၊ ချောင်းကောက်အပိုင်း မြှုပ်လုလု ဖြစ်နေပြီ။ ဒီရေက မကျဘူး။ တက်ပဲ တက်လာနေတယ်။

Continue Reading