မနွယ်သန္တာဝင်း သေဆုံးမှု နောက်ဆက်တွဲဖြစ်စဉ် တွေ့ရှိချက် (Special Report)
မှုခင်း လူ့အခွင့်အရေး အမျိုးသမီးကဏ္ဍ
1 min read
0

မနွယ်သန္တာဝင်း သေဆုံးမှု နောက်ဆက်တွဲဖြစ်စဉ် တွေ့ရှိချက် (Special Report)

ဩဂုတ် ၂၉ - ၂၀၂၂
0

ပြည်နယ် စစ်ကောင်စီအစိုးရ ရုံးစိုက်ရာ၊ ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်းအနီး၊ လူစည်ကားသည့် မေယုလမ်းပေါ်ရှိ ဆိုင်ခန်းငယ်တစ်ခု၌ ဖြစ်ပွားခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့ညနေ့က ၁၈ နှစ်ရွယ် အမျိုးသမီးငယ်တစ်ဦး ဓားထိုးခံရမှုဖြစ်စဉ်သည် တရားဥပဒေစိုးမိုးမှုကင်းကွာနေသည့် စစ်တွေမြို့ပေါ်သို့ အကြောက်တရားစိုးရိမ်မှုများကိုထပ်ဆင့် ယူဆောင်လာခဲ့သည်။ မြို့တော်တွင် ဆိုင်ကယ်ခိုးခံရမှု၊ ပစ္စည်းလုယက်ခံရမှု၊ ဒေသ လက်နက်ကိုင်တပ်ဖွဲ့များအချင်းချင်းဖမ်းဆီးမှုများကိုသာတွေ့ရှိနေရသည့် သတင်းများနေရာတွင် အမျိုးသမီးငယ်၏ ဓါးထိုးသတ်ဖြတ်ခံရမှုဖြစ်စဉ်သည် ရခိုင်လူထု၏ စိုးရိမ်ပူပန်မှုကိုပိုမိုဖြစ်ပေါ်စေခဲ့သည်။ ■ အိမ်ပြန်မလာသည့်နေ့ အိမ်မှ စီစဉ်ပေးသည့် ထမင်းဘူးနှင့် စစ်တွေမြို့ထဲသို့ အလုပ်သွားလေ့ရှိသည် အသက် ၁၈ နှစ်ရွယ်ရှိ ‘ပေါက်စ’ ဟု အိမ်၌ ချစ်စနိုးခေါ်ဆိုခံရသည့် မနွယ်သန္တာဝင်းသည် သြဂုတ်လ ၁၅ ရက်နေ့တွင် နေအိမ်မှ သူနောက်ဆုံးထွက်ခွာသွားရသည့် နေ့မှန်း

Continue Reading