အာဏာပိုင်တို့၏ ပျားရည် (သို့မဟုတ်) ရခိုင်ပြည်နယ်နေ့
Western News|ဒီဇင်ဘာ၊ ၁၅ ရက် ယနေ့ ကျရောက်သည့် ၄၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့သည် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ ယာယီအပစ်ရပ်ထားသည့် အချိန်နှင့် တိုက်ဆိုင်နေ၏။ ယင်းကြောင့် ရခိုင်ပြည်နယ်နေ့ကို စစ်ကောင်စီက အစည်ကားဆုံးဖြစ်အောင် ငွေကြေးအကုန်အကျခံကာ စီစဉ်ထားသည်။ ယင်းအပြင် ရခိုင်ပြည်နယ် စစ်ကောင်စီသည် ဒီဇင်ဘာ ၁၅ မတိုင်မီနေကပင် တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ရမ်းဗြဲ၊ မာန်အောင် ကျောက်ဖြူ စသည့် မြို့နယ်ရှိ မြို့တွင်း၊ ရွာတွင်း ကွန်ကရက် လမ်းပိုင်းများဖွင့်လှစ်ခြင်းတို့ကို ၄၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အကြိုဟု သတ်မှတ်ကာ ၎င်းတို့ ထိန်းချုပ်ရာ လူမှုကွန်ရက်၊ သတင်းစာတို့တွင် ဝေဆာစွာ
ကျောင်းသား တစ်ဦးရေးသည့် သေတမ်းစာ (သို့မဟုတ်) မုန်တိုင်းထဲက ပန်းလိပ်ပြာငယ်လေးများကို ဖေးမ ကူညီပါ
Western News- အောက်တိုဘာ ၂၆ ရက် “ညီငယ်၏ သေတမ်းစာ” “ ဒီနေ့ စကားချောင်းတံတားပေါ်မှ အောက်သို့ ခုန်ဆင်းသွားပါမည်။ ငါရချင်တဲ့ဘဝက မိန်းကလေးပါ။ ယောက်ျားလေးမဟုတ်ပါဘူး။ ငါ ဒီမိသားစုမှာ လူဖြစ်ခဲ့ရတာ ပျော်ပါတယ်။ ငါ ထွက်သွားရလို့လည်း ဝမ်းနည်းမိ တယ်။ ငါသေသွားရင် မငိုကြပါနဲ့။ ဝမ်းနည်းခြင်းများဖြင့် လောကကြီးအား နှုတ်ဆက်ထွက်ခွာသွားတဲ့ ”(ရဲထက်နိုင်)(တစ်) နေအိမ်ဘုရားကျောင်းဆောင်ပေါ်တွင်တွေ့ရှိရသည့် စာခေါက်ကလေးကိုယူ၍ ဖွင့်ကြည့်လိုက်မိသည် နှင့် “ညီငယ်လေး၏ သေတမ်းစာ” ဆိုသော ခေါင်းစီးစာတန်းကို စတင်မြင်လိုက်ရပြီး မမျိုးပပထွန်းတစ်ယောက် ကြမ်းပြင်ပေါ် ခွေလဲကျသွားတော့မည့်အတိုင်း တုန်လှုပ်သွားရတော့သည်။ စာထဲမှ လက်ရေးလက်သားများမှာ လောလောလတ်လတ် နေအိမ်မှပျောက်ဆုံးသွားသော မောင်ငယ်ကလေး ရဲထက်နိုင်၏ လက်ရေးများဖြစ်နေသ ဖြင့်
နိမ့်ရာမှ ပိုနိမ့်ရာသို့
Western News-ဧပြီ ၆ ရက် ဤကမ္ဘာတွင်မျိုးဆက်ပေါင်းများစွာအသက်ရှင်နေထိုင်လာသည့် လူသားများ၏ အသက်ရှင်နေထိုင်မှုပုံစံများမှာ ခေတ်စနစ်များအလိုက် တစ်ဆင့်ချင်းတိုးတက်ပြောင်းလဲလာသည်ကို ငြင်းဆိုနိုင်ဖွယ်မရှိပေ။ လူသားများမှာ ၎င်းတို့နေထိုင်ရသည့် ဘဝသက်တမ်းတစ်လျှောက်တွင် ရှိနေဆဲအခြေအနေထက် ပိုမိုမြင့်မားလာစေရန်သာ ရည်မှန်း၍ ဆက်လက်အသက်ရှင်သန်ကြပြီး ထိုသို့ဖြစ်မြောက်စေရန်လည်း နည်းအမျိုးမျိုးဖြင့် လုပ်ကိုင်တတ် ကြမြဲဖြစ်သည်။ ထိုအာသီသများကြောင့်ပင် လူတို့၏ လူနေမှုစနစ်များ တစ်ဆင့်ချင်း မြင့်မားလာခြင်း ဖြစ်သည်။ ကမ္ဘာ့သမိုင်းအချက်အလက်များအရဆိုလျှင် လူသားတို့သည် စနစ်တစ်ခု၏အပြောင်းအလဲအတွက် စစ်ပွဲများဖြင့် စတင်လေ့ရှိကြောင်းတွေ့ရသည်။ ဥပမာအနေဖြင့် ကျေးပိုင်ကျွန်ပိုင်စနစ်မှ မြေရှင်ပဒေသရာဇ်စနစ်သို့ ပြောင်းလဲရာတွင် ကျေးကျွန်များမှာ ၎င်းတို့၏ နိမ့်ကျသောဘဝအား တစ်ဆင့်မြင့်တက်ပြောင်းလဲရန် စတင်တော်လှန်တိုက်ခိုက်ကာ ကျေးကျွန်စနစ်အား ပြောင်းလဲစေခဲ့ခြင်း မျိုးဖြစ်သည်။ ထိုအဖြစ်များမှာလည်း လက်ရှိအခြေအနေထက် တိုးတက်မြင့်မားလိုသော စိတ်ဆန္ဒများကြောင့်ပင်ဖြစ်သည်။ လက်ရှိတွင် ထိုသို့
မန္တလေး နန်းတွင်း စစ်ကြောရေးမှ ငရဲခန်းများ
Western News| စက်တင်ဘာ ၄ “တိုက်ပိတ်ထားတဲ့ အခန်းကျဉ်းကျဉ်းလေးထဲမှာ အစ်မကိုစော်ကားရင် ညီမကဘေးကနေ ထိုင်ကြည့်နေရတယ်။ နောက်တစ်နေ့ညီမကိုစော်ကားရင် အစ်မကဘေးကနေ ထိုင်ကြည့်နေရတဲ့ အဆင့်ပေါ့နော်။ တယောက်နဲ့ တယောက်ဘယ်လိုမှ မကူညီနိုင်ပဲ အော်ဟစ်သံတွေပဲကြားနေရတယ်”လို့ မဖြူညို (နာမည်လွှဲ)က ပြောရှာပါတယ်။ “ရင်ဘတ်တွေ၊ နားတွေကို ဆေးလိပ်မီးစတွေနဲ့ ရှို့တယ်၊ လက်သည်းအရေခွံတွေကို ဓားနဲ့ပါးပါးလေးလှီးတယ်”ကိုမြတ်နိုင်(နာမည်လွှဲ) က ပြောပါတယ်။ ■ ဖမ်းဆီးခံရတဲ့နေ့ စစ်အာဏာသိမ်းမှုကို တစ်နိုင်ငံလုံးဆန္ဒပြတဲ့ အထဲက မကြာသေးခင်က ပူပူနွေးနွေး လက်ထပ်ထားတဲ့ ဇနီးမောင်နှံ နှစ်ယောက်လည်း စစ်အာဏာရှင် ဆန်ကျင့်ရေးမှာပါဝင်လာပါတယ်။ ရန်ကုန်လှည့်တန်း၊ ကမာရွက်စတဲ့ နေရာတွေမှာ သူတို့နှစ်ယောက်ဟာ ဦးဆောင်ဆန္ဒပြရာမှာပါဝင်ခဲ့ပြီး အစိုးရဝန်ထမ်းတွေကို CDM လုပ်ဖို့ ဦးဆောင် လှုပ်ရှားတဲ့ဇနီးမောင်နှံလည်းဖြစ်ပါတယ်။
NUG ၏ အခန်းကဏ္ဍကို ငဲ့စောင်းကြည့်ခြင်း
Western News-စက်တင်ဘာ ၂၅ ရက် မြန်မာနိုင်ငံရေး နောက်ပြန်လှန်ကျချိန်ကို ကျွန်တော်တို့ ဖြတ်ကျော်နေကြရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့သည် ရရှိနေပြီးသော ဒီမိုကရေစီတစ်ပိုင်းတစ်စပင် ပြန်လည်း ရုပ်သိမ်းခံလိုက်ရသည်။ ဒီအခြေအနေတွင် လူငယ်များက စစ်အာဏာရှင်စနစ်ဆိုးကို လုံး၀ လက်မခံဘဲ လမ်းပေါ်ထွက်၍ တစ်ဖုံ၊ လက်နက်ကိုင်လမ်းစဉ်ဖြင့် တစ်မျိုး တွန်းလှန်လာကြသည်။ နဂိုကတည်းက လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် လက်နက်မကိုင်ဘဲ တနည်းနည်းဖြင့် တွန်းလှန်နေကြသည့် အုပ်စုများ ရှိနေကြသေးသည်။ ယခင် ၂၀၁၀ – ၂၀၂၀ ထိ ၁၀နှစ်တာ တည်ဆောက်ခဲ့သော ငြိမ်းချမ်းရေးကိစ္စလည်း ပျက်ပြယ်သွားလေသည်။ Nationwide Ceasefire Agreement (NCA)
AA ၏ ပြောခွင့်ရ ဦးခိုင်သုခနှင့် Western News တို့ အင်တာဗျူး
ကျောက်ဖြူ လူငယ် တစ်ဦး သေဆုံးမှု အတွင်းဒဏ်ရာများစွာရရှိအောင် တပ်ဖွဲ့ဝင်များရိုက်နှက်ခဲ့ကြသည်ဟု ဝန်ခံ Western News| အောက်တိုဘာ ၁၃