မြန်မာတစ်ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့သည့် ထိုင်းစစ်သားများ အရေးယူမခံရဘဲ လွတ်မြောက်နေ
(ပြစ်မှုကျူးလွန်ခဲ့သူများကို သမာသမတ်ကျ စုံစမ်းစစ်ဆေးအရေးယူရန် Fortify Rights အဖွဲ့ တောင်းဆို) အသက် ၃၇ နှစ်အရွယ် မြန်မာနိုင်ငံသား ဦးအောင်ကိုကိုမှာ ယခုနှစ် ၂၀၂၄ ဇန်နဝါရီလ ၁၂ ရက်နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ အမှတ် (၁) ချစ်ကြည်ရေးတံတားအနီး ဘန်တိုင်းကျေးရွာတွင် ထိုင်းစစ်သားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ မြန်မာနိုင်ငံသား ဦးအောင်ကိုကိုမှာ ငှက်ဖျားရောဂါအခံကြောင့် မြဝတီဘက်၌ ဆေးခန်းသွားပြပြီး မဲဆောက်သို့ပြန်လာချိန်တွင် ထိုင်းနယ်ခြားစောင့်လုံခြုံရေးဂိတ်မှ ထိုင်းစစ်သားများက ခေါ်ယူထိန်းသိမ်းပြီး ရိုက်နှက်စစ်ဆေးရာမှ လက်လွန်သေဆုံးသွားခဲ့ရသည်။ ထိုင်းစစ်သားသုံးဦးက ဦးအောင်ကိုကိုအား သစ်သားတုတ်ရှည်ဖြင့် ပြင်းထန်စွာ ရိုက်နှက်သတ်ဖြတ်ခဲ့ပြီး သေဆုံးသူ၏ခန္ဓာကိုယ်တွင် ပြင်းထန်သော ပွန်းပဲ့ဒဏ်ရာများ ရရှိသွားခြင်းဖြစ်သည်။ သွေးထွက်သံယိုဖြစ်နေပြီး နဖူး၊ ပါးရိုးတစ်ဝိုက်နှင့် နှာခေါင်းတို့တွင်
ထိုင်း မဲဆောက်တွင် မြန်မာနိုင်ငံသား ၁ ဦးကို ထိုင်းလုံခြုံရေး တပ်ဖွဲ့က ရိုက်နှက်မှုကြောင့် သေဆုံးမှု ဖြစ်ပွား
မြန်မာ-ထိုင်း နယ်စပ်ရှိ မြ၀တီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေး တံတားအနီး ထာ့ဆိုင်လွှက်ကျေးရွာရှိ ထိုင်း နယ်ခြားစောင့် လုံခြုံရေး စစ်တပ်ဂိတ် တစ်ခုတွင် မြန်မာနိုင်ငံသား တစ်ဦးဖမ်းဆီးကာ သတ်ဖြတ်ခံခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့ မနက် ၁၀ နာရီခန့် အချိန်တွင် အသက် ၃၇ နှစ်ရှိ ကိုအောင်ကိုကို ဆိုသူ မြန်မာနိုင်သားတစ်ဦးသည် မြန်မာနိုင်ငံ မြ၀တီဖက်တွင် ဆေးခန်း သွားပြပြီး ပြန်လာချိန်တွင် ထိုင်း နယ်ခြားစောင့် လုံခြုံရေး စစ်တပ်၏ ဖမ်းဆီး ခြင်းခံခဲ့ရကြောင်း မိသားစုများ က ပြောသည်။ ကိုအောင်ကိုကို ဆိုသူ သည်၊ ငှက်ဖျား
မှောင်ခိုသမားများကျက်စားသည့် ရခိုင်သစ်တော
Western News – မှ စုံစမ်းဖော်ထုတ် ရေးသားသည်။ Western News| ဇန်နဝါရီ ၁၄ ရိုးမတောင်ရိပ်ကို ခိုပြီး တောင်ယာလယ်လုပ် ဓားမခုတ်ဖြင့် အသက်မွေးသည့် ကျေးရွာသားများအတွက် ရခိုင်ရိုးမ တောကြီးက ရွှေသီး၊ ရွှေပင်ဟု အရင်က ဆိုကြသည်။ သို့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် ယင်းစကား မှာ ဆန့်ကျင်ဘက် ဖြစ်လာသည်။ ဂွမြို့နယ် ကျိန္တလီချောင်းကြောင်းဒေသရှိကျေးရွာသားများမှာ လက်ရှိကာလတွင် ရိုးမတောကို မှီခိုပြီး အလုပ်မရှိတော့ သလို အနာဂတ်အတွက် ရင်လေးစရာများက နေ့စဉ်ရှိလာနေတော့သည်။ “တောထဲမှာ သစ်ပင်ကြီးတွေ ရှားသွားပြီ။ ငါတို့က တပိုင်တနိုင် သစ်ခုတ်စားက ဒီလောက် မဆိုးဘူး။ အခုတော့ အဲလို မဟုတ်တော့ဘူးလေ” ဟု တောတောင်ကိုမှီခိုပြီး အသက်မွေးသူ ကျိန္တလီဒေသခံ (အမည်လွှဲ)