မိုခါကြောင့် ပျက်စီးဆုံးရှုံးမှုများ မပြုပြင်နိုင်သေးသည့် ရခိုင်တွင် တိုက်ပွဲကြား အပျက်စီးများထပ်ဖြစ်လာ
Western News| ဇန်နဝါရီ ၁၃ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းမှုကြောင့် ဖြစ်ပွားခဲ့သည့် အပျက်စီးများကို အပြည့်အဝမပြုပြင်နိုင်သေးသည့် ရခိုင်တွင် တိုက်ပွဲကြောင့် အပျက်စီးများထပ်မံ ဖြစ်ပေါ်လျှက်ရှိနေသည်။ ၂၀၂၃ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် တိုက်ခတ်သည့် မိုခါမုန်တိုင်းကြောင့် လူ၊ တိရိစ္ဆာန်နှင့် ဘာသာရေးအဆောက်အဦးနှင့် နေအိမ်အဆောက်အအုံ အများအပြား ပျက်စီးပြီး သေဆုံးမှုများ ရှိခဲ့သည်။ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများမှာ စစ်ကောင်စီဘက်မှ ထုတ်ပြန်သည့်စာရင်းမှာ ရခိုင်တစ်ပြည်နယ်လုံး အတိုင်းတာ အနေဖြင့် သေဆုံးသူ ၁၄၈ ဦး၊ ဒဏ်ရာရသူ ၁၃၂ ဦး၊ နေအိမ်အပျက်စီး ၂၆၃၃၂၃ လုံး၊
စစ်ကောင်စီ လမ်းပိတ်ထား၍ ရခိုင်ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့် မရကြ
Western News| ဇန်နဝါရီ ၁၃ ရခိုင်ပြည်အတွင်း တိုက်ပွဲများ ပြင်းထန်ခြင်းနှင့်အတူ အာဏာသိမ်းစစ်ကောင်စီက ရေလမ်း၊ ကုန်းလမ်း ဆက်သွယ်ရေးများကို ပိတ်ပင်ထားသောကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများမှာ ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေး ဆုံးရှုံးနေကြသည်။ ကျေးလက်ဒေသရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးများအားလုံးမှာ ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူခွင့် မရရှိကြဘဲ ကိုယ်ဝန်ဆောင်အမျိုး သမီးများအား ပေးသော ဆေးများမှာလည်း ကျေးလက် ကျန်းမာရေးဌာနများတွင် ပြတ်လပ်သွားကြပြီဟု စုံစမ်းသိရှိရသည်။ အထူးသဖြင့် ရခိုင်ပြည် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း ဒေသမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေး ဆုံးရှုံးနေကြခြင်းဖြစ်သည်။ မြောက်ဦးဒေသက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက “မြို့ပေါ်မှာလည်း တိုက်ပွဲတွေဖြစ်လို့ ဆေးရုံဆေးခန်းတွေက