မူးယစ်သားကောင်မှ မူးယစ်ပညာပေးဖြစ်လာသူ ဆရာမညို
သတင်း
1 min read
342

မူးယစ်သားကောင်မှ မူးယစ်ပညာပေးဖြစ်လာသူ ဆရာမညို

February 3, 2024
1

Western News| ဖေဖော်ဝါရီ ၃ စာတော်ပြီး ဂုဏ်ထူးထွက်နိုင်တဲ့ ဆရာမညိုဟာ မူးယစ်ဆေးနွံမှာ နစ်မြှုပ်သွားတာကြောင့် ဆယ်တန်းကို အောင်ရုံဆိုလောက်နဲ့သာ အောင်မြင်ခဲ့ရပါတယ်။ ပညာသင်နေတဲ့အချိန်မှာ မူးယစ်ဆေးဝါးသုံးစွဲမိပြီး လမ်းမှားရောက်သွားတဲ့ ဆရာမညိုကို အပေါင်းအသင်းမိတ်ဆွေသာမက မိဘတွေနဲ့ ဆွေမျိုးတွေကပါ ရဲလက်ထဲအပ်ပြီး စွန့်ပစ်ပါတော့မယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုလုံးကလည်း ရှောင်ဖယ်ရှောင်ဖယ်နဲ့ မတူသလိုမတန်သလို ဆက်ဆံကြပြီး မူးယစ်ဆေးသုံးတဲ့ အကျင့်ပျက်မိန်းကလေးတစ်ယောက်လို့ အပြောအဆိုခံခဲ့ရပါတယ်။ ဒါပေမယ့် ဆရာမညိုဟာ မိဘ၊ ဆွေမျိုး၊ အသိုင်းအဝိုင်းတွေရဲ့ ပစ်ပယ်မှုကို ခံရတော့မယ့်အချိန်မှာ မူးယစ်နွံထဲကနေ ပြန်လည်ရုန်းထွက်နိုင်ခဲ့ပြီး လက်ရှိမှာ အတိတ်က အမှားတွေကို သင်ခန်းစာယူရင်း အနာဂတ်ဘဝကို အကောင်းဆုံးတည်ဆောက်ကာ မူးယစ်ဆေးဝါးရဲ့ အန္တရာယ်တွေကို တတ်နိုင်သလောက် အသိပညာပေး မျှဝေနေပါတော့တယ်။ ဆရာမညို (အမည်လွှဲ)

Continue Reading