ထိုင်းတွင် ကရိန်း မတော်တဆပြိုကျမှုကြောင့် သေဆုံးသူ ၆ဦးတွင် ရခိုင်တစ်ဦးပါဝင်၊ နစ်နာကြေးကို ပွဲစားတစ်ဦးက ထုတ်ယူ၊ မိဘများနှင့် အဆက်အသွယ် လိုနေ
စီးပွားရေး သတင်း
1 min read
1014

ထိုင်းတွင် ကရိန်း မတော်တဆပြိုကျမှုကြောင့် သေဆုံးသူ ၆ဦးတွင် ရခိုင်တစ်ဦးပါဝင်၊ နစ်နာကြေးကို ပွဲစားတစ်ဦးက ထုတ်ယူ၊ မိဘများနှင့် အဆက်အသွယ် လိုနေ

March 31, 2024
0

ထိုင်းနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုတွင် ကရိန်း မတော်တဆပြိုကျမှုကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၆ဦး သေဆုံးခဲ့မှုတွင် ရခိုင်လူမျိုးတစ်ဦးပါဝင်ပြီး ၎င်း၏ မိသားစုနှင့် တိုက်ရိုက် အဆက်အသွယ် ရရှိရေး လိုအပ်နေကြောင်း သိရသည်။ မတ် ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ လယောင်မြို့တွင် Xin Ke Yuan Steel factory အမည်ရှိ တရုတ်ကုမ္ပဏီတွင် ဆောက်လုပ်ရေး ကရိန်းပြိုကျခဲ့သဖြင့် မြန်မာအလုပ်သမား ၆ ဦးနှင့် တရုတ်နိုင်ငံသား ၁ ဦး သေဆုံးခဲ့သည်။အဆိုပါ သေဆုံးသူများထဲမှာ ရခိုင်ပြည်၊ မင်းပြားမြို့နယ်မှ အသက် ၂၆ နှစ်အရွယ် အလုပ်သမားတစ်ဦး ပါဝင်ပြီး ၎င်းမိဘများနှင့် အဆက်အသွယ်

Continue Reading
စစ်ရှောင် ရခိုင်အမျိုးသမီးများ၏ စစ်ဘေးကာလ အခက်အခဲများ
အင်တာဗျူး
1 min read
177

စစ်ရှောင် ရခိုင်အမျိုးသမီးများ၏ စစ်ဘေးကာလ အခက်အခဲများ

March 23, 2024
1

ရခိုင်ပြည်၌ လတ်တလောဖြစ်ပွားနေသည့် စစ်ပွဲများကြား ရုန်းကန်လှုပ်ရှားနေကြရသည့် အနယ်နယ်အရပ်ရပ်မှ စစ်ဘေးရှောင်အမျိုးသမီးများ၏ ဘဝအခြေနေများကို Western News မှ မေးမြန်းစုစည်းတင်ပြထားခြင်းဖြစ်သည်။ကြမ်းတမ်းသည့် စစ်ဘေးကာလများကို ရခိုင်အမျိုးသမီးများ မည်ကဲ့သို့ရင်ဆိုင်နေကြရသည်နှင့် မည်သည့်အခက်ခဲများ တွေ့ကြုံနေရပြီး မည်ကဲ့သို့ ဖြတ်ကျော် ဖြေရှင်းနေရသည်ကို သိရှိရမည်ဖြစ်သည်။ ပုဏ္ဏားကျွန်း စစ်ရှောင်အမျိုးသမီး(မြောက်ဦးမြို့ကို ထွက်ပြေးတိမ်းရှောင်လာသူ) ” ပုဏ္ဏားကျွန်းက တစ်ခြားမြို့နယ်တွေထက် စစ်ရှောင်ကာလက ပိုများနေတယ်လို့ ပြောရမယ်။ မြို့တွင်း ဘာတိုက်ပွဲမှ မဖြစ်ခင်ကတည်းက မြို့ကို လက်နက်ကြီးပစ်ခတ်တာတွေ လုပ်တာကြောင့် မြို့ကိုစွန့်ခဲ့ကြရပြီ။ အခုထိလည်း မပြန်ကြရသေးဘူး။ အခက်ခဲလို့ပြောရင် ဒီကာလမှာအားလုံးက အခက်ခဲတွေပဲ။ ကျမမှာ ၉ နှစ်အောက် ကလေး ၃ ယောက်ရှိတယ်။ ယောက်ကျားကလည်း အနားမှာမရှိဘူး။ နိုင်ငံခြားမှာ

Continue Reading