ရခိုင်လွတ်မြောက်နယ်မြေတွင် စစ်ကောင်စီထုတ် အရက်ဘီယာများ ရောင်းအားကောင်းနေ
သတင်း
1 min read
554

ရခိုင်လွတ်မြောက်နယ်မြေတွင် စစ်ကောင်စီထုတ် အရက်ဘီယာများ ရောင်းအားကောင်းနေ

April 29, 2024
1

ရခိုင်ပြည် လွတ်မြောက်နယ်မြေများတွင် အာဏာသိမ်း စစ်ကောင်စီထုတ် အရက်၊ ဘီယာများ သုံးစွဲမှု အလွန်များပြားနေပြီး ဝယ်လိုအားများပြားနေကြောင်း အရောင်းဆိုင်များထံမှ သိရသည်။  အရက်ဘီယာများမှာ ဈေးနှုန်းများမှာ ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ ယခင်ပုံမှန်အတိုင်း လည်ပတ်သုံးစွဲလျက်ရှိကြောင်း မင်းပြားမြို့က အရောင်းပိုင်ရှင်တစ်ဦးက ပြောသည်။  ” အရင်အတိုင်းပါပဲ။ ကန့်သတ်ထားတာလည်းမရှိသလို သုံးစွဲမှုလည်း ပုံမှန်အတိုင်းပဲ။ အရက်ဘီယာကုန်စည်က အဝင်လည်းရှိတာပေါ့။ ကုန်စည်ဝင်လို့လည်း ပုံမှန်အတိုင်းရောင်းချနိုင်တာလေ။ အခုက ကုန်စည်လမ်းကြောင်းတွေကလည်း သိပ်အဆင်မပြေတော့ လူသုံးများတာတွေပဲ ယူရောင်းရတယ်။ အဓိကက မြန်မာဘီယာရယ်၊ အက်ဒမင်ရယ်ပဲ” ဟု ပြောသည်။ စစ်ကောင်စီက ထုတ်သော အရက်၊ ဘီယာများမှာ အမျိုးအစား ၁၀ ကျော်ရှိပြီး ယင်းအထဲက လက်ရှိ ရခိုင်ပြည်အတွင်း မြန်မာဘီယာနှင့် ANDAMAN

Continue Reading
အာရက္ခပြည်က လူမျိုးရေးအသွင်ဆောင် ပဋိပက္ခကို ဆန်းစစ်ခြင်း
သုံးသပ်ချက်
1 min read
973

အာရက္ခပြည်က လူမျိုးရေးအသွင်ဆောင် ပဋိပက္ခကို ဆန်းစစ်ခြင်း

April 27, 2024
0

ဇော်ထွန်း (မြောက်ဦး)_ရေးသည် ■ သမိုင်းကို အနည်းငယ်ပြန်လှန်ခြင်း ၁၅ ရာစု ရခိုင့်ဘုရင့်နိုင်ငံတော်ကို ရွှေခေတ်ဟု တင်စားသုံးနှုန်းကြလေ့ရှိကြသည်။ တင်စား၍ ရလောက်အောင်လည်း ဂုဏ်သတင်းကျော်စောခြင်း၊ ချမ်းသာကြွယ်ဝခြင်းနှင့် ဩဇာတိက္ကမကြီးမား ခြင်းတို့ရှိခဲ့သည်။ ထိုခေတ်က ဘုရင့်နေပြည်တော် မြောက်ဦးမြို့တွင် ဘာသာစုံ၊ လူမျိုးစုံတို့ ကူးလူးဆက်ဆံ နေထိုင်ခဲ့ကြသည်သာမက လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကိုပင် အာဏာပိုင်တို့က ခွင့်ပြုခဲ့ကြသည်။ ဘုရင်ကိုယ်တိုင် ခွင့်ပြုတည်ဆောက်ပေးခဲ့သော မြောက်ဦးမြို့အရှေ့ဖက် ပရိန်တောင်တန်းအနီးရှိ သံသီကန်ဗလီနှင့် မြောက်ဦးမြို့အနောက်တောင်ဖက် ဒိုင်းဂျီကမ်းရှိ ခရာစ်ယာန်ဘုရားရှိခိုးကျောင်းတို့က သက်သေတည်လျက်ရှိသည်။ တနည်းဆိုရလျှင် မြောက်ဦး မင်းနေပြည်တော်ကြီးသည် ဗဟုယဉ်ကျေးမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ငြိမ်းငြိမ်းချမ်းချမ်း တည်ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုရမည်။ အသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးခြင်းသည် ကြီးပွားတိုးတက်ခြင်း၏ အကြောင်းရင်းခံတစ်ရပ်ဖြစ်ပြီး ကြီးပွားတိုးတက်ခြင်းကလည်း

Continue Reading
သံတွဲမှာ တိုက်ပွဲကြောင့် လူဦးရေ တစ်သောင်းခန့် နေရပ်စွန့်ခွာ
နိုင်ငံရေး သတင်း
1 min read
543

သံတွဲမှာ တိုက်ပွဲကြောင့် လူဦးရေ တစ်သောင်းခန့် နေရပ်စွန့်ခွာ

April 26, 2024
0

ရခိုင်ပြည် သံတွဲမြို့နယ် သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီး စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် ‌AA တို့ တိုက်ပွဲပြင်းထန်နေ၍ အနီးအနားကျေးရွာ ၆ ရွာထက်မနည်းက လူဦးရေ တစ်သောင်းခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ AA နှင့် စစ်ကောင်စီတပ်တို့မှာ ဧပြီလ ၂၂ ရက်နေ့ကစ၍ သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီး ဒေါ်မြရွာ၊ ပုရစ်ရွာနှင့် ရေကောက်ရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေကြပြီး ယနေ့အချိန်အထိ တိုက်ပွဲက ပြင်းထန်နေသည်။ ရွှေလှေဒေသခံတစ်ဦးက ” ရေအားလျှပ်စစ်စီမံကိန်းအနီးမှာ ရွှေလှေအပါအဝင် ထိုဖက်ကမ်းမှာဆိုရင် ကျေးရွာ ၆ ရွာထက်မနည်းရှိတယ်။ အဲက ရွားသားတွေက အကုန်လုံး စစ်ရှောင်နေကြရပြီ။ ခန့်မှန်းရင်တော့ တစ်သောင်းလောက်တော့ ရှိမယ်ထင်တာပဲ။ ရွှေလှေနဲ့ ဒီဖက်ကမ်းမှာရှိတဲ့ ရွာတွေက အနည်းငယ်လောက်ပဲ စစ်ရှောင်နေကြတယ်။

Continue Reading
UN လူ့အခွင့်အရေးအကြီးအကဲ Turk ကို AA က ဘယ်လို တုန့်ပြန်သလဲ
သတင်း
1 min read
146

UN လူ့အခွင့်အရေးအကြီးအကဲ Turk ကို AA က ဘယ်လို တုန့်ပြန်သလဲ

April 24, 2024
1

ကုလသမဂ္ဂ UN ၏ လူ့အခွင့်အရေးကော်မရှင်နာအကြီးအကဲ Volker Türk က ရခိုင်ပြည်အတွင်း လတ်တလော ဖြစ်ပွားနေသော အခြေအနေများကို ဧပြီလ ၁၉ ရက်နေ့က ထုတ်ပြန်ပြောဆိုခဲ့သည်။ Turk ၏ ပြောဆိုချက်မှာ မွတ်ဆလင်လူမျိုးသည် ရခိုင်ပြည်၏ ဇာတ်ကောင်ထဲတွင် ပစ်မှတ်ထားခံနေရပြီး နောက်ထပ်တစ်ကြိမ် ပစ်မှတ်ထားရန် ခွင့်မပြုသင့်ကြောင်း၊ စစ်အာဏာရှင်အား တော်လှန်နေသော အာရက္ခတပ်တော် AA ကို မွတ်ဆလင်များအား လူမျိုးတုန်းသတ်ဖြတ်ပြီး လက်ရှိလည်း နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည့် မြန်မာစစ်တပ်လည်းဖြစ် စစ်ကောင်စီနှင့် တန်းတူထား ပြောဆိုခြင်း၊ ရခိုင်ပြည်မှာ ရခိုင်တိုင်းရင်းသားများလည်း အကြမ်းဖက်ခံနေရသည်ကို မျက်ကွယ်ပြုပြီး မွတ်ဆလင်များသာ အကြမ်းဖက်သတ်ဖြတ်ခံနေရသည်ဟု ပြောဆိုခြင်းနှင့် စစ်ကောင်စီ၏ အကြမ်းဖက်ကျူးလွန်နေသည့်

Continue Reading
AA ကို အလိုမရှိကြောင်း မနက်ဖြန် ဆန္ဒပြရန် စစ်တွေက မွတ်ဆလင်များကို စစ်ကောင်စီက ဖိအားပေးနေ
နိုင်ငံရေး
1 min read
828

AA ကို အလိုမရှိကြောင်း မနက်ဖြန် ဆန္ဒပြရန် စစ်တွေက မွတ်ဆလင်များကို စစ်ကောင်စီက ဖိအားပေးနေ

April 19, 2024
0

အာရက္ခတပ်တော် AA ကို အလိုမရှိကြောင်းနှင့် စစ်ပွဲများ ရပ်တန့်ရေး မနက်ဖြန် ဆန္ဒပြကြရန် စစ်တွေက မွတ်ဆလင်များကို အာဏာသိမ်း စစ်ကောင်စီက လော်စပီကာဖြင့်အော်ပြီး အတင်းအဓမ္မဖိအားပေးနေကြောင်း အခေါ်ခံရသည့် မွတ်ဆလင်များထံမှ သိရသည်။ စစ်တွေမြို့အတွင်းက အင်ဘာလာ (ခေါ်) အောင်မင်္ဂလာရပ်ကွက်၊ မကျည်းမြိုင်ရပ်ကွက်၊ ကသည်းရပ်ကွက်၊ ဘုမေရပ်ကွက်နှင့် မြို့အနီး မွတ်ဆလင်ကျေးရွာများတွင် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အတင်းခေါ်ယူခံရသော ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် မွတ်ဆလင်အချို့ ပူးပေါင်းပြီး ယနေ့ ဧပြီလ နေ့လယ် ၂ နာရီကျော်အချိန်က လော်စပီကာများဖြင့်အော်ကာ ဖိအားပေးနေကြောင်း ဘုမေရပ်ကွက်ဒေသခံ မွတ်ဆလင်လူငယ်တစ်ဦးက ပြောသည်။ Western News ၏ စစ်တွေဒေသခံ သတင်းရင်းမြစ်တစ်ဦး၏ ပြောဆိုချက်အရ မနက်ဖြန် ဆန္ဒပြမည့်

Continue Reading
စစ်တွေတွင် ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုကြောင့် မွတ်ဆလင် ကလေးငယ် ၈၀ နီးပါး သေဆုံး
ကျန်းမာရေး
1 min read
451

စစ်တွေတွင် ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုကြောင့် မွတ်ဆလင် ကလေးငယ် ၈၀ နီးပါး သေဆုံး

April 19, 2024
0

ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း ဒုက္ခသည်ကန့်များနှင့် ကျေးရွာများတွင် ဆေးဝါးပြတ်လပ်မှုကြောင့် ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွါးနေ၍ နှစ်ပတ်အတွင်း မွတ်ဆလင် ကလေးငယ် ၈၀ နီးပါး သေဆုံးသွားကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။ ပြီးခဲ့သည့် နှစ်ပတ်လောက် စတင်ပြီး  ဝမ်းပျက် ဝမ်းလျှောမှု ဖြစ်ပွားခြင်း ဖြစ်ပြီး  သေဆုံးမှုမှာ အသက် ၁၂ နှစ်အောက်ကလေးများ အများဆုံးဖြစ်ကာ သက်ကြီးပိုင်းတစ်ချို့လည်း ပါဝင်ကြောင်း သေဆုံးစာရင်းကောက်ယူထား သူများက ပြောသည်။ မွတ်ဆလင်ဒုက္ခသည် စခန်းများဖြစ်သည့် အုန်းတောကြီး၊ (တောင်)ကန့်တွင် သေဆုံးသူ ၂၇ဦး၊  ဆေးသမားကြီး ကန့်တွင် ၂၇ ဦး၊ အုန်းတောကြီးချေတွင် ၃ဦး၊ အုန်းတောကြီး (မြောက်) တွင်

Continue Reading
မွတ်ဆလင်လူငယ် ၅ သောင်းကို AA နှင့်ပူးပေါင်းရန် ဆွေးနွေးချက် ရိုနေဆန်းလွင် ငြင်း
သတင်း
1 min read
665

မွတ်ဆလင်လူငယ် ၅ သောင်းကို AA နှင့်ပူးပေါင်းရန် ဆွေးနွေးချက် ရိုနေဆန်းလွင် ငြင်း

April 19, 2024
0

နိုင်ငံတဝန်း အကြမ်းဖက်မှုပေါင်းမျိုးစုံကို ဆက်တိုက်ကျူးလွန်နေသည့် အာဏာသိမ်း စစ်ကောင်စီက မွတ်ဆလင်ခေါင်းဆောင် ရိုနေဆန်းလွင်နှင့် ဦးထွန်းခင်တို့သည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် မွတ်ဆလင်လူငယ် ၅ သောင်းကို AA နှင့် ပူးပေါင်းရန် ဆွေးနွေးခဲ့သည်ဟု စွပ်စွဲပြောဆိုထားသည်။  စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဧပြီလ ၁၉ ရက်နေ့တွင် ၎င်းတို့၏ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနမှတစ်ဆင့် ထုတ်ပြန် စွပ်စွဲခဲ့ခြင်းဖြစ်သည်။  ရိုနေဆန်းလွင်နှင့် ဦးထွန်းခင်တို့သည် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများသို့ သွားရောက်ပြီး အာရက္ခတပ်တော် AA ၏ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် တွေ့ဆုံကာ မွတ်ဆလင်လူငယ် ၅ သောင်းကို AA

Continue Reading
အမ်းက စစ်ရှောင်ကျေးရွာများမှ စားနပ်ရိက္ခာများကို စစ်ကောင်စီတပ်သားများ ခိုးယူနေ
သတင်း
1 min read
602

အမ်းက စစ်ရှောင်ကျေးရွာများမှ စားနပ်ရိက္ခာများကို စစ်ကောင်စီတပ်သားများ ခိုးယူနေ

April 18, 2024
0

ရခိုင်ပြည် အမ်းမြို့နယ်အတွင်းက စစ်ရှောင်ကျေးရွာများထံမှ စားနပ်ရိက္ခာများကို စစ်ကောင်စီတပ်သားများမှ အလစ်သုတ်ခိုးယူနေကြောင်း မျက်မြင်ဒေသခံများထံမှ သိရသည်။  ပြီးခဲ့သည့် လကစ၍ အမ်းမြို့နယ်အတွင်း ကျေးရွာများကို စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းများမှ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မှုကြောင့် အမ်းမြို့ပတ်ဝန်းကျင်အနီးရှိ ကျေးရွာပေါင်း ၂၀ ထက်မနည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။  ရွာသားများ စစ်ဘေးရှောင်နေစဉ် ရွာသားများထားခဲ့သော ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်၊ ဝက်၊ ဘဲ၊ ဆိတ် စသည့် စားနပ်ရိက္ခာအပြင် အခြားသော အသုံးအဆောင်ပစ္စည်းများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကင်းလှည့်ဟန်ဆောင်၍ အလစ်သုတ် ခိုးယူသုံးစွဲနေကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။  ” ကျေးရွာက ရာအိမ်မှူးတချို့နဲ့ပေါင်းပြီး ရိက္ခာတွေယူနေတာ။ နေအိမ်တွေမှာ ကျန်ခဲ့တဲ့

Continue Reading
မာန်အောင် သစ်ပုံရွာသားများကို စစ်ကောင်စီက အတင်းပြောင်းရွှေ့ခိုင်းနေ
သတင်း
1 min read
725

မာန်အောင် သစ်ပုံရွာသားများကို စစ်ကောင်စီက အတင်းပြောင်းရွှေ့ခိုင်းနေ

April 18, 2024
0

ရခိုင်ပြည် မာန်အောင်မြို့နယ် သစ်ပုံကျေးရွာမှ အိမ်ထောင်စု ၂၀၀ ကျော်ကို အာဏာသိမ်း စစ်ကောင်စီတပ်သားများမှ အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းနေကြောင်း ရွာသးများထံမှ သိရသည်။  ယနေ့ ဧပြီလ ၁၈ ရက် နံနက်ပိုင်းက သစ်ပုံကျေးရွာကို စစ်ကောင်စီတပ်သား အများအပြား ရောက်ရှိလာပြီး ငှက်ပျောတော ရပ်ကွက်နှင့် အနောက်ပါး ရပ်ကွက်က အိမ်ထောင်စုများ ပြောင်းရွှေ့ပေးရမည်ဟု ပြောဆိုသွားသည်။  မည်သည့်အတွက်ကြောင်း ပြောင်းရွှေ့ပေးရမည်ဟု စစ်ကောင်စီတပ်သားများမှ တိတိကျကျ ပြောဆိုခြင်းမရှိဘဲ လာမည့် ၂၅ ရက်နေ့ နောက်ဆုံးထား၍ ပြောင်းပေးရမည်ဟု မှားကြားခဲ့ကြောင်း ရွားသားတစ်ဦးက ပြောသည်။  ” သူတို့ သတ်မှတ်ထားတဲ့နေရာက မာန်အောင်အလယ်ပိုင်း ကျွန်းတစ်ခုပဲ။ မြေနီတောင်နဲ့ နီးတယ်။ ပန်းခြံရွာနဲ့ ဖက်ယားကျေးရွာဖက်တွေကို

Continue Reading
ဘူးသီးတောင်မှာ ARSA နှင့် ARA အကြမ်းဖက်မှုမြင့်တက်
သတင်း
1 min read
1150

ဘူးသီးတောင်မှာ ARSA နှင့် ARA အကြမ်းဖက်မှုမြင့်တက်

April 18, 2024
0

ဒေသခံ ၁၇၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းထားပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေ ရခိုင်ပြည် ဘူးသီးတောင်မြို့တွင် ဧပြီလ ၁၂ ရက်နေ့ကစ၍ မွတ်ဆလင်အကြမ်းဖက်အဖွဲ့ ARSA မှ အပြစ်မဲ့ အရပ်သားများဖမ်းဆီးကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရင်းမြစ်များနှင့် အိန္ဒိယသတင်းဌာနများထံမှ သိရသည်။  ဘူးသီးတောင်မြို့တွင် အကြမ်းဖက်နေသော အဖွဲ့မှာ ARSA တစ်ခုတည်းမဟုတ်ဘဲ အကြမ်းဖက်မွတ်ဆလင်များဖြင့် ဖွဲ့ထားသော ARA (Arakan Rohingya Army) အဖွဲ့အစည်းလည်းပါဝင်ပြီး မြို့ပေါ်က အပြစ်မဲ့ အရပ်သားပြည်သူ ၁၇၂၀ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားကာ နေအိမ် ၂၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ ဧပြီလ ၁၅ ရက်နေ့က ဘူးသီးတောင်မြို့ရှိ နယ်စည်းမခြားဆရာဝန်များအဖွဲ့

Continue Reading