၅ ရက်အတွင်း ဘူးသီးတောင်က ခမရ ၅၆၄ တပ်ရင်းဌာနချုပ်ကို AA သိမ်းပိုက်
သတင်း
1 min read
849

၅ ရက်အတွင်း ဘူးသီးတောင်က ခမရ ၅၆၄ တပ်ရင်းဌာနချုပ်ကို AA သိမ်းပိုက်

ဧပြီ ၅ - ၂၀၂၄
0

ဧပြီလ ၁ ရက်နေ့က စတင်တိုက်ခိုက်ခဲ့သည့် ရခိုင်ပြည် ဘူးသီးတောင်မြို့က စစ်ကောင်စီ၏ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်ကို ရက္ခိုင့်တပ်တော် AA မှ ဧပြီလ ၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။  စစ်ကောင်စီ၏ ၅၆၄ တပ်ရင်းဌာနချုပ်ကို ယမန်နေ့ ဧပြီလ ၅ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် တပ်ရင်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့ နံနက် အစောပိုင်းက ရက္ခိုင့်တပ်တော် AA မှ ထုတ်ပြန်ကြေညာထားသည်။  ခမရ ၅၆၄ သည် ဘူးသီးတောင်မြို့၏ အရေးပါသော တပ်ရင်းဌာနချုပ်တစ်ခုဖြစ်ပြီး စကခ (၁၅) လက်အောက်ခံဖြစ်သည်။  စစ်ကောင်စီသည် ဘူးသီးတောင်မြို့၏ အရေးပါသော ခမရ

Continue Reading
မာန်အောင်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွာသားဘက်က မရပ်ဘဲ စစ်ကောင်စီဘက်က ရပ်တည်ပေးနေ
သတင်း
1 min read
400

မာန်အောင်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွာသားဘက်က မရပ်ဘဲ စစ်ကောင်စီဘက်က ရပ်တည်ပေးနေ

ဧပြီ ၅ - ၂၀၂၄
0

ရခိုင်ပြည် မာန်အောင်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ ရွာသားဘက်က မရပ်တည်ပေးဘဲ အာဏာသိမ်း စစ်ကောင်စီဘက်မှ ရပ်တည်ပေးနေ၍ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရွာသားများကြား ပဋိပက္ခဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။  အာဏာသိမ်းစစ်ကောင်စီသည် မာန်အောင်မြို့နယ်အတွင်း အသက် ၁၈ နှစ်နှင့် ၄၅ နှစ်အတွင်းရှိသော လူငယ်များကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကတစ်ဆင့် အတင်းအဓ္ဓမခေါ်ယူနေပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကလည်း စစ်ကောင်စီ ခိုင်းသည့်အတိုင်း ရပ်ရွာအတွင်း လိုက်လံခေါ်ယူနေကြောင်း ဒေသခံရွာသားများက ပြောဆိုကြသည်။  အိုးဝေကျေးရွာဒေသခံတစ်ဦးက ” ကျနော်တို့ရွာမှာ အုပ်ချုပ်ရေးမှူးက ကျေးရွာသားတွေနဲ့အတူ ရှိမနေဘူး။ သူကိုယ်တိုင်က ရွာသားတွေကို စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်ပြီး ခြိမ်းခြောက်တာတွေလုပ်နေတယ်။ အခုရက်ပိုင်းအတွင်းမှာကိုက စာရင်းပေးရတော့မယ်ဆိုတော့ ဒီကလူတွေက ရှောင်နေကြပြီ။ ရှောင်နေတဲ့ဆိုပေမယ့် ကျနော်တို့က လွတ်လွတ်လပ်လပ်သွားလာခွင့်လည်း ရထားတာမဟုတ်ဘူး။ အသက်အန္တာရာယ်ကြားထဲမှာပဲ

Continue Reading
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁၀၀၀ ကျော်တိုးလာ
သတင်း
1 min read
279

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁၀၀၀ ကျော်တိုးလာ

ဧပြီ ၅ - ၂၀၂၄
0

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူအရေအတွက် ၁၀၀၀ ကျော်တိုးလာကြောင်း ဧပြီလ ၄ ရက်နေ့က ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာအေဂျင်စီ ယူနီဆက်ဖ်က ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။  မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ဖောက်ခွဲရေးပစ္စည်းများကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်များ အပါအဝင် အရပ်သား အသေအပျောက် အရေအတွက်သည် ယမန်နှစ်ကထက် နှစ်ဆကျော် မြင့်တက်လာခဲ့ကြောင်း ယူနီဆက်ဖ်က ပြောသည်။  မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော အကြွင်းအကျန်များကြောင့် အသေအပျောက် ၂၇၀ ရာခိုင်နှုန်း ခုန်တက်သွားကာ ၂၀၂၃ ခုနှစ်တွင် ၁၈၈ ဦး သေဆုံးကာ ၈၆၄ ဦး ဒဏ်ရာရရှိခဲ့သည်။  ၂၀၂၂ ခုနှစ်တွင် အသေအပျောက် ၃၉၀ ထက်မနည်း တိုးမြင့်လာခဲ့ပြီး ယမန်နှစ်က မြေမြှုပ်မိုင်းဒဏ်ခံရသူအားလုံး၏

Continue Reading
“အဓမ္မစစ်သားစုဆောင်ရပြီး ထွက်ပြေးလာတဲ့ မွတ်ဆလင်တွေကို စစ်ကောင်စီက လိုက်လံ ရှာဖွေနေ၊ မတွေ့ရှိပါက မိသားစုဝင်များကို ဖမ်းဆီး”
နိုင်ငံရေး ရုပ်သံ သတင်း အင်တာဗျူး
1 min read
462

“အဓမ္မစစ်သားစုဆောင်ရပြီး ထွက်ပြေးလာတဲ့ မွတ်ဆလင်တွေကို စစ်ကောင်စီက လိုက်လံ ရှာဖွေနေ၊ မတွေ့ရှိပါက မိသားစုဝင်များကို ဖမ်းဆီး”

ဧပြီ ၅ - ၂၀၂၄
2

“အဓမ္မစစ်သားစုဆောင်ရပြီး ထွက်ပြေးလာတဲ့ မွတ်ဆလင်တွေကို စစ်ကောင်စီက လိုက်လံ ရှာဖွေနေ၊ မတွေ့ရှိပါက မိသားစုဝင်များကို ဖမ်းဆီး” စတာတွေ အပါအဝင် ရခိုင်ပြည်အတွင်း မွတ်ဆင်လင်တွေရဲ့အခြေအနေကို မေးမြန်းထားပါတယ်။

Continue Reading
စစ်ကောင်စီနှင့် AA ကြား ဝင်ရောက်စေ့စပ်ညှိနှိုင်းပေးမည်ဟု တရုတ်ပြော
နိုင်ငံရေး သတင်း
1 min read
1142

စစ်ကောင်စီနှင့် AA ကြား ဝင်ရောက်စေ့စပ်ညှိနှိုင်းပေးမည်ဟု တရုတ်ပြော

ဧပြီ ၅ - ၂၀၂၄
0

ရခိုင်ပြည်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ကြား အပြုသဘောဆောင်သောဘက်မှ ကြားဝင်စေ့စပ်ညှိနှိုင်းပေးသွားမည်ဟု တရုတ်နိုင်ငံက ပြောဆိုလိုက်သည်။  ယမန်နေ့ ဧပြီလ ၄ ရက်နေ့တွင် ကျင်းပခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် Geng Shuang က ပြောကြားခဲ့ကြောင်း ဧပြီလ ၅ ရက်တွင် တရုတ်အစိုးရပိုင် CGTN သတင်းက ဖော်ပြသည်။  တိုက်ပွဲများ ပြန်လည်ပြင်းထန်စွာဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် မြေပြင်အခြေအနေ အမြန်ဆုံးတည်ငြိမ်စေရန်အတွက် တရုတ်နိုင်ငံက အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဟု Geng ကတိပြုခဲ့သည်။ “မြန်မာနိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ ရခိုင်ပြည်တွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို နီးကပ်စွာ လိုက်နာဆောင်ရွက်လျက်ရှိပါတယ်”

Continue Reading
အပူပြင်းဆုံးရာသီဝင်လာ၍ ရခိုင်ကစစ်ရှောင်များ သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရ
သတင်း
1 min read
312

အပူပြင်းဆုံးရာသီဝင်လာ၍ ရခိုင်ကစစ်ရှောင်များ သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရ

ဧပြီ ၅ - ၂၀၂၄
0

အပူပြင်းဆုံးရာသီဝင်လာပြီဖြစ်သဖြင့် ရခိုင်ပြည်အတွင်းက အိုးအိမ်စွန့်ခွာရသူ စစ်ရှောင်များမှာ သောက်သုံးရေရှားပါးမှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ယူအန်အိုချာ (UNOCHA) က ဧပြီလ ၅ ရက်နေ့မှာ ထုတ်ပြန်ပြောသည်။  ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်၊ ယိုးတရုပ်၊ ‌ယိုးငူ၊ သရက်ချို၊ အောင်ဖြူပြင်၊ ပန်းနီလာ၊ ကြံခင်း၊ တောင်နားရွာနှင့် ကျင်တလင်းရွာ စသည့် ကျေးရွာများတွင် သောက်သုံးရေရှားပါးနေကာ မသန့်ရှင်းသောရေကို သောက်သုံးနေရသည်ဟု ဒေသခံများထံမှ သိရသည်။  အဆိုပါ ကျေးရွာများတွင် မူလနေထိုင်သူ ကျေးရွာသားများအပြင် ပုဏ္ဏားကျွန်းမြို့ပေါ်နှင့် အခြားသော ကျေးရွာများမှ လာရောက်ခိုလှုံကြသော စစ်ရှောင်အရေအတွက် များစွာရှိနေကြသည်။  မသန့်ရှင်းသောရေကို သောက်သုံးနေရ၍ ကလေးငယ်များနှင့် အမျိုးသမီးအများစုမှာ ခန္ဓာကိုယ်ယားယံမှုနှင့် ဝမ်းပျက်ဝမ်းလျော့ရောဂါကို ခံစားနေရသည်ဟု သရက်ချိုကျေးရွာသို့ ပုဏ္ဏားကျွန်းမြို့ပေါ်မှ စစ်ရှောင်လာသူ

Continue Reading