AA က သိမ်းပိုက်ထားသော မြို့နယ်များကို နေ့ည မကျန် လေကြောင်းဖြင့် စစ်ကောင်စီ ဗုံးကြဲနေ
ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထားသော မြို့နယ်များကို စစ်ကောင်စီက လေကြောင်းဖြင့် နေ့ညပါမကျန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများမှာ သေဆုံးမှုများ မြင့်တက်လာနေပြီး ပြည်သူများမှာ စိုးရိမ် ထိတ်လန့်မှုများ ဖြစ်နေကြရသည်။ ပလက်ဝ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ရသေ့တောင်၊ တောင်ပြိုစသော မြို့များကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့်မြို့များကို တစိတ်ဒေသ သိမ်းပိုက်ထားသည်။ ယင်းကဲ့သို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် အရပ်သားပြည်သူများမှာ နေ့စဉ်ရက်ဆက် သေဆုံးမှုများ မြင့်တက်လာနေပြီး လက်ရှိတွင်လည်း ပြည်သူများမှာ ထိတ်လန့်နေရကာ ကျီးလန့်စာစား ဖြစ်နေရကြောင်း မင်းပြားမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။ “ဒရုန်းတွေ၊ ဂျက်တိုက်လေယာဉ်တွေက
ရခိုင်နှင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အပြန်အလှန်ကုန်သွယ်
ရခိုင်ပြည်ကို စစ်ကောင်စီက ကုန်စည်စီးဆင်းခွင့် ပိတ်ပင်ထားသော်လည်း ပြီးခဲ့သည့်လကစ၍ ရခိုင်နှင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အပြန်အလှန် ကုန်သွယ်နေကြပြီဟု ဒေသခံကုန်သည်များထံမှ သိရသည်။ အာဏာသိမ်း စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစ၍ ရခိုင်ပြည်ကို အခြားသော ပြည်မမြို့များနှင့် ရေလမ်း၊ ကုန်းလမ်း ဖြတ်တောက်ကာ ကုန်စည်စီးဆင်းခွင့်ကို ပိတ်ပင်ခဲ့သည်။ ထိုကဲ့သို့ ပိတ်ပင်မှုကြောင့် ရခိုင်ပြည်တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ငရုပ်၊ ကြက်သွန်၊ မုန့်မျိုးစုံနှင့် ဆေးဝါးများ စသည်တို့မှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ ဖူလုံမှုမရှိဘဲ ရင်ဆိုင်ခဲ့ကြရသည်။ သို့သော်လည်း ပလက်ဝ၊ ကျောက်တော်၊ ရသေ့တောင်မြို့နှင့် မောင်တောခရိုင်က စစ်ကောင်စီတပ်စခန်းအချို့ကို ရက္ခိုင့်တပ်တော် AA