အမ်းက စစ်ရှောင်ကျေးရွာများမှ စားနပ်ရိက္ခာများကို စစ်ကောင်စီတပ်သားများ ခိုးယူနေ
ရခိုင်ပြည် အမ်းမြို့နယ်အတွင်းက စစ်ရှောင်ကျေးရွာများထံမှ စားနပ်ရိက္ခာများကို စစ်ကောင်စီတပ်သားများမှ အလစ်သုတ်ခိုးယူနေကြောင်း မျက်မြင်ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် လကစ၍ အမ်းမြို့နယ်အတွင်း ကျေးရွာများကို စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းများမှ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မှုကြောင့် အမ်းမြို့ပတ်ဝန်းကျင်အနီးရှိ ကျေးရွာပေါင်း ၂၀ ထက်မနည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။ ရွာသားများ စစ်ဘေးရှောင်နေစဉ် ရွာသားများထားခဲ့သော ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်၊ ဝက်၊ ဘဲ၊ ဆိတ် စသည့် စားနပ်ရိက္ခာအပြင် အခြားသော အသုံးအဆောင်ပစ္စည်းများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကင်းလှည့်ဟန်ဆောင်၍ အလစ်သုတ် ခိုးယူသုံးစွဲနေကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။ ” ကျေးရွာက ရာအိမ်မှူးတချို့နဲ့ပေါင်းပြီး ရိက္ခာတွေယူနေတာ။ နေအိမ်တွေမှာ ကျန်ခဲ့တဲ့
မာန်အောင် သစ်ပုံရွာသားများကို စစ်ကောင်စီက အတင်းပြောင်းရွှေ့ခိုင်းနေ
ရခိုင်ပြည် မာန်အောင်မြို့နယ် သစ်ပုံကျေးရွာမှ အိမ်ထောင်စု ၂၀၀ ကျော်ကို အာဏာသိမ်း စစ်ကောင်စီတပ်သားများမှ အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းနေကြောင်း ရွာသးများထံမှ သိရသည်။ ယနေ့ ဧပြီလ ၁၈ ရက် နံနက်ပိုင်းက သစ်ပုံကျေးရွာကို စစ်ကောင်စီတပ်သား အများအပြား ရောက်ရှိလာပြီး ငှက်ပျောတော ရပ်ကွက်နှင့် အနောက်ပါး ရပ်ကွက်က အိမ်ထောင်စုများ ပြောင်းရွှေ့ပေးရမည်ဟု ပြောဆိုသွားသည်။ မည်သည့်အတွက်ကြောင်း ပြောင်းရွှေ့ပေးရမည်ဟု စစ်ကောင်စီတပ်သားများမှ တိတိကျကျ ပြောဆိုခြင်းမရှိဘဲ လာမည့် ၂၅ ရက်နေ့ နောက်ဆုံးထား၍ ပြောင်းပေးရမည်ဟု မှားကြားခဲ့ကြောင်း ရွားသားတစ်ဦးက ပြောသည်။ ” သူတို့ သတ်မှတ်ထားတဲ့နေရာက မာန်အောင်အလယ်ပိုင်း ကျွန်းတစ်ခုပဲ။ မြေနီတောင်နဲ့ နီးတယ်။ ပန်းခြံရွာနဲ့ ဖက်ယားကျေးရွာဖက်တွေကို
ဘူးသီးတောင်မှာ ARSA နှင့် ARA အကြမ်းဖက်မှုမြင့်တက်
ဒေသခံ ၁၇၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းထားပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေ ရခိုင်ပြည် ဘူးသီးတောင်မြို့တွင် ဧပြီလ ၁၂ ရက်နေ့ကစ၍ မွတ်ဆလင်အကြမ်းဖက်အဖွဲ့ ARSA မှ အပြစ်မဲ့ အရပ်သားများဖမ်းဆီးကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရင်းမြစ်များနှင့် အိန္ဒိယသတင်းဌာနများထံမှ သိရသည်။ ဘူးသီးတောင်မြို့တွင် အကြမ်းဖက်နေသော အဖွဲ့မှာ ARSA တစ်ခုတည်းမဟုတ်ဘဲ အကြမ်းဖက်မွတ်ဆလင်များဖြင့် ဖွဲ့ထားသော ARA (Arakan Rohingya Army) အဖွဲ့အစည်းလည်းပါဝင်ပြီး မြို့ပေါ်က အပြစ်မဲ့ အရပ်သားပြည်သူ ၁၇၂၀ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားကာ နေအိမ် ၂၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ ဧပြီလ ၁၅ ရက်နေ့က ဘူးသီးတောင်မြို့ရှိ နယ်စည်းမခြားဆရာဝန်များအဖွဲ့