AA ကို အလိုမရှိကြောင်း မနက်ဖြန် ဆန္ဒပြရန် စစ်တွေက မွတ်ဆလင်များကို စစ်ကောင်စီက ဖိအားပေးနေ
အာရက္ခတပ်တော် AA ကို အလိုမရှိကြောင်းနှင့် စစ်ပွဲများ ရပ်တန့်ရေး မနက်ဖြန် ဆန္ဒပြကြရန် စစ်တွေက မွတ်ဆလင်များကို အာဏာသိမ်း စစ်ကောင်စီက လော်စပီကာဖြင့်အော်ပြီး အတင်းအဓမ္မဖိအားပေးနေကြောင်း အခေါ်ခံရသည့် မွတ်ဆလင်များထံမှ သိရသည်။ စစ်တွေမြို့အတွင်းက အင်ဘာလာ (ခေါ်) အောင်မင်္ဂလာရပ်ကွက်၊ မကျည်းမြိုင်ရပ်ကွက်၊ ကသည်းရပ်ကွက်၊ ဘုမေရပ်ကွက်နှင့် မြို့အနီး မွတ်ဆလင်ကျေးရွာများတွင် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အတင်းခေါ်ယူခံရသော ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် မွတ်ဆလင်အချို့ ပူးပေါင်းပြီး ယနေ့ ဧပြီလ နေ့လယ် ၂ နာရီကျော်အချိန်က လော်စပီကာများဖြင့်အော်ကာ ဖိအားပေးနေကြောင်း ဘုမေရပ်ကွက်ဒေသခံ မွတ်ဆလင်လူငယ်တစ်ဦးက ပြောသည်။ Western News ၏ စစ်တွေဒေသခံ သတင်းရင်းမြစ်တစ်ဦး၏ ပြောဆိုချက်အရ မနက်ဖြန် ဆန္ဒပြမည့်
စစ်တွေတွင် ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုကြောင့် မွတ်ဆလင် ကလေးငယ် ၈၀ နီးပါး သေဆုံး
ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း ဒုက္ခသည်ကန့်များနှင့် ကျေးရွာများတွင် ဆေးဝါးပြတ်လပ်မှုကြောင့် ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွါးနေ၍ နှစ်ပတ်အတွင်း မွတ်ဆလင် ကလေးငယ် ၈၀ နီးပါး သေဆုံးသွားကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။ ပြီးခဲ့သည့် နှစ်ပတ်လောက် စတင်ပြီး ဝမ်းပျက် ဝမ်းလျှောမှု ဖြစ်ပွားခြင်း ဖြစ်ပြီး သေဆုံးမှုမှာ အသက် ၁၂ နှစ်အောက်ကလေးများ အများဆုံးဖြစ်ကာ သက်ကြီးပိုင်းတစ်ချို့လည်း ပါဝင်ကြောင်း သေဆုံးစာရင်းကောက်ယူထား သူများက ပြောသည်။ မွတ်ဆလင်ဒုက္ခသည် စခန်းများဖြစ်သည့် အုန်းတောကြီး၊ (တောင်)ကန့်တွင် သေဆုံးသူ ၂၇ဦး၊ ဆေးသမားကြီး ကန့်တွင် ၂၇ ဦး၊ အုန်းတောကြီးချေတွင် ၃ဦး၊ အုန်းတောကြီး (မြောက်) တွင်
မွတ်ဆလင်လူငယ် ၅ သောင်းကို AA နှင့်ပူးပေါင်းရန် ဆွေးနွေးချက် ရိုနေဆန်းလွင် ငြင်း
နိုင်ငံတဝန်း အကြမ်းဖက်မှုပေါင်းမျိုးစုံကို ဆက်တိုက်ကျူးလွန်နေသည့် အာဏာသိမ်း စစ်ကောင်စီက မွတ်ဆလင်ခေါင်းဆောင် ရိုနေဆန်းလွင်နှင့် ဦးထွန်းခင်တို့သည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် မွတ်ဆလင်လူငယ် ၅ သောင်းကို AA နှင့် ပူးပေါင်းရန် ဆွေးနွေးခဲ့သည်ဟု စွပ်စွဲပြောဆိုထားသည်။ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဧပြီလ ၁၉ ရက်နေ့တွင် ၎င်းတို့၏ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနမှတစ်ဆင့် ထုတ်ပြန် စွပ်စွဲခဲ့ခြင်းဖြစ်သည်။ ရိုနေဆန်းလွင်နှင့် ဦးထွန်းခင်တို့သည် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများသို့ သွားရောက်ပြီး အာရက္ခတပ်တော် AA ၏ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် တွေ့ဆုံကာ မွတ်ဆလင်လူငယ် ၅ သောင်းကို AA