ရခိုင်လွတ်မြောက်နယ်မြေတွင် စစ်ကောင်စီထုတ် အရက်ဘီယာများ ရောင်းအားကောင်းနေ
သတင်း
1 min read
572

ရခိုင်လွတ်မြောက်နယ်မြေတွင် စစ်ကောင်စီထုတ် အရက်ဘီယာများ ရောင်းအားကောင်းနေ

ဧပြီ ၂၉ - ၂၀၂၄
1

ရခိုင်ပြည် လွတ်မြောက်နယ်မြေများတွင် အာဏာသိမ်း စစ်ကောင်စီထုတ် အရက်၊ ဘီယာများ သုံးစွဲမှု အလွန်များပြားနေပြီး ဝယ်လိုအားများပြားနေကြောင်း အရောင်းဆိုင်များထံမှ သိရသည်။  အရက်ဘီယာများမှာ ဈေးနှုန်းများမှာ ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ ယခင်ပုံမှန်အတိုင်း လည်ပတ်သုံးစွဲလျက်ရှိကြောင်း မင်းပြားမြို့က အရောင်းပိုင်ရှင်တစ်ဦးက ပြောသည်။  ” အရင်အတိုင်းပါပဲ။ ကန့်သတ်ထားတာလည်းမရှိသလို သုံးစွဲမှုလည်း ပုံမှန်အတိုင်းပဲ။ အရက်ဘီယာကုန်စည်က အဝင်လည်းရှိတာပေါ့။ ကုန်စည်ဝင်လို့လည်း ပုံမှန်အတိုင်းရောင်းချနိုင်တာလေ။ အခုက ကုန်စည်လမ်းကြောင်းတွေကလည်း သိပ်အဆင်မပြေတော့ လူသုံးများတာတွေပဲ ယူရောင်းရတယ်။ အဓိကက မြန်မာဘီယာရယ်၊ အက်ဒမင်ရယ်ပဲ” ဟု ပြောသည်။ စစ်ကောင်စီက ထုတ်သော အရက်၊ ဘီယာများမှာ အမျိုးအစား ၁၀ ကျော်ရှိပြီး ယင်းအထဲက လက်ရှိ ရခိုင်ပြည်အတွင်း မြန်မာဘီယာနှင့် ANDAMAN

Continue Reading