DMG သတင်းထောက်နှင့် ရုံးဝန်ထမ်း အကြမ်းဖက်မှုပုဒ်မဖြင့် ထပ်တိုးအမှုဖွင့်ခံရ
သတင်း
1 min read
365

DMG သတင်းထောက်နှင့် ရုံးဝန်ထမ်း အကြမ်းဖက်မှုပုဒ်မဖြင့် ထပ်တိုးအမှုဖွင့်ခံရ

မေ ၄ - ၂၀၂၄
0

(သတင်းထောက်များအား နှိပ်ကွပ်နေခြင်းကို လက်မခံ ရှုံ့ချကြောင်း IPCM ပြော)  ရခိုင်ပြည်အခြေစိုက် Development Media Group (DMG) သတင်းဌာနက သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ အပြင် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည့် အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၂ (က) ဖြင့် စစ်ကောင်စီက ထပ်တိုးအမှုဖွင့် တရားစွဲထားကြောင်း မိသားစုဝင်များထံမှ သိရသည်။ သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်ကို စစ်တွေမြို့ အကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး ဖမ်းဆီးခဲ့သည့်နေ့ကစ၍ ယနေ့ မေလ ၄ ရက်နေ့အချိန်အထိ တရားရုံးတင် စစ်ဆေးခြင်းမရှိသေးကြောင်း ကိုစိုးဝင်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။ ”

Continue Reading
ဆန်ရောင်းဝယ်မှု ကန့်သတ်သတင်းကြောင့် ကျောက်ဖြူတွင် ဆန်ဈေးမြင့်တက်
သတင်း
1 min read
489

ဆန်ရောင်းဝယ်မှု ကန့်သတ်သတင်းကြောင့် ကျောက်ဖြူတွင် ဆန်ဈေးမြင့်တက်

မေ ၄ - ၂၀၂၄
0

ရခိုင်ပြည် ကျောက်ဖြူမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းကစ၍ ကျေးလက်ဒေသမှ မြို့ပေါ်သို့ တင်သွင်းနေသော ဆန်ရောင်းဝယ်မှုကို ကန့်သတ်လိုက်သည့်အတွက် ဆန်ဈေး ၄ ဆအထိ မြင့်တက်သွားကြောင်း ဒေသခံများထံမှ သိရသည်။  ကျေးလက်ဒေသမှ ဆန်ဝင်ရောက်မှုမရှိ၍ မြို့ပေါ်ရှိ ဆန်လုပ်ငန်းရှင်များမှာ သိုလှောင်ထားသော ဆန်ကို ဈေးမြှင့်တင်ရောက်ချခြင်းကြောင့် ဈေးမြင့်တက်သွားသည်ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ပြောသည်။  ” ကျောက်ဖြူမြို့ကို ဆန်စပါးတင်ပို့နေတဲ့ ကျေးရွာတွေကနေ ဆန်စပါး မတင်ပို့ရတော့ဘူးလို့သတင်းတွေကြားနေရတယ်။ အဲ့ဒီသတင်း ထွက်ပြီးနောက်ပိုင်း ဆန်ရောင်းဝယ်သူတွေက စျေးတင်ရောင်းလာကြတော့တာပဲ။ ” ဟု ပြောသည်။ စစ်ကောင်စီတပ်ရင်းများကို ရိက္ခာဖြတ်တောက်ခြင်းနှင့် ကျေးလက်ဒေသတွင် ဆန်လုံလောက်မှုရှိစေရန် ရည်ရွယ်၍ ကျောက်ဖြူဒေသရှိ အာရက္ခတပ်တော် AA အကြီးအကဲများက မြို့ပေါ်သို့ ဆန်တင်သွင်းခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း

Continue Reading