မတူပီမြို့ကို သိမ်းပိုက်ရန် ချင်းညီနောင် စစ်ဆင်ရေးစတင်၊ AA လည်းပါဝင်ဟု သိရ
စစ်ရေး
1 min read
48

မတူပီမြို့ကို သိမ်းပိုက်ရန် ချင်းညီနောင် စစ်ဆင်ရေးစတင်၊ AA လည်းပါဝင်ဟု သိရ

ဇွန် ၄ - ၂၀၂၄
0

ချင်းပြည်နယ် မတူပီမြို့ကို သိမ်းပိုက်နိုင်ရန် ချင်းညီနောင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ဆင်ရေးစတင်နေပြီဟု ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။ မတူပီမြို့ထဲက စစ်ကောင်စီတပ်ခန်းများကို မကွေးတိုင်းအခြေစိုက် ယောတပ် YA နှင့် အခြားသော မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိသည်ဟု ချင်းညီနောင်များက ပြောဆိုထားပြီး အာရက္ခတပ်တော် AA လည်းပါဝင် တိုက်ခိုက်ပေးနေသည်ဟု နီးစပ်သူများထံမှ သိရသည်။ လက်ရှိတွင် မတူပီမြို့အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်လျှက်ရှိပြီး ချင်းညီနောင်တော်လှန်ရေး ပူးပေါင်းတပ်က မတူပီရဲစခန်းနှင့် ထွေအုပ်ရုံးကို သိမ်းလိုက်ပြီဟုလည်း သတင်းများထွက်ပေါ်နေသည်။ ချင်းပြည်ထဲက မကွီးအိမ်နူး၊ ကျင်ဒွေး၊ ဝေဘူလ၊ ရိဒ်ခေါဒါရ်၊ နှာရိန်နှင့် ဆူခွာမြို့ စသည့် မြို့များကို ချင်းညီနောင်တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်ထားပြီဖြစ်သည်။ပုံစာ – မတူပီမြို့

Continue Reading