အမ်း ကဇုကိုင်းကို လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ကလေးငယ်အပါအဝင် ၃ဦးသေဆုံး
စစ်ရေး သတင်း
1 min read
278

အမ်း ကဇုကိုင်းကို လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ကလေးငယ်အပါအဝင် ၃ဦးသေဆုံး

ဇွန် ၂၀ - ၂၀၂၄
0

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စု၊ သဲကမ်းထောင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်ူ ဒေသခံများက Western News ကိုပြောသည်။ ယနေ့ ဇွန် ၂၀ ရက်နေ့ နေ့လယ် ၁၁ နာရီခန့်က စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးနှင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယင်းတိုက်မှုကြောင့် အသက် ၄နှစ်ကလေးတစ်ဦးနှင့် အသက် ၁၇နှစ်တစ်ဦး အသက် ၂၅ နှစ်တစ်ဦးစုစုပေါင်း ၃ဦးသေဆုံးခဲ့သည်။ သဲကမ်းထောင်းရွာသားတစ်ဦးက “ဒီနေ့ ၁၁ နာရီလောက် လေကြောင်းကနေ့ လာပစ်တာပါ။ တိုက်ပွဲ ဖြစ်တာမရှိပါဘူ။ ဒီအတိုင်း လာပြီးတော့ ဗုံးကြဲသွားတယ်။ ကျနော်တို့အိမ်နားက မိသားစုသုံးယောက်ပါ နေရာမှာပဲ

Continue Reading
ရခိုင်ပြည် သူ့ကျွန်ဘဝ သက်ဆိုးရှည်အောင် ALP လုပ်နေဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ပြော
နိုင်ငံရေး
1 min read
267

ရခိုင်ပြည် သူ့ကျွန်ဘဝ သက်ဆိုးရှည်အောင် ALP လုပ်နေဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ပြော

ဇွန် ၂၀ - ၂၀၂၄
0

ရခိုင်ပြည်နှင့် ရခိုင်ပြည်သူလူထု စစ်အာဏာရှင်အောက်တွင် သက်ဆိုးရှည်စေရန်နှင့် သူတပါးလက်အောက်မှ မလွတ်မြောက်စေရန် ဒေါ်စောမြရာဇာလင်းဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က လုပ်ဆောင်နေကြောင်း ရခိုင့်နိုင်ငံရေးအသိုင်းအဝိုင်းက ပြောဆိုကြသည်။ စစ်ကောင်စီ ထိန်းချုပ်ထားသော မောင်တောမြို့ကို အာရက္ခတပ်တော် AA က သိမ်းမည်ဖြစ်၍ မြို့တွင်းတိုက်ပွဲများ ဖော်ဆောင်သွားမည်ဟု AA ကြေညာချက်ကို ဒေါ်စောမြရာဇာလင်း ALP က ကန့်ကွက်နေသည်။ ဇွန်လ ၁၈ ရက်နေ့က ထုတ်ပြန်သော ဒေါ်စောမြရာဇာလင်း ALP ထုတ်ပြန်ချက်တစ်ခုတွင် မောင်တောမြို့တွင်း၌ တိုက်ပွဲဖော်ဆောင်ရန် ပြင်ဆင်နေကြသည်များကို များစွာစိတ်မချမ်းမသာ ဖြစ်ရသည်ဟု ပြောဆိုထားသည်။ မြို့သိမ်းတိုက်ပွဲများဒဏ်ကြောင့် ရခိုင်ပြည်သူများမှာ ယခုအချိန်အထိ နေရပ်မပြန်နိုင်သေးဘဲ မိုးရာသီကာလအတွင်း နေထိုင်စရာမရှိ၊ စားသောက်စရာမရှိသော အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေရသည်ဟု

Continue Reading
ကရင် ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေးဂိတ် ယာယီပိတ်
စစ်ရေး နိုင်ငံရေး
1 min read
127

ကရင် ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေးဂိတ် ယာယီပိတ်

ဇွန် ၂၀ - ၂၀၂၄
0

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ထိုင်း-မြန်မာ နပ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခုဖြစ်သော ဘုရားသုံးဆူဂိတ်ကို ပြီးခဲ့သည့် ဇွန် ၁၇ ရက်နေ့က နှစ်ဖက်စလုံးက ယာယီပိတ်လိုက်ခြင်းကြောင့် ကုန်ပစ္စည်းတင်ပို့/ တင်သွင်းမှုများ ရပ်တန့်သွားကြောင်း ဒေသခံများနှင့် ကုန်သွယ်ရေး လုပ်ကိုင်နေသူများထံမှ သိရသည်။ အဆိုပါ ဘုရားသုံးဆူနယ်စပ်ဂိတ်ကို အခုလ ဇွန် ၁၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မြန်မာဘက်ခြမ်းမှ ယာယီပိတ်လိုက်ပြီးနောက် အလာတူ ထိုင်းဘက်ကပါ ထပ်မံပိတ်လိုက်ခြင်းကြောင့် နှစ်နိုင်ငံကုန်သွယ်မှုများ ရပ်တန့်သွားကြောင်း ဘုရားသုံးဆူမြို့ခံများနှင့် ကုန်သည်များထံမှ သိရသည်။ ” ဟုတ်တယ် မြန်မာဘက်က ပိတ်လိုက်တာပါ။ ဘာကြောင့် ပိတ်တာကိုတော့ ထုတ်ပြန်ကြေညာတာ မရှိပါဘူး။ နောက်ပြီး သိပ်မကြာဘူး။ ထိုင်းဘက်ကပါ ထပ်ပိတ်လိုက်တာ ဖြစ်တယ်” ဟု

Continue Reading
အာဆီယံ ဘုံ ၅ ချက် အလုပ်မဖြစ်၍ လမ်းပြမြေပုံသစ် ဖော်ဆောင်ရန် ကုလ မဟာမင်းကြီး တိုက်တွန်း
နိုင်ငံရေး သတင်း
1 min read
151

အာဆီယံ ဘုံ ၅ ချက် အလုပ်မဖြစ်၍ လမ်းပြမြေပုံသစ် ဖော်ဆောင်ရန် ကုလ မဟာမင်းကြီး တိုက်တွန်း

ဇွန် ၂၀ - ၂၀၂၄
0

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို အာဏာသိမ်း စစ်ကောင်စီက ဖြေရှင်းရာတွင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်မှာ အလုပ်မဖြစ်တော့ဘဲ ယင်း သဘောတူညီချက်များကို ကျော်လွန်၍ လမ်းပြမြေပုံသစ်ဖော်ဆောင်ရန် လိုအပ်နေပြီဟု ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ပြောဆိုလိုက်သည်။ ဇွန်လ ၁၈ ရက်နေ့ ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ၏ ၅၆ ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် Volker Turk က ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို တားဆီးရန် (သို့မဟုတ်) ဒီမိုကရေစီ ပြန်လည်ထူထောင်ရန် အာဆီယံက ပျက်ကွက်ခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာ့အရေး ဖြေရှင်းရေးအတွက် ချမှတ်ထားသည့် အာဆီယံဘုံသဘောတူညီချက် ၅ ချက် မူဘောင်ကနေ

Continue Reading
CNA က အလစ်အငိုက် ဝင်တိုက်၍ ချင်းတပ်နှစ်ဖွဲ့ တိုက်ပွဲဖြစ်ပွား
စစ်ရေး သတင်း
1 min read
194

CNA က အလစ်အငိုက် ဝင်တိုက်၍ ချင်းတပ်နှစ်ဖွဲ့ တိုက်ပွဲဖြစ်ပွား

ဇွန် ၂၀ - ၂၀၂၄
0

(AA ကို ဘာကြောင့်ခေါ်လာတာလဲဟု ချင်းညီနောင်တပ်ဖွဲ့ကို CNA မေးခွန်းထုတ်) Western News| ဇွန် ၂၀ စစ်ကောင်စီ ထိန်းချုပ်ထားသော ချင်းပြည်နယ် မတူပီမြို့ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေသော ချင်းညီနောင်တပ်ဖွဲ့များနှင့် မဟာမိတ်တပ်ဖွဲ့များကို ချင်းအမျိုးသားတပ်မတော် CNA က အလစ်အငိုက် ဝင်တိုက်၍ ချင်းတပ်နှစ်ဖွဲ့ကြား အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။ မတူပီမြို့က စစ်ကောင်စီတပ်ရင်းများကို ချင်းညီနောင်တပ်နှင့် မဟာမိတ်တပ်တို့က ထိုးစစ်ဆင်တိုက်ခိုက်နေချိန် CNA တပ်နှင့် ၎င်းလက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့သည် ချင်းညီနောင်တပ်ဖွဲ့ကို ဇွန်လ ၁၈ ရက်နေ့က အလစ်အငိုက် ဝင်တိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ မတူပီမြို့က စစ်ကောင်စီတပ်ရင်း ခလရ ၁၄၀ တပ်ရင်းကို ချင်းညီနောင်တပ်နှင့် မဟာမိတ်တပ်တို့က

Continue Reading