သံတွဲ စစ်ရှောင်ရွာကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်
စစ်ရေး သတင်း
1 min read
157

သံတွဲ စစ်ရှောင်ရွာကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်

ဇွန် ၂၁ - ၂၀၂၄
0

(စစ်ရှောင် ၃ ဦးသေဆုံးခဲ့ရပြီး ၂ ဦးပြင်းထန်ဒဏ်ရာရ) ရခိုင်ပြည် သံတွဲမြို့နယ် ရွှေလှေတိုက်နယ်ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ယမန်နေ့ ဇွန်လ ၂၀ ရက် ညတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို ယနေ့ ဇွန်လ ၂၁ ရက်နေ့ နေ့လယ်တွင်လည်း ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ မေလအတွင်းက တိုက်ပွဲပြင်းထန်မှုကြောင့် ရွှေလှေတိုက်နယ်ကျေးရွာများက ပြည်သူသောင်းချီ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ဇွန်လအစောပိုင်းကစ၍ တိုက်ပွဲငြိမ်သက်မှုကြောင့် ယင်းရွာသားများမှာ မိမိနေအိမ်သို့ ပြန်လည်ဝင်ရောက် နေထိုင်နေခြင်းဖြစ်သည်။ ဒေသခံတစ်ဦးက ” ရွှေလှေအနီးတဝိုက်မှာက တိုက်ပွဲမရှိတာ ရက်အတော်ကြာပြီပေါ့နော်။ အဲဒါရွာသားတွေကလည်း ပြန်နေလာနေတာပေါ့။ ရွာသားတွေတောင်မကပဲ ဂေါ့ကျေးရွာ၊ ငပလီမြို့ထဲက ပြည်သူတွေလည်း ရွှေလှေဘက်တွေမှာ စစ်ရှောင်နေတာတွေလည်း

Continue Reading
မောင်တောတိုက်ပွဲ ဘင်္ဂလားဒေ့ရှ်ဘက် ကျည်ကျရောက် ဘင်္ဂလားဒေ့ရှ်က ပြန်ပစ်မည်ဟု သတိပေး
စစ်ရေး သတင်း
1 min read
197

မောင်တောတိုက်ပွဲ ဘင်္ဂလားဒေ့ရှ်ဘက် ကျည်ကျရောက် ဘင်္ဂလားဒေ့ရှ်က ပြန်ပစ်မည်ဟု သတိပေး

ဇွန် ၂၁ - ၂၀၂၄
0

ရခိုင်ပြည် မောင်တောမြို့သိမ်းတိုက်ပွဲ သေနတ်ကျည်ဆံများနှင့် မော်တာပေါက်ကွဲမှုများ ဘင်္ဂလားဒေ့ရှ်ပိုင် နယ်စပ်သို့ ကျရောက်ပေါက်ကွဲခြင်းကြောင့် ထပ်မံပစ်ခတ်ပါက ပြန်ပစ်ခတ်ရလိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက သတိပေးပြောကြားလိုက်သည်။ မောင်တောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် AA တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်လျှက်ရှိပြီး မောင်တောမြို့သည် ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင်နှင့် အလွန်နီးစပ်ပြီးသည့် မြို့ဖြစ်သည်။ စစ်ကောင်စီတပ်နှင့် AA ပစ်ခတ်သော ကျည်များ၊ လက်နက်ကြီးများမှာ ဘင်္ဂလားဒေ့ရှ်ပိုင်နယ်မြေသို့ ကျရောက်နေ၍ နောက်ထပ်မဖြစ်ပွားစေရန် နှစ်ဖက်စလုံးကို သတိပေးထားသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။ ” မြန်မာစစ်တပ်နဲ့ AA အနေနဲ့ ဘင်္ဂလားဒေ့ရှ်ထဲကို မပစ်ခတ်ဖို့ သတိပေးထားပါတယ်။ ရံဖန်ရံခါမှာ သူတို့က ကျနော်တို့ရဲ့ နယ်ခြားစောင့်တပ် ဘင်္ဂလားဒေ့ရှ် (BGB) ကို တစ်ခါစ်တရံ မှားယွင်းပစ်ခတ်ခဲ့ပါတယ်။

Continue Reading
တောင်ကုတ်မှာ စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲပြင်းထန်နေ
စစ်ရေး သတင်း
1 min read
239

တောင်ကုတ်မှာ စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲပြင်းထန်နေ

ဇွန် ၂၁ - ၂၀၂၄
0

ရခိုင်ပြည် တောင်ကုတ်မြို့နယ် နေပူတောင်အနီးတစ်ဝိုက်တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းကစ၍ ယနေ့ နံနက်ပိုင်းအထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ပြည်ဘက်က ဆင်းလာသော အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ရာမှ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု တောင်ကုတ်စစ်ရေးသိသူတစ်ဦးက ပြောသည်။ ” နေပူတောင်အနီးမှာ နေပူတောင်စခန်းငယ်တစ်ခုရှိတယ်။ ပြည်ဘက်ကနေ ရိုးမတောင်ဖြတ်ပြီး နေပူတောင်စခန်းလာတဲ့ အင်အား ၁၅၀ ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်နေတယ်လို့ သိရတယ်။ ဒီနေ့ မနက်အထိ တိုက်ပွဲက ရှိနေတုန်းပဲလို့ဆိုတယ်။

Continue Reading
Facebookနှင့် VPN ပိတ်ဆို့ရေး စစ်ကောင်စီ၏ စီမံချက်တွင် Mascots Group ဝင်းကျော်နှင့် ခင်ကေခိုင်က အဓိကပါဝင်
သတင်း
1 min read
184

Facebookနှင့် VPN ပိတ်ဆို့ရေး စစ်ကောင်စီ၏ စီမံချက်တွင် Mascots Group ဝင်းကျော်နှင့် ခင်ကေခိုင်က အဓိကပါဝင်

ဇွန် ၂၁ - ၂၀၂၄
0

မြန်မာနိုင်ငံတွင် Facebook နှင့် VPN ပိတ်ဆို့ရေး စစ်ကောင်စီ၏ စီမံချက်တွင် Mascots Group ကုမ္ပဏီ အုပ်စုမှ ဝင်းကျော်၊ ခင်ကေခိုင်တို့က အဓိက ပါဝင်ပတ်သက်နေကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်ပြောဆိုသည်။ Mascots Group သည် စစ်အုပ်စုက လုပ်ကိုင်နေသည့် အင်တာနက်စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်မှုစနစ်တွင် ထဲထဲဝင်ဝင်ပါဝင်ပြီး Mascots Group ၏ ဆက်စပ်ကုမ္ပဏီများနှင့် မြန်မာစစ်တပ်တို့အကြားတွင်လည်း စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်နေကြောင်း ဆိုသည်။ အင်တာနက်စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်မှု လုပ်ငန်းကြောင့် Mascots Group ကုမ္ပဏီအနေဖြင့် စစ်အုပ်စု ကျူးလွန်နေသော နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်သွားခဲ့ပြီး ယင်းသည် ဖက်ဒရယ်

Continue Reading
ပဲခူး အထင်ကရ ဆရာတော် မန္တလေးမှာ စစ်ကောင်စီ သတ်ဖြတ်၍ ပျံလွန်တော်မူ
နိုင်ငံရေး သတင်း
1 min read
150

ပဲခူး အထင်ကရ ဆရာတော် မန္တလေးမှာ စစ်ကောင်စီ သတ်ဖြတ်၍ ပျံလွန်တော်မူ

ဇွန် ၂၁ - ၂၀၂၄
0

(မြန်မာ သံဃာတော်များ နိုးကြွရန် အချိန်တန်ပြီဟု ပြော) ပဲခူးတိုင်း ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်-မြို့သာလမ်းပိုင်း ကားဖြင့်သွားနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်၍ ဇွန်လ ၁၉ ရက်နေ့က ပျံလွန်တော်မူသွားကြောင်း သိရသည်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စီးနင်းလိုက်ပါသော ကားကို ဖော့ကားစီးလာသော စစ်ကောင်စီ စစ်ဗိုလ်များက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဆရာတော်ကြီးနှင့်အတူ လိုက်ပါလာသော မျက်မြင်သက်သေ ရန်ကုန်မြို့ ကန်သုံးဆင့်ဆရာတော်က မိန့်ကြားခဲ့သည်။ ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသမှာ ကန်သုံးဆင့် ဆရာတော်နှင့်အတူ အစည်းအဝေးတစ်ခုကို တက်ရောက်ရန် မန္တလေးကို ရန်ကုန်မြို့က လေယာဉ်ဖြင့် သွားရောက်ခဲ့သည်။ အစည်းအဝေး မသွားမီ

Continue Reading