တာဝန် မထမ်းဆောင်လို၍ ထွက်ပြေးသည့် တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စည်ပင် အမှုဆောင် တို့ ဖမ်းဆီးခံရ
နိုင်ငံရေး သတင်း
1 min read
188

တာဝန် မထမ်းဆောင်လို၍ ထွက်ပြေးသည့် တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စည်ပင် အမှုဆောင် တို့ ဖမ်းဆီးခံရ

ဇွန် ၂၃ - ၂၀၂၄
0

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူးနှင့် တောင်ကုတ်မြို့နယ် စည်ပင်သာယာရေး အမှုဆောင်တို့ တာဝန် မထမ်းဆောင်လို ၍ ထွက်ပြေးရာကနေ သတင်းပေးတိုင်ကြားမှုကြောင့် ဖမ်းဆီးခံလိုက်ရသည်။ တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးဇာနည်တိုးနှင့် တောင်ကုတ်မြို့နယ် စည်ပင်သာယာရေး အမှုဆောင် ဦးမောင်စိန်တို့နှစ်ဦးအား တောင်ကုတ်ကနေ ထွက်ပြေးရာကနေ တောင်ကုတ် ရိုးမလမ်း စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရသည်။ တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးဇာနည်တိုးနှင့် နီးစပ်သူတစ်ဦးက “သူတို့နှစ်ယောက်က တာဝန်ထမ်းဆောင်လိုခြင်းမရှိလို့ ထွက်ပြေးကြတယ်။ အဲ့ဒီသတင်း တိုင်ကြားမှုကြောင့် နှစ်ယောက်လုံး အဖမ်းခံလိုက်ရတယ်။ တောင်ကုတ် ရိုးမလမ်း မှာ အဖမ်းခံလိုက်ရတာပါ”ဟုပြောသည်။ ပြီးခဲ့သည့် ဇွန် ၁၈ ရက်နေ့ တောင်ကုတ်မြို့ ကနေ ထွက်ပြေးတိမ်းရှောင်ရာကနေ တောင်ကုတ် ရိုးမလမ်းတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး

Continue Reading
သံတွဲမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ အရပ်သား ၂ဦးသေဆုံး
စစ်ရေး သတင်း
1 min read
169

သံတွဲမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ အရပ်သား ၂ဦးသေဆုံး

ဇွန် ၂၃ - ၂၀၂၄
0

ရခိုင်ပြည်၊ သံတွဲမြို့ ဂျိတ္ကတောင် ဘုန်းကြီးကျောင်းအနီး ရွှေကျောင်းပြင်ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ပြင်းထန် ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။ ဇွန် ၂၂ ရက်နေ့ ည ၇နာရီကျော်လောက်အချိန် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် သံတွဲမြို့ ရွှေကျောင်းပြင်ကို လာရောက် ဗုံးကြဲသွားခြင်း ဖြစ်ပြီး နေအိမ်အများအပြားလည်း ပျက်စီးသွားကြောင်း ဒေသခံများက ပြောဆိုသည်။ “၇ နာရီကျော်လောက်က ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးလာကြဲတာပါ။ အဲ့ဒီမှာ နေအိမ် လေးလုံးလောက် ပျက်စီးသွားတယ်။ နေရာမှာ နှစ်ယောက်သေတယ်။ ပြီးတော့ နှစ်ယောက် ဒဏ်ရာ ပြင်းထန် ရထားတယ်။ ဒဏ်ရာ ပြင်းထန်တဲ့ နှစ်ယောက်ကိုတော့

Continue Reading
ကော့ကရိတ်၊ စုကလိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှု ၆ဦးသေဆုံး၊ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၂၁ ဦး ဖမ်းဆီး ရရှိ
စစ်ရေး သတင်း
1 min read
156

ကော့ကရိတ်၊ စုကလိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှု ၆ဦးသေဆုံး၊ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၂၁ ဦး ဖမ်းဆီး ရရှိ

ဇွန် ၂၃ - ၂၀၂၄
0

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ စုကလိမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိမှုတွင် စစ်ကောင်စီဖက်မှ ၆ဦးသေဆုံးပြီး ဗိုလ်မှူးကြီးတစ်ဦး အပါအဝင် ၂၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ဇွန်လ ၁၇ ရက်နေ့ နံနက် ၇ နာရီမှစတင်၍ တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့တွင် စခန်းတစ်ခုလုံးကို အပြီးသတ် တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း KNU တပ်မဟာ ၆၊ ဒူပလာယာခရိုင်က သတင်းထုတ်ပြန်သည်။ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး စစ်ကောင်စီတပ်သားစစ်သား ၂၁ ဦး ဖမ်းဆီးရရှိကာ ဖမ်းမိသူများတွင် ဗိုလ်မှူးကြီး ၀ဏ္ဏတိုး ပါဝင်ကြောင်း

Continue Reading