စစ်ရေးပြင်းထန်မှုကြောင့် သံတွဲမြို့ထဲက ပြည်သူအားလုံးနီးပါး မြို့ကိုစွန့်ခွာ
စစ်ရေး သတင်း
1 min read
205

စစ်ရေးပြင်းထန်မှုကြောင့် သံတွဲမြို့ထဲက ပြည်သူအားလုံးနီးပါး မြို့ကိုစွန့်ခွာ

ဇွန် ၂၄ - ၂၀၂၄
0

ယခုရက်ပိုင်းအတွင်း စစ်ရေးအလွန်ပြင်းထန်နေသည့် သံတွဲမြို့နှင့် ငပလီမြို့ထဲက ပြည်သူများမှာ အားလုံးနီးပါး မြို့ကိုစွန့်ခွာသွားကြပြီဟု တိမ်းရှောင်သူများအား ကူညီပေးနေသူများက ပြောဆိုကြသည်။ ကူညီပေးနေသူတစ်ဦးက ” ကျနော် ဒီနေ့ သံတွဲမြို့ထဲကနေ ဂွဘက်ကို ထွက်လာတာ။ မြို့ထဲက ထွက်မယ့်သူတွေကို သွားခေါ်တာပေါ့နော်။ သံတွဲမြို့ထဲမှာ ၈၀ ရာခိုင်နှုန်းလောက်က မရှိတော့ဘူး။ ၂၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်။ မြို့က တိတ်ဆိတ်သွားပါပြီ။ ငပလီမြို့လည်း အဲဒီလိုပဲ ကြားပါတယ်။ ” ဟု ပြောသည်။ ငပလီမြို့ထဲက ပြည်သူများနှင့် သံတွဲမြို့ထဲက ပြည်သူများမှာ ဘေးကင်းရာနေရာများ၊ တိုက်ပွဲနှင့်ဝေးရာနေရာများနှင့် ဂွမြို့နယ်ဘက်သို့ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရပြီး လူဦးရေ သိန်းချီရှိနေသည်ဟု သိရသည်။ ယမန်နေ့ ဇွန်လ ၂၃

Continue Reading
စစ်ကောင်စီကို တစ်နိုင်ငံလုံးက သံဃာတော်များ သပိတ်မှောက်ကြရန် ချောင်းဦးဆရာတော် တိုက်တွန်း
သတင်း
1 min read
243

စစ်ကောင်စီကို တစ်နိုင်ငံလုံးက သံဃာတော်များ သပိတ်မှောက်ကြရန် ချောင်းဦးဆရာတော် တိုက်တွန်း

ဇွန် ၂၄ - ၂၀၂၄
0

ပဲခူးမြို့က အထင်ကရဆရာတော် တစ်ပါးကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုအပေါ် အမှုမှန်ပေါ်ပေါက်အောင်အထိ တစ်နိုင်ငံလုံးက သံဃာတော်များ ကံဆောင်သတိမှောက်ကြရန် ချောင်းဦးမြို့နယ် သပိတ်ဦးဆောင် ဆရာတော် ဥူးဇာနည်ရ က တိုက်တွန်း မိန့်ကြားနေသည်။ ပဲခူးတိုင်း၊ ပဲခူးမြို့နယ်မှ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဝင်းနိမ္မိတာရုံကျောင်းဆရာတော် အရှင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ကို စစ်ကောင်စီ တပ်အရာရှိများနှင့် တပ်ဖွဲ့ဝင်များက မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်မှာ ဇွန်လ ၁၉ ရက်နေ့က သေနတ်ဖြင့် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ဆရာတော် သတ်ဖြတ်ခံရမှုအပေါ် နိုင်ငံတစ်ဝှမ်း သံဃာထုက မကျေနပ်ကြ၍ ဇွန်လ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်ခဲ့ကာ အဖြစ်မှန် မပေါ်မချင်း

Continue Reading
သံတွဲမြို့စစ်ဘေးရှောင် အခြေအနေ နောက်ဆုံး မေးမြန်းချက်
စစ်ရေး သတင်း
1 min read
407

သံတွဲမြို့စစ်ဘေးရှောင် အခြေအနေ နောက်ဆုံး မေးမြန်းချက်

ဇွန် ၂၄ - ၂၀၂၄
0

Continue Reading
မြန်မာလူဦးရေ ၄၂ သန်း ဆင်းရဲမွဲတေမှုဖြင့် ရင်ဆိုင်နေရ
စစ်ရေး စီးပွားရေး သတင်း
1 min read
141

မြန်မာလူဦးရေ ၄၂ သန်း ဆင်းရဲမွဲတေမှုဖြင့် ရင်ဆိုင်နေရ

ဇွန် ၂၄ - ၂၀၂၄
0

၂၀၂၂ ခုနှစ်၊ ခန့်မှန်းလူဦးရေ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၅ ဒသမ ၈ သန်းရှိသည့်အနက် ၇၅ ရာခိုင်နှုန်းရှိ ၄၂ သန်းသော ပြည်သူများသည် ဆင်းရဲမွေးတေမှုဖြင့် ရင်ဆိုင်နေရသည်ဟု UNDP Myanmar က ယနေ့ ထုတ်ပြန်သည်။ ဆင်းရဲမွေးတေမှု ၇၅ ရာခိုင်နှုန်းသို့ ရောက်ရှိသွားခြင်းမှာ စစ်တပ်က အာဏာသိမ်းပြီး ၃ နှစ်တာကာလအတွင်း လူလတ်တန်းစား လူဦးရေ ၅၀ ရာခိုင်နှုန်း ကျဆင်းသွားခြင်းကြောင့်ဖြစ်သည်ဟု UNDP က ထောက်ပြထားသည်။ ထို့အပြင် လူပေါင်း ၁၃ ဒသမ ၃ သန်းသည် စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံသည် အမေ့အပျောက်ခံ အကျပ်အတည်းတစ်ခုအဖြစ် ရှိနေသေးကြောင်း

Continue Reading
သံတွဲနဲ့ ငပလီမှာ ဘာတွေဖြစ်ပျက်နေသလဲ
စစ်ရေး သုံးသပ်ချက်
1 min read
375

သံတွဲနဲ့ ငပလီမှာ ဘာတွေဖြစ်ပျက်နေသလဲ

ဇွန် ၂၄ - ၂၀၂၄
0

(သံတွဲလေဆိပ်နဲ့ ခမရ ၅၆၆ တပ်ရင်းကို AA က သိမ်းပိုက်လိုက်တာ တကယ်ဟုတ်သလား) ရခိုင်ပြည် သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် AA တို့ နှစ်ဖက်တိုက်ခိုက်မှု ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး သံတွဲက စစ်ကောင်စီတပ်စခန်းနဲ့ တပ်ရင်းတွေကို AA က ထိုးစစ်ဆင်တိုက်နေတာ ကြာပြီဖြစ်ပါတယ်။ ငပလီမြို့ထဲက သံတွဲလေဆိပ် (မဇင်လေဆိပ်) နဲ့ ကပ်လျှပ်ရှိတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၅၆၆ တပ်ရင်းကို အာရက္ခတပ်တော် AA က မနေ့က သိမ်းပိုက်လိုက်ပြီလို့ သတင်းထွက်နေသလို ဒီနေ့ နံနက်ပိုင်းကမှ သိမ်းလိုက်တာ ဖြစ်တယ်လို့လည်း သတင်းတွေ အမျိုးမျိုးတွေ ထွက်ပေါ်နေပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး Western

Continue Reading
ကော့သောင်းက စစ်ရှောင် ၂၀၀ နီးပါး ထိုင်းဘက်ကို ထွက်ပြေးခိုလှုံ
စစ်ရေး သတင်း
1 min read
93

ကော့သောင်းက စစ်ရှောင် ၂၀၀ နီးပါး ထိုင်းဘက်ကို ထွက်ပြေးခိုလှုံ

ဇွန် ၂၄ - ၂၀၂၄
0

တနင်္သာရီတိုင်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့ မာရမ်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံစစ်ရှောင် ၂၀၀ နီးပါးသည် ထိုင်းဘက်ခြမ်းကို ယာယီထွက်ပြေးခိုလှုံနေရကြောင်း စစ်ရှောင်များနှင့် ဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ခမောက်ကြီးမြို့ မာရမ်းကျေးရွာရှိ စစ်ကောင်စီ၏ ရဲစခန်းကို ဇွန် ၂၂ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ချိန် အပြန်အလှန် နှစ်ဖက်ပစ်ခတ်မှုကြောင့် အသက် ၄၃ နှစ်အရွယ်ရှိ ကော့သောင်း (ပကဖ) အဖွဲ့က ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရကာ အလာတူ ရဲတပ်ဖွဲ့ဝင်နှစ်ဦးလည်း သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိကြောင်း သိရသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။ မြေပြင်ရှိ ရဲဘော်တစ်ဦးက

Continue Reading