မောင်တောက သိုလှောင်ရုံ ဖောက်ထွင်းခံရမှု WFP ပြင်းထန်စွာ ရှုတ်ချ
သတင်း
1 min read
156

မောင်တောက သိုလှောင်ရုံ ဖောက်ထွင်းခံရမှု WFP ပြင်းထန်စွာ ရှုတ်ချ

ဇွန် ၂၅ - ၂၀၂၄
0

ရခိုင်ပြည် မောင်တောမြို့တွင်ရှိသော ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ၏ စားနပ်ရိက္ခာသိုလှောင်ရုံ ဖောက်ထွင်းခံနေရ၍ WFP က ပြင်းထန်စွာ ရှုတ်ချကြောင်း ယနေ့ ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်ပြောဆိုထားသည်။ ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က မောင်တောမြို့ရှိ WFP သိုလှောင်ရုံမှာ ဖောက်ထွင်းခံရသည့်အပြင် မီးရှို့မှုလည်း ခံထားရကြောင်း သိရသည်။ ” ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေဖြင့် လွန်ခဲ့သည့် စနေနေ့က ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့ရှိ WFP ၏ သိုလှောင်ရုံအား ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ခြင်းလုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချသည်။ ” ဟု ထုတ်ပြန်ထားသည်။ ဖောက်ထွင်းသူများကို

Continue Reading
မန္တလေး-ရှမ်းမြောက်တွင် တိုက်ပွဲများပြင်းထန်နေ၊ ၁၀၂၇ စစ်ဆင်ရေး အဆက်ဟု TNLA ကြေညာ
စစ်ရေး သတင်း
1 min read
144

မန္တလေး-ရှမ်းမြောက်တွင် တိုက်ပွဲများပြင်းထန်နေ၊ ၁၀၂၇ စစ်ဆင်ရေး အဆက်ဟု TNLA ကြေညာ

ဇွန် ၂၅ - ၂၀၂၄
0

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နှင့် နောင်ချိုမြို့တို့ရှိ စစ်ကောင်စီတပ်စခန်း ၄ နေရာ ထက်မနည်းကို ဇွန် ၂၅ နံနက်တွင် တအာင်းတပ် TNLA တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။ စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲများဖြစ်ပွားများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်လိုက်ပြီး သတင်းထုတ်ပြန်ရာတွင် ၁၀၂၇ စစ်ဆင်ရေးအဆက်အဖြစ် TNLA က ယနေ့တွင် တရားဝင် ကြေညာသည်။ နောင်ချိုမြိုနယ် ကျောက်ကြမ်းရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံး ၄ ကြဲချခဲ့ကြောင်း ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်းတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်။ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊

Continue Reading
တောင်ကုတ်မှာ မပေါက်ကွဲသည့် ဗုံးသီး ၂ လုံးအား ဖယ်ရှားရန်လိုအပ်နေ
စစ်ရေး သတင်း
0 min read
134

တောင်ကုတ်မှာ မပေါက်ကွဲသည့် ဗုံးသီး ၂ လုံးအား ဖယ်ရှားရန်လိုအပ်နေ

ဇွန် ၂၅ - ၂၀၂၄
0

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ကံဆိပ်တောင်ကျေးရွာတွင် ကျေးရွာအတွင်းရှိနေသည့် မပေါက်ကွဲသေးသည့် ဗုံးသီး ၂ လုံးအားဖယ်ရှားနိုင်မှုမရှိဘဲရှိနေကြောင်း ကျေးရွာသားများကပြောသည်။ အဆိုပါ ဗုံးသီး ၂ လုံးမှာ ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ရာတွင် မပေါက်ကွဲဘဲကျန်ရှိခဲ့သည့် ဗုံးသီးများဖြစ်သည်။ အဆိုပါဗုံးသီး ၂ လုံးမှာ ရွာ၏ အရှေ့အနောက်ဖက်တို့တွင် တစ်နေရာစီရှိနေပြီး ဖယ်ရှားမည့်သူလည်းမရှိ၍ အဆိုပါနေရာအတိုင်းသာရှိနေရသည်ဟု ကျေးရွာသားတစ်ဦးကပြောသည်။ “အဲ့ဒါကို နည်းနည်းခပ်လှမ်းလှမ်းလောက်ကနေခြံခတ်ထားကြတယ်။ ဘယ်သူမှမထိရဲတော့ ဒီအတိုင်းအဆင်ပြေမယ်လို့ထင်သလိုလုပ်ထားကြရတာပဲ။ နေရာကတော့ ဘုန်းတော်ကြီးကျောင်းဖက်မှာ ၁ လုံးနောက် ရွာအနောက်ဖက်မှာ ၁ လုံးရှိနေတယ်။ ရွာသားတွေကတော့ စိုးရိမ်နေကြတာပေါ့။ မတော်လို့ပေါက်ကွဲလာရင်သေနိုင်တဲ့အရာတွေပဲလေ” ဟုပြောသည်။ ကံဆိပ်တောင်ကျေးရွာမှာ

Continue Reading
ကျောက်ဖြူတွင် ဆေးဝါးပစ္စည်းအချို့ ရောင်းချခွင့်ကို စစ်ကောင်စီကန့်သတ်နေ
စစ်ရေး သတင်း
0 min read
134

ကျောက်ဖြူတွင် ဆေးဝါးပစ္စည်းအချို့ ရောင်းချခွင့်ကို စစ်ကောင်စီကန့်သတ်နေ

ဇွန် ၂၅ - ၂၀၂၄
0

ရခိုင်ပြည် ကျောက်ဖြူမြို့တွင် ဆေးခန်း၊ ဆေးဆိုင်များ၌ ဆေးဝါးပစ္စည်းအချို့ရောင်းချခွင့်ကို စစ်ကောင်စီတပ်မှ တားဆီးပိတ်ပင်နေကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီမှ ရောင်းချခွင့်ပိတ်ထားသည့် ဆေးဝါးပစ္စည်းများမှာ ဆေးဝါရည်၊ ဂွမ်း၊ ပတ်တီး၊ စပရိတ် စသည့် ပစ္စည်းများဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆေးဆိုင်၊ ဆေးခန်းများသို့ လာရောက်ပြောဆိုထားခြင်းဖြစ်သည်ဟု ဆေးဆိုင်ရောင်းချနေသူတစ်ဦးက ပြောသည်။ “အဓိက ထိခိုက်ဒဏ်ရာရတဲ့ နေရာတွေမှာ သုံးတဲ့ဆေးဝါးပစ္စည်းတွေ ပေါ့နော်။ ဂွမ်းတို့၊ ပတ်တီးလိပ်တို့၊ စပရိတ်လို အရာမျိုးတို့ပေါ့။ အဲ့တာတွေကို မရောင်းချရဘူးဆိုပြီး သူတို့တွေကိုယ်တိုင်လာပြောကြတာရှိတယ်။ ဘာကြောင့် မရောင်းချရတာလဲတော့ မသိဘူး” ဟု ပြောသည်။ ဆေးဆိုင်ဆေးခန်းများတွင် အဆိုပါ ဆေးဝါးပစ္စည်းများရောင်းချ၍ တွေ့ရှိပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားပြီး မြို့နယ်တွင်း ဆေးဝါးသယ်ဆောင်ခွင့်ကို တင်းကျပ်စွာပိတ်ဆို့ထားသည်ဟု

Continue Reading
ဟိုင်ဂင်အပစ်ရပ် သဘောတူညီချက် ချိုးပေါက်၍ စစ်ကောင်စီနှင့် အချိန်မရွေး တိုက်ပွဲများ ပြန်ဖြစ်နိုင်ဟု TNLA သတိပေး
စစ်ရေး သတင်း
1 min read
103

ဟိုင်ဂင်အပစ်ရပ် သဘောတူညီချက် ချိုးပေါက်၍ စစ်ကောင်စီနှင့် အချိန်မရွေး တိုက်ပွဲများ ပြန်ဖြစ်နိုင်ဟု TNLA သတိပေး

ဇွန် ၂၅ - ၂၀၂၄
0

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာနေ၍ ဟိုင်ဂင်အပစ်ရပ်ရေး သဘောတူညီချက် ကျိုးပေါက်ပြီးအချိန်မရွေး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနိုင်ကြောင်း TNLAမှ သတိပေးသည်။ လူထု အပေါ် ဖိနှပ်မှုများ ပိုမို လုပ်ဆောင်လာနေ၍ တိုက်ပွဲများ အချိန်မရွေး ပြန်လည် ဖြစ်ပွားနိုင်၍ ပြည်သူများ စစ်ရေးသတိရှိကြရန် TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ထိုသို့ သတိပေးလိုက်ခြင်းဖြစ်သည်။ “စကစ က သူထိုးထားတဲ့ သဘောတူထားတဲ့ ဟိုင်ဂင် သဘောတူညီချက်ကို တကယ် လိုက်နာနိုင်ပါ့မလား။ ကျနော်တို့ သံသယတော့ ရှိပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က စကစ က လိုအပ်သလို စစ်

Continue Reading