ကျောက်မဲက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး TNLA ထံ လက်နက်ချ အညံ့ခံ
စစ်ရေး သတင်း
1 min read
136

ကျောက်မဲက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး TNLA ထံ လက်နက်ချ အညံ့ခံ

ဇွန် ၂၆ - ၂၀၂၄
0

ရှမ်းပြည်နယ် ကျောက်မဲမြို့အခြေစိုက် စကခ ၁ လက်အောက်ခံ စစ်ကောင်စီတပ်သား ၁၇ ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။ ယနေ့ ဇွန်လ ၂၆ ရက် ညနေ ၄ နာရီခန့်တွင် အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁) လက်အောက်ခံ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦးသည် တအာင်းတပ် TNLA ထံ လက်နက်ချအညံ့ခံခဲ့ခြင်းဖြစ်သည်။ အလားတူ ကျောက်မဲမြို့မရဲစခန်းကို ယနေ့ နံနက်ပိုင်း TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ ရဲစခန်းကိုသိမ်းပိုက်ရရှိပြီး စခန်းမှူးကိုလည်း အရှင်ဖမ်းဆီးရရှိကြောင်း ကျောက်မဲစစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ရှမ်းပြည် မြောက်ပိုင်း တအောင်းဒေသတွင်

Continue Reading
ထိုင်းမှာ ကားမှောက်၍ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦး အပါဝင် ၃ ဦးသေဆုံး
သတင်း
1 min read
102

ထိုင်းမှာ ကားမှောက်၍ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦး အပါဝင် ၃ ဦးသေဆုံး

ဇွန် ၂၆ - ၂၀၂၄
0

ထိုင်းနိုင်ငံ၊ လာ့ခ်ျဘူရီခရိုင်၊ ပါက်ထော့မြို့နယ်၊ ထုန့်လွမ်ကျေးရွာတွင် ယာဉ်မတော်တဆ တိမ်းမှောက်မှု၍ မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးနှင့် ထိုင်းနိုင်ငံသား တစ်ဦးအပါဝင် သုံးဦးသေဆုံးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ယမန်နေ့ ဇွန်လ ၂၅ ရက် နံနက် ၁၁ နာရီခွဲအချိန်တွင် ရေခဲပို့နေသည့် ကားသည် ပါက်ထော့မြို့နယ်၊ ထုန့်လွမ်ကျေးရွာလမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် ဘုန်းကြီးကျောင်းအရှေ့ရှိ လမ်းကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုခဲ့ခြင်းဖြစ်သည်။ ယာဉ်ပေါ်ပါ သုံးဦးစလုံး အခင်းဖြစ်ပွားနေရာတွင် သေဆုံးသွားခဲ့ကြောင်း ရဲမှူကြီး နလုဒုံ မာလစီက ထိုင်းသတင်းဌာနများကို ပြောဆိုထားသည်။ “ဒီကားက မူယန်င်မြို့နယ်၊ ဟွေဖိုင်ကျေးရွာက ဈေးဆိုင်တွေကို ရေခဲသွားပို့တဲ့ကားလို့ သိရပါတယ်၊ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး CCTV မှတ်တမ်းကို ကြည့်တဲ့ အခါ

Continue Reading
အိန္ဒိယမှ ရခိုင်ပြည်ထဲသို့ ကုန်ပစ္စည်းမျိုးစုံ တင်သွင်းနေသည့် ကုန်လမ်းကြောင်းများကို CYLA က ပိတ်ပင်
စီးပွားရေး ရုပ်သံ
1 min read
295

အိန္ဒိယမှ ရခိုင်ပြည်ထဲသို့ ကုန်ပစ္စည်းမျိုးစုံ တင်သွင်းနေသည့် ကုန်လမ်းကြောင်းများကို CYLA က ပိတ်ပင်

ဇွန် ၂၆ - ၂၀၂၄
0

Continue Reading
၁၀၂၇ အဆက် TNLA တကျော့ပြန်ထိုးစစ် မိုးကုတ်မြို့အထိ ကျယ်ပြန့်လာ
စစ်ရေး သတင်း
1 min read
121

၁၀၂၇ အဆက် TNLA တကျော့ပြန်ထိုးစစ် မိုးကုတ်မြို့အထိ ကျယ်ပြန့်လာ

ဇွန် ၂၆ - ၂၀၂၄
0

ရှမ်းပြည် မြောက်ပိုင်း တအောင်းဒေသတွင် စစ်ကောင်စီက အပစ်ရပ်သဘောတူညီချက် ချိုးဖောက်လိုက်၍ တအောင်းတပ် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး မန္တလေးတိုင်း မိုးကုတ်မြို့အထိ တိုက်ပွဲကျယ်ပြန့်လာကြောင်း မျက်မြင်များက ပြောဆိုကြသည်။ မိုးကုတ်မြို့နယ် အနောက်ပိုင်းရဲစခန်းကို TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ၀ိုင်းဝန်းတိုက်ခိုက်နေပြီး ရဲစခန်းအနီးသို့ တော်လှန်ရေးတပ်သားများ ဝင်ရောက်လာသည်ကို မြင်တွေ့ရကြောင်း မိုးကုတ်ပြည်သူတစ်ဦးက ပြောသည်။ “မိုးကုတ်အနောက်ရဲစခန်းဘက်မှာ ပစ်ခတ်သံတွေနဲ့ ဆူညံနေတယ်။ အခု မွန်းလွဲ ၁ နာရီကျော်လောက်မှာ လေယာဉ်တွေလည်းဝဲနေတယ်။ အခြေအနေကတော့ ဆိုးလာပြီ။ အခုထိလည်း တိုက်ပွဲဖြစ်နေတုန်းပဲ။ မိုးကုတ်မြို့ထဲအထိကို တိုက်ပွဲတွေက ရောက်လာပြီ။ ပြည်သူတွေကတော့ ပိတ်မိနေပါတယ်။ ဘယ်ပြေးလို့ ပြေးရမှန်းမသိသေးဘူး” ဟု ဆိုသည်။ ယနေ့

Continue Reading
သံတွဲလေဆိပ် သတင်းဓါတ်ပုံအတု ပျံ့နှံ့နေ
Fact Check စစ်ရေး သတင်း
1 min read
89

သံတွဲလေဆိပ် သတင်းဓါတ်ပုံအတု ပျံ့နှံ့နေ

ဇွန် ၂၆ - ၂၀၂၄
0

(Fact Check News) ယမန်နေ့ ဇွန်လ ၂၅ ရက် နံနက်ပိုင်းကစ၍ ငပလီမြို့ သံတွဲလေဆိပ်ရှေ့မှာ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များစုပြီး ဓါတ်ပုံရိုက်ထားသလိုမျိုးဖြင့် ပုံစံဖြင့် သတင်းဓါတ်ပုံအမှား နည်းပညာဖြင့် ပြုလုပ်ထားသည့်ပုံ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည်။ သံတွဲမြို့အနီးနှင့် ငပလီမြို့ပတ်ဝန်းကျင်တွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်လျက်ရှိနေပြီး ဇွန်လ ၂၄ ရက် နေ့လယ်က သံတွဲလေဆိပ် (မဇင်လေဆိပ်) ကို အာရက္ခတပ်တော် AA က သိမ်းလိုက်ပြီဆိုသည့် သတင်းကို ပြည်တွင်းပြည်ပ သတင်းမီဒီယာအားလုံးလိုလိုက သတင်းဖော်ပြခဲ့ကြသည်။ သတင်းတိုင်းတွင် သံတွဲနှင့် ငပလီမြို့ခံများဖြစ်သည်ဆိုသော ဒေသခံပြည်သူများ၏ ပြောပြချက်နှင့် AA နှင့်နီးစပ်သူများ ပြောပြချက်အရဟုဆိုကာ သံတွဲလေဆိပ်ကို

Continue Reading
အိန္ဒိယ-ရခိုင်-ချင်း ကုန်သွယ်ရေးလမ်းကြောင်း လိုင်လူငယ်အဖွဲ့ ပိတ်ပင်ခြင်း မရာလူငယ်အသင်း ကန့်ကွက်
သတင်း
1 min read
296

အိန္ဒိယ-ရခိုင်-ချင်း ကုန်သွယ်ရေးလမ်းကြောင်း လိုင်လူငယ်အဖွဲ့ ပိတ်ပင်ခြင်း မရာလူငယ်အသင်း ကန့်ကွက်

ဇွန် ၂၆ - ၂၀၂၄
0

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်မှတစ်ဆင့် ရခိုင်ပြည်နှင့် ချင်းပြည်နယ်အတွင်းသို့ ကုန်ပစ္စည်းမျိုးစုံ တင်သွင်းနေသည့် ကုန်သွယ်ရေးလမ်းကြောင်းများကို ဗဟိုလိုင်လူငယ်အဖွဲ့ချုပ် CYLA က အကြိမ်ကြိမ် တားမြစ်ပင်နေသည်။ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းမှာ စစ်ဘေးရှောင်များမဟုတ်ဘဲ လက်နက်ကိုင်ဆောင်သော ရခိုင်လူမျိုးအများအပြား ဝင်ရောက်လာခြင်းနှင့် AA က ချင်းလက်နက်ကိုင်များကို တိုက်ခိုက်နေသည့်အတွက် ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ပင်ရခြင်းဖြစ်သည်ဟု ဗဟိုလိုင်လူငယ်အဖွဲ့ချုပ်က ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ ဒေသအသီးသီးက လိုင်လူငယ်အဖွဲ့ YLA များအနေဖြင့် မိမိဒေသကို တာဝန်ယူ စုံစမ်းကြပြီး ဗဟိုလိုင်လူငယ်အဖွဲ့ချုပ် CYLA ထံသို့ အကြောင်းကြားရမည်ဟု ထုတ်ပြန်ပြောသည်။ “စစ်ဘေးရှောင်မဟုတ်တဲ့ ရခိုင်လူမျိုးလက်နက်ကိုင် အများအပြား ကျွန်တော်တို့နယ်မြေကို ဝင်ရောက်လာတာတွေ့ရတာကြောင့် CYLA အနေနဲ့ သူတို့ကိုစုံစမ်းပြီး

Continue Reading