ရှမ်းမြောက် တိုက်ပွဲ ၄ ရက်အတွင်း အရပ်သား ၂၀ ဦး သေဆုံး၊ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိ
သတင်း
1 min read
137

ရှမ်းမြောက် တိုက်ပွဲ ၄ ရက်အတွင်း အရပ်သား ၂၀ ဦး သေဆုံး၊ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိ

June 30, 2024
0

စစ်ဆင်ရေး ၅ ရက်အတွင်း စစ်ကောင်စီက တံတား ၅ စင်းကို ဖျက်ဆီးခဲ့ ရှမ်းပြည်မြောက်ပိုင်းတွင် တအာင်းတပ်မတော် TNLAနှင့် စစ်‌ကောင်စီတပ်တို့အကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှု‌များကြောင့် ဒေသခံ ၂၀ ကျော်ရှိ သေဆုံးသည်ဟု TNLA က ပြန်သည်။ ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့က စတင်ပြီး ၁၀၂၇ စစ်ဆင်ရေး တကျော့ပြန်တိုက်ပွဲအတွင်းမှာ ဇွန် ၂၅ ရက်ကနေ ၂၈ ရက်အထိ ၄ ရက်တာအတွင်း ပြည်သူ ၂၀ ဦး သေဆုံးခဲ့ရပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

Continue Reading
ကာစီနိုရုံများမှာ အသုံးပြုရန် မြန်မာနိုင်ငံဘက်ခြမ်းကို တရားမဝင် တပ်ဆင်ထားသော အင်တာနက် ကေဘယ်ကြိုးလိုင်း ထိုင်းရဲတပ်ဖွဲ့က စစ်ဆေး ဖြတ်တောက်
ဓါတ်ပုံသတင်း သတင်း
1 min read
135

ကာစီနိုရုံများမှာ အသုံးပြုရန် မြန်မာနိုင်ငံဘက်ခြမ်းကို တရားမဝင် တပ်ဆင်ထားသော အင်တာနက် ကေဘယ်ကြိုးလိုင်း ထိုင်းရဲတပ်ဖွဲ့က စစ်ဆေး ဖြတ်တောက်

June 30, 2024
0

မြန်မာ-ထိုင်း နယ်စပ်တစ်ခု ဖြစ်သည့် မြ၀တီ-မဲဆောက်တွင် ထိုင်းဘက်ကနေ မြန်မာဘက်ကို မြေအောက်ကနေ တဆင့် တရားမဝင် ဆက်သွယ်ထားသည့် အင်တာနက် ကေဘယ်ကြိုးလိုင်းများကို ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့က စစ်ဆေး ဖြတ်တောက်လိုက်သည်။ အဆိုပါ ကေဘယ်ကြိုးလိုင်းများကို ဇွန် ၂၈ ရက်နေ့ မနက်ပိုင်းတွင် ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးပြီး ဖြတ်တောက်လိုက်ကြောင်း မဲဆောက်မြို့ အခြေစိုက် ထိုင်းသတင်းဌာနများ၏ ရေးသားဖော်ပြချက်များ အရ သိရ သည်။ ထိုင်းနိုင်ငံ တာ့ပ်ခရိုင် မဲဆောက်မြို့နယ်၊ ဖိုးဖမြို့နယ်နှင့် မယ်လမတ်မြို့နယ်တို့ကနေ တဆင့် ကရင်ပြည်နယ် မြ၀တီခရိုင် မြ၀တီမြို့နယ်ဘက်ရှိ ဝမ်ယာနှင့် ရွှေကုက္ကိုမြို့သစ်တွင်ရှိသည့် ကာစီနိုလောင်းကစားရုံတို့တွင် အသုံးပြုရန် တရားမဝင် မြေအောက်လမ်းကနေ ဆက်သွယ်ထားသည့်

Continue Reading
သံတွဲမှာ စစ်ရှောင်အမျိုးသမီးများ လစဉ်သုံးပစ္စည်း အရေးတကြီးလိုအပ်နေ
ကျန်းမာရေး သတင်း
1 min read
139

သံတွဲမှာ စစ်ရှောင်အမျိုးသမီးများ လစဉ်သုံးပစ္စည်း အရေးတကြီးလိုအပ်နေ

June 29, 2024
0

ရခိုင်ပြည် သံတွဲမြို့နယ်က စစ်ရှောင်စခန်း အနည်းဆုံး ၁၆ ခုက အမျိုးသမီးများမှာ လစဉ်သုံးပစ္စည်း အရေးတကြီးလိုအပ်နေသည်ဟု ကာယကံရှင်များနှင့် အကူအညီပေးနေသူများထံမှ သိရသည်။ စစ်ရှောင်စခန်း ၁၆ ခုမှာ လူဦးရေ ၂၀၀၀ ကျော်ရှိသည့်အနက် ၁၀၀၀ ကျော်မှာ အမျိုးသမီးများဖြစ်နေ၍ လစဉ်သုံးပစ္စည်းများ အရေးတကြီးလိုအပ်နေသည်ဟု ကူညီဆောင်ရွက်ပေးနေသူ ကိုတေဇာအောင်က ပြောသည်။ ” ပြီးခဲ့တဲ့ တစ်ပတ်က ကျနော်တို့ လုပ်ထားတဲ့ စာရင်းအရဆိုရင် စစ်ရှောင်စခန်း ၁၆ ခုမှာ လူဦးရေ ၂၀၀၀ ကျော်ရှိတယ်။ အဲဒီထဲမှာမှ အမျိုးသမီးဦးရေက ၁၀၀၀ ကျော်တယ်ပေါ့နော်။ ပြောရရင် ၆၀ ရာခိုင်နှုန်းလောက် အမျိုးသမီးဖြစ်နေတယ်။ အဲဒီထဲမှာမှ အရွယ်ကောင်းအမျိုးသမီးတွေပါတယ်။ ပြီးတော့ လကုန်ခါနီးဖြစ်တဲ့အတွက်ကြောင့်မို့လို့

Continue Reading
DMG သတင်းထောက်နှင့် ရုံးဝန်ထမ်းကို ထောင်ဒဏ်ချမှတ်ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခြင်း
သတင်း
1 min read
131

DMG သတင်းထောက်နှင့် ရုံးဝန်ထမ်းကို ထောင်ဒဏ်ချမှတ်ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခြင်း

June 29, 2024
0

Development Media Group (DMG) သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို အာဏာသိမ်းစစ်ကောင်စီမှ အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်စီ ဇွန်လ ၂၈ ရက်နေ့က ချမှတ်ခဲ့သည့်အတွက် လွန်စွာ စိတ်မကောင်းဖြစ်ရပါသည်။ သတင်းထောက် ကိုထက်အောင်မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့က ရခိုင်ပြည် စစ်တွေမြို့ ဝင်္ကဘာကွင်းတွင်ပြုလုပ်သည့် သီတင်းကျွတ်လပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းပွဲကို သတင်းဓာတ်ပုံရိုက်နေစဉ် ဖမ်းဆီးခံလိုက်ရသည်။ ထိုနေ့တွင် DMG ရုံးကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး ညစောင့်ဝန်ထမ်း ကိုစိုးဝင်းအောင် ကိုပါ စစ်ကောင်စီက ထပ်မံဖမ်းဆီးကာ ၎င်းတို့နှစ်ဦးစလုံးကို ယမန်နေ့ ဇွန်လ ၂၈ ရက်တွင် စစ်တွေမြို့နယ် တရားရုံးက

Continue Reading
ရခိုင်မှာ ဆေးဝါး ပြတ်လပ်သွားပြီ
ကျန်းမာရေး သတင်း
1 min read
195

ရခိုင်မှာ ဆေးဝါး ပြတ်လပ်သွားပြီ

June 29, 2024
0

ရခိုင်ပြည်မှာ အရေးပေါ်လူနာများနှင့် နာတာရှည်ရောဂါဝေဒနာခံစားရသူများ အသုံးပြုရသော ဆေးဝါးများ လုံးဝ ပြတ်လပ်သွားပြီဟု လူနာများနှင့် ဆေးဆိုင်များက ပြောဆိုကြသည်။ လူနာတစ်ဦးအတွက် လိုအပ်သည့်ဆေးဝါးများကို တစ်မြို့လုံးရှိဆေးဆိုင်တိုင်းနီးပါးတွင် ဝယ်ယူသော်လည်း စုံလင်စွာမရရှိနိုင်တော့သည့် အခြေနေမျိုးအထိ ဖြစ်နေသည်ဟု စစ်တွေမှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ “ဆေးဝါးတွေက တော်တော်ကို ပြတ်နေတာပါ။ ဆေးဝါးသယ်လို့ရမယ့် လမ်းကြောင်းကို မရှိတော့ပါဘူး။ အခုအခြေနေက ဘယ်လိုဖြစ်နေလဲဆိုတော့ မြို့မှာရှိတဲ့ ဆိုင်တိုင်းမှာ ဆေးလိုက်ဝယ်ပေမယ့် လိုအပ်တဲ့ဆေးဝါးအစုံအလင်ကို ရနိုင်ဖို့ ခဲယဉ်းတဲ့အခြေနေကို ရောက်နေတာပါ” ဟုပြောသည်။ ၂၀၂၃ တကျော့ပြန်တိုက်ပွဲ စတင်ချိန်ကတည်းက အာဏာသိမ်း စစ်ကောင်စီမှ ရခိုင်ပြည်အတွင်း ရေလမ်း၊ ကုန်းလမ်းအားလုံးကို ပိတ်ဆို့ခဲ့၍ ယင်းအချိန်ကစပြီး ဆေးဝါးများပြတ်လပ်နေခဲ့သည်။ ရခိုင်ပြည် မြောက်ပိုင်းကို အာရက္ခတပ်တော်

Continue Reading
DMG သတင်းထောက်နှင့် ရုံးဝန်ထမ်း ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံရ
နိုင်ငံရေး သတင်း
1 min read
149

DMG သတင်းထောက်နှင့် ရုံးဝန်ထမ်း ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံရ

June 28, 2024
0

(DMG သတင်းဌာနမှ စစ်ကောင်စီကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ) ရခိုင်ပြည် အခြေစိုက် သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးမီဒီယာအုပ်စု DMG သတင်းဌာနမှ သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်ကို ထောင်ဒဏ် ၅ နှစ်စီ အာဏာသိမ်းစစ်ကောင်စီမှ ယနေ့ ဇွန်လ ၂၈ ရက်တွင် မတရားချမှတ်ခဲ့ကြောင်း DMG ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က အလှူပွဲအား သတင်းဓါတ်ပုံယူရာမှာ သတင်းထောက် ကိုထက်အောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မတရားဖမ်းဆီးခဲ့ပြီး ရုံးကိုဝင်စီးကာ ရုံးအစောင့် ကိုစိုးအောင်ကိုပါ ဖမ်းဆီးပြီး ထောင်ချခဲ့ခြင်းဖြစ်သည်။ သတင်းထောက် ကိုထက်အောင်နှင့် ရုံးအစောင့်ဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ

Continue Reading
ငပလီတွင် နေအိမ်များကို စစ်ကောင်စီတပ်သားများက ဖောက်ထွင်းနေ
သတင်း
1 min read
165

ငပလီတွင် နေအိမ်များကို စစ်ကောင်စီတပ်သားများက ဖောက်ထွင်းနေ

June 28, 2024
0

တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့တွင် နေအိမ်တစ်ချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ပြီး ဖောက်ထွင်းယူဆောင်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ ငပလီဒေသခံ တစ်ချို့မှာ တိုက်ပွဲများကြောင့် နီးစပ်ရာများသို့ တိမ်းရှောင်နေချိန်တွင် ဂျိတ္တော၊ မဇင်လေဆိပ်နားက အိမ်များနှင့် ငပလီ မီးပွိုင့်နားက နေအိမ် အချို့ကို ဖောက်ထွင်း ခိုးယူခံရမှုများရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အခု က ငပလီ နေရာတော်တော်များများ အဲ့လို ဖြစ်နေတယ်။ တစ်ချို့ ဒေသခံက ရှိနေတယ်။ တစ်ချို့ ကြောက်ပြီးတော့ ထွက်ပြေးနေကြတဲ့အချိန်မှာ အဲ့လို လာလုပ်တယ်။ စစ်ကောင်စီတပ်သားတွေက လာပြီး ဖောက်ထွက်ကြတယ်။ ဂျိတ္တော အောင်သိန္ဓိစေတီအနီးက နေအိမ်ကိုလာဖောက်ထွင်းကြတယ်။ အစောင့်ကို

Continue Reading
ရေဖြူမြို့မှာ စစ်ဘေးရှောင်ပြည်သူ ၃၆၀၀ ကျော် အရေးပေါ်အကူအညီများ လိုအပ်နေ
စစ်ရေး သတင်း
1 min read
110

ရေဖြူမြို့မှာ စစ်ဘေးရှောင်ပြည်သူ ၃၆၀၀ ကျော် အရေးပေါ်အကူအညီများ လိုအပ်နေ

June 28, 2024
0

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ရာဖူးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၉ ရွာက စစ်ဘေးရှောင်ပြည်သူ ၃၆၀၀ ကျော်မှာ စားနပ်ရိက္ခာများနှင့် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ သိရသည်။ ဇွန် ၁၉ ရက်နေ့က နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ကျေးရွာ ၉ ရွာမှ ဒေသခံပြည်သူများမှာ နေအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည်။ လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မျောက်ချောရွာနှင့် အနီးအနားရှိ ရွာများကို လေကြောင်းတိုက်ခိုက်မှုနှင့် နေအိမ်မီးရှို့ခြင်းများကို ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ဒေသခံစစ်ဘေးရှောင်များနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ နိုင်နဂါးက ” အခြေအနေက တော်တော်ဆိုးတယ်၊ အခုအချိန်အထိ နေရပ်မပြန်နိုင်သေးဘူး၊

Continue Reading
မတူပီမြို့သိမ်းတိုက်ပွဲ ချင်းတော်လှန်ရေး နှစ်ဖွဲ့ တင်းမာနေဆဲ
စစ်ရေး သတင်း
1 min read
219

မတူပီမြို့သိမ်းတိုက်ပွဲ ချင်းတော်လှန်ရေး နှစ်ဖွဲ့ တင်းမာနေဆဲ

June 28, 2024
0

(မတူပီတိုက်ပွဲမှာ CNA နှင့် AA တိုက်ပွဲ အသွင်ဆောင်လာဟု စွပ်စွဲ) ချင်းပြည်တောင်ပိုင်း မတူပီမြို့တိုက်ပွဲအတွင်း CNA ဦးဆောင်သော ချင်းလဲန်းကောင်စီတပ်ကို ဇွန်လ ၂၄ ရက်နေ့ကစ၍ မောင်းထုတ်နိုင်ခဲ့ပြီဟု ချင်းညီနောင်အဖွဲ့က ထုတ်ပြန်သော်လည်း ချင်းလဲန်းကောင်စီတပ် ဆုတ်ခွာခြင်းမရှိဟု CNA ပြောခွင့်ရ ဆလိုင်းထက်နီက ပြောဆိုထားသည်။ မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းလဲန်းကောင်စီတပ်အနေဖြင့် ဆုတ်ခွာခြင်းမရှိဘဲ စစ်ဆင်ရေး ဆက်လက်ဖော်ဆောင်နေသည်ဟု CNA ပြောခွင့်ရ ဆလိုင်းထက်နီက ပြောကြောင်း ချင်းသတင်းဌာန ခိုနူမ်းသုန်သတင်းအရ သိရသည်။ ” “ငါတို့တပ်တွေ မတူပီကနေ မဆုတ်ခွာပါဘူး။ စစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင်နေပါတယ် ” ဟု ပြောသည်။ ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် ချင်းညီနောင်ပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာမှုမှာ ဇွန်လ ၁၈

Continue Reading
ရန်ကုန်သံဃာတော်များ ကံဆောင်သပိတ်ကို ထောက်ခံကြောင်း လှုပ်ရှားမှုပြုလုပ်
ဓါတ်ပုံသတင်း နိုင်ငံရေး
0 min read
105

ရန်ကုန်သံဃာတော်များ ကံဆောင်သပိတ်ကို ထောက်ခံကြောင်း လှုပ်ရှားမှုပြုလုပ်

June 28, 2024
0

ရန်ကုန်မြို့ပေါ်တွင် ပြည်သူ့အင်အားစု သပိတ်အဖွဲ့လူငယ်များက သံဃာတော်များ၏ ကံဆောင် သပိတ်ကို ထောက်ခံကြောင်း လှုပ်ရှားမှုကို ယနေ့ ဇွန်လ ၂၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

Continue Reading