မြန်မာ့အရေး တရုတ်ဝင်စွက်ဖက်ခြင်း ရပ်တန့်ရေး အမေရိကန်ရောက် မြန်မာများ ဆန္ဒပြ
နိုင်ငံရေး ဗီဒီယိုသတင်း သတင်း
1 min read
187

မြန်မာ့အရေး တရုတ်ဝင်စွက်ဖက်ခြင်း ရပ်တန့်ရေး အမေရိကန်ရောက် မြန်မာများ ဆန္ဒပြ

July 31, 2024
0

Continue Reading
ရခိုင်မှာ မိုင်းနင်းမိသူတွေဆီက မိုင်းဖိုးလျော်ကြေးငွေ စစ်ကောင်စီ တောင်းနေ
စစ်ရေး ဗီဒီယိုသတင်း သတင်း
1 min read
280

ရခိုင်မှာ မိုင်းနင်းမိသူတွေဆီက မိုင်းဖိုးလျော်ကြေးငွေ စစ်ကောင်စီ တောင်းနေ

July 29, 2024
0

Continue Reading
ရှမ်းတောင်ပိုင်းကို RCSS သျှမ်းတပ် ကာကွယ်မည်ဟုဆို
စစ်ရေး သတင်း
1 min read
164

ရှမ်းတောင်ပိုင်းကို RCSS သျှမ်းတပ် ကာကွယ်မည်ဟုဆို

July 29, 2024
0

ရှမ်းပြည်နယ် တောင်ပိုင်းဒေသတည်ငြိမ်ရေးနှင့် ပြည်သူလူထုကို ကာကွယ်သွားမည်ဟု သျှမ်းတပ် RCSS/SSA က ထုတ်ပြန်ကြေညာလိုက်သည်။ ဇူလိုင်လ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ RCSS မှ ကျင်းပခဲ့သော ၆ လပတ်အစည်းအဝေးတွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ရှမ်းပြည်တောင်းပိုင်းကို ကာကွယ်သွားမည်ဖြစ်သလို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားမည်ဟု ပြောဆိုထားသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာရခြင်း၊ အသက်သေဆုံးရခြင်းနှင့် ကလေးငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်များ အခက်အခဲဖြစ်နေကြသည်ကို RCSS/SSA က များစွာ စိတ်မကောင်းဖြစ်ရသည်ဟု ဆိုသည်။ အာဏာသိမ်း မြန်မာစစ်တပ်ကြောင့် ၃ နှစ်ကျော်ကာလအတွင်းမှာ တိုင်းပြည်အနှံ့ စီးပွားရေးကျဆင်းခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရခြင်းနှင့် တရားဥပဒေစိုးမိုးမှု အားနည်းလာကြောင်း ပြောသည်။

Continue Reading
စစ်ကောင်စီ ဖမ်းဆီးသွားသည့် အမ်းက အလယ်တန်းပြ ကျောင်းဆရာ မိသားစုနှင့် အဆက်အသွယ်မရသေး
ပညာရေး သတင်း
1 min read
149

စစ်ကောင်စီ ဖမ်းဆီးသွားသည့် အမ်းက အလယ်တန်းပြ ကျောင်းဆရာ မိသားစုနှင့် အဆက်အသွယ်မရသေး

July 29, 2024
1

ရခိုင်ပြည် အမ်းမြို့နယ် အမှတ် ၂ ရပ်ကွက်မှ အလယ်တန်းပြ ကျောင်းဆရာတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၂၃ ရက်နေ့က ဖမ်းဆီးသွားပြီး မိသားစုဝင်များမှာ ယခုအချိန်အထိ အဆက်အသွယ် မရသေးကြောင်း သိရသည်။ ဖမ်းဆီးခံရသည့် ကျောင်းဆရာမှာ အမှတ် ၂ ရပ်ကွက်နေ အသက် ၄၀ အရွယ်ရှိ ဦးတင်မိုးထွန်းဖြစ်ပြီး မိသားစုဝင်များကို စစ်ကောင်စီက အကြောင်းကြားမှု လုံးဝမရှိသေးကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။ “၂၃ ရက် မနက်ပိုင်းက ဖမ်းသွားတာပါ။ အိမ်က ဖမ်းသွားတာတော့ မဟုတ်ဘူး။ သူ့ကို ရဲစခန်းကဆင့်ခေါ်တယ်။ ပြီးတော့ ပြန်မလွှတ်ဘဲ ဖမ်းထားလိုက်တာ။ အခု ရဲစခန်းမှာလည်း မရှိဘူး။ စခန်းကနေ ဘယ်ကို ယူသွားလဲ

Continue Reading
ပုဏ္ဏားကျွန်းမှာ စစ်ဘေးရှောင်ကလေးငယ်များ ဝမ်းရောဂါ ဆက်ဖြစ်နေဆဲဖြစ်
ကျန်းမာရေး သတင်း
1 min read
159

ပုဏ္ဏားကျွန်းမှာ စစ်ဘေးရှောင်ကလေးငယ်များ ဝမ်းရောဂါ ဆက်ဖြစ်နေဆဲဖြစ်

July 29, 2024
0

(အသက်အန္တရာယ်ရှိလာမည်ကို စစ်ရှောင်မိဘများ စိုးရိမ်နေ) ဇူလိုင်လ ပထမ အပတ်ကစ၍ ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင်ကလေးငယ်များ ဝမ်းရောဂါ ဖြစ်ပွားနေသည်မှာ ကောင်းမွန်လာခြင်းမရှိဘဲ ယနေ့ အချိန်အထိ ဝမ်းရောဂါ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူများက ပြောသည်။ ကလေးငယ်များ ဝမ်းရောဂါဖြစ်ပွားမှုနှုန်းမှာ စဖြစ်ခါစနှင့် နှိုင်းယှဥ်လျှင် လျော့ကျလာခြင်းမရှိကြောင်း လင်းရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဝမ်းရောဂါက ဖြစ်မြဲအတိုင်း ဖြစ်နေကြပါတယ်။ ဆေးဝါးလိုအပ်ချက်က ရှိနေတော့ ထိထိရောက်ရောက် ကုသမှု၊ ကာကွယ်မှုတွေ မလုပ်နိုင်ဘူး။ လသားအရွယ်ကနေ ၁၃ နှစ်ကြား ကလေးတွေ အဖြစ်များတယ်။ လူကြီးတွေလည်း ဖြစ်ကြတာရှိတယ်။ ဒါပေမယ့် ကလေးတွေက ခုခံအားပိုနည်းတော့ ပိုဖြစ်ကြတယ်” ဟု ပြောသည်။ လက်ရှိ

Continue Reading
မွတ်ဆလင်များအား အတင်းအကျပ် စစ်မှုထမ်းခြင်းမှ ရပ်တန့်ရေး Fortify Rights တောင်းဆို
စစ်ရေး သတင်း
1 min read
114

မွတ်ဆလင်များအား အတင်းအကျပ် စစ်မှုထမ်းခြင်းမှ ရပ်တန့်ရေး Fortify Rights တောင်းဆို

July 29, 2024
0

ရခိုင်ပြည်နှင့် အခြားနေရာဒေသများတွင် မြန်မာစစ်ကောင်စီ၏ တရားမဝင် အတင်းအကျပ်စစ်မှုထမ်းခေါ်ဆောင်ခြင်းလှုပ်ရှားမှုကို ရပ်တန့်ရမည်ဟု Fortify Rights အဖွဲ့က ဇူလိုင်လ ၂၆ ရက်တွင် တောင်းဆိုလိုက်သည်။ ဘင်္ဂလားဒေ့ရှ်တွင် လှုပ်ရှားသော မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် မွတ်ဆလင်ဒုက္ခသည်များအား အတင်းအကျပ်ဖမ်းဆီး ခေါ်ဆောင်နေခြင်းကိုလည်း ရပ်တန့်တားဆီးသင့်သည်ဟု ဆိုသည်။ Fortify Rights ၏ စုံစမ်းစစ်ဆေးမှုအသစ်အရ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ မွတ်ဆလင်က္ခသည်များကို အတင်းအကြပ်ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပို့ဆောင်နေကြောင်း သိရသည်။ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မွတ်ဆလင်ဒုက္ခသည်များမှာ စစ်ကောင်စီထံ အတင်းအကျပ်စစ်မှုထမ်းနေရ၍ ယင်းလုပ်ရပ်များသည် ဥပဒေချိုးဖောက်မှုနှင့် လူကုန်ကူးမှု မြောက်သည်ဟု Fortify Rights က ဆိုသည်။ Fortify Rights မှ Human Rights

Continue Reading
ပုဏ္ဏားကျွန်းမှာ စစ်ရှောင်ကလေးငယ်တွေ ဝမ်းရောဂါ ဆက်ဖြစ်နေ
ကျန်းမာရေး ဗီဒီယိုသတင်း သတင်း
1 min read
189

ပုဏ္ဏားကျွန်းမှာ စစ်ရှောင်ကလေးငယ်တွေ ဝမ်းရောဂါ ဆက်ဖြစ်နေ

July 29, 2024
0

(အသက်အန္တရာယ်ရှိလာမှာကို စစ်ရှောင်မိဘတွေက အရမ်းစိုးရိမ်နေကြပါတယ်)

Continue Reading
ဂွနှင့် ကျိန္တလီကြား စစ်ကောင်စီ စစ်ကြောင်းထိုး၊ ဒေသခံများ နေရပ်စွန့်ခွာ
စစ်ရေး သတင်း
1 min read
155

ဂွနှင့် ကျိန္တလီကြား စစ်ကောင်စီ စစ်ကြောင်းထိုး၊ ဒေသခံများ နေရပ်စွန့်ခွာ

July 29, 2024
0

ရခိုင်ပြည် တောင်ပိုင်းဒေသ လူအင်အားနှင့် လက်နက်အင်အား အလုံးအရင်းဖြင့် ဖြည့်တင်းနေသော ဂွဒေသမှာ စစ်ကောင်စီတပ်ရင်းများ စစ်ကြောင်းထိုးနေကြောင်း မျက်မြင်ဒေသခံများက ပြောသည်။ ဂွမြို့နှင့် ကျိန္တလီမြို့ကြားရှိ တပ်စခန်းများကို သွားလာလှုပ်ရှားခြင်းနှင့် အနီးအနားဒေသများကို နယ်မြေလုံခြုံရေးအကြောင်းပြ၍ စစ်ကြောင်းများ မကြာခဏ ထိုးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ” ပြီးခဲ့တဲ့ နှစ်ရက်က ဂွနဲ့ ကျိန္တလီကြားမှာ တပ်ဖြန့်ထားတာတွေ့ရတယ်။ တပ်စခန်းတွေကို လက်နက်ပို့တာ၊ လူပို့တာနဲ့ အနီးအနားကျေးရွာတွေ၊ တောတောင်တွေကို စစ်ကြောင်းပတ်သွားတာ တွေ့ရတယ်။ လူတွေက စစ်ဖြစ်တော့မှာ ထင်ပြီး အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြပြီ။ ” ဟု ပြောသည်။ အာဏာသိမ်း စစ်ကောင်စီသည် AA ထံ သံတွဲမြို့ လက်လွှတ်ဆုံးရှုံးရမည့် အခြေအနေဖြစ်နေချိန်

Continue Reading
တောင်ပိုင်းစစ်ဒေသ SOF ၏ အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
66

တောင်ပိုင်းစစ်ဒေသ SOF ၏ အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ

July 29, 2024
0

(ဓါတ်ပုံသတင်း) တောင်ပိုင်းစစ်ဒေသတွင် SOF တပ်ဖွဲ့၏ အပတ်စဥ် ၆ အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲနှင့် တပ်ဖွဲ့ တည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ သင်တန်းဆင်းပွဲတွင် အလံတော်နှင့် ကျဆုံးရဲဘော်များကို အလေးပြုခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခြင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန J2C အဖွဲ့ဝင်လူကြီးများနှင့် တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူးရဲဘော်စောရှားမှ သင်တန်းဆင်း ဂုဏ်ပြုစကားများပြောကြားခဲ့ကြောင်း သိရသည်။ SOF တပ်ဖွဲ့သည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပြည်သူ့ ခုခံတွန်းလှန်စစ် စတင်သည့်အချိန်မှစ၍ မြို့ပြနှင့် ကျေးလက်စစ်ဆင်ရေးများစွာ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။ မင်းအောင်လှိုင်၏ စစ်မှုမထမ်းမနေရ စစ်သားစုဆောင်းခြင်းနှင့်

Continue Reading
ထိုင်းမှာ ရွှေ့ပြောင်း ဆောက်လုပ်ရေး လုပ်သား ၁၀၀ ကျော် လစာမရဖြစ်နေ
စီးပွားရေး သတင်း
1 min read
68

ထိုင်းမှာ ရွှေ့ပြောင်း ဆောက်လုပ်ရေး လုပ်သား ၁၀၀ ကျော် လစာမရဖြစ်နေ

July 29, 2024
0

ထိုင်းနိုင်ငံ နွန်ထပူလီမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော် လုပ်ခလစာ မရသည်မှာ တစ်လကျော်နေပြီဟု သိရသည်။ ဆောက်လုပ်ရေး တာဝန်ခံ (ဖိုးလမောင်း) ဆိုသူက လုပ်ခလစာမရှင်ပေး၍ အလုပ်သမားများမှာ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံ တိုင်ကြားထားကြောင်း သိရသည်။ WAG တာဝန်ရှိသူ ကိုမုန်တိုင်းက “ ကျွန်တော်တို့အဖွဲ့ကို လာရောက်တိုင်ကြားတာနဲ့ ပတ်သက်ပြီး နောက်ဆုံး ဖြေရှင်းတာပေးတာ မကြာမှီ ရက်ပိုင်မှာ အခု အလုပ်သမား ၁၀၀ ကျော်ကို အမြန်ဆုံး ရှင်းပေးနိုင်အောင် စီစဉ်ပေးမယ်လို့တော့ ကျွန်တော်တို့ သွားရောက်ညှို့နှိုင်းချိန်မှာ တာဝန်ရှိသူက ပြောတယ်” ဟု ပြောသည်။ အလာတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ထိုင်းနိုင်ငံ

Continue Reading