တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်နှင့် AA တို့ သံတွဲ လင်းသာတွင် တိုက်ပွဲပြင်းထန်နေ
စစ်ရေး သတင်း
1 min read
127

တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်နှင့် AA တို့ သံတွဲ လင်းသာတွင် တိုက်ပွဲပြင်းထန်နေ

ဇူလိုင် ၁၁ - ၂၀၂၄
0

တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ ယနေ့ ဇူလိုင် ၉ ရက်နေ့ နံနက်ပိုင်းက သံတွဲမြို့ လင်းသာကမ်းခြေတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားနေသည့် နေရာများအပါအဝင် ငပလီကမ်းခြေ၊ ရွှေကျောင်းပြင်ရွာ၊ သံတွဲမြို့ရပ်ကွက်များကို လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် ပစ်ခတ်နေပြီး အရပ်သားများ ထိခိုက်မှုအခြေအနေကို မသိရသေးပေ။ AA ၏ ထိုးစစ်ကြောင့် ငပလီမှတပ်ဆုတ်လာသည့် စစ်ကောင်စီတပ်၏ ခလရ (၅၅)၊ ခမရ (၅၆၆) နှင့် ပြည်သူ့စစ်များသည် ဂျိတ္တောရပ်ကွက်တွင် ပူးပေါင်းခံစစ်ဖြင့် တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်။ သံတွဲ ဒေသခံတစ်ဦးက “စစ်ကောင်စီတပ်ဖွဲ့တွေက တပ်ဆုတ်လာကြတယ်။ အဲ့ဒီ

Continue Reading