စစ်ကောင်စီ၏ ရေနံနှင့် သဘာဓာတ်ငွေ့ရှာဖွေရေး ရခိုင်ကမ်းလွန်မပါတော့ပေ
လတ်တလော ဆန်းစစ်နေသော ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များနှင့် အသစ်ရှာဖွေမည့် စီမံကိန်းများ အစည်းအဝေးတွင် ရခိုင်ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ အသစ်ရှာဖွေ ထုတ်လုပ်ရေး စီမံကိန်းများ ပါဝင်ခြင်းမရှိသည်ကို တွေ့ရသည်။ ကမ်းလွန်စီမံကိန်းများနှင့် ကုန်းတွင်းလုပ်ကွက်များမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးတက်ရှာဖွေထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့တွင် ရန်ကုန်တိုင်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ) ၌ ကျင်းပခဲ့သည်။ ထိုအစည်းအဝေးကို စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့က ဦးဆောင် ဆွေးနွေးခဲ့ကြသည်။ ယင်းအစည်းအဝေးမှာ စစ်ကောင်စီ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးအဖွဲ့က ရခိုင်ကမ်းလွန်ဒေသတွင် ရေနံနှင့်
ရခိုင်က ဒေါက်တာ ၁ ဦးနှင့် လူငယ် ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီး
(ဖမ်းဆီခံ ရခိုင်လူငယ် ၃ ဦးကို လှိုင်မြို့ ဘာတာရဲစခန်းမှာ ထိန်းသိမ်းထား) ရခိုင်ပြည်က ဒေါက်တာ ဦးကိုနှင့် ကျောက်ဖြူဒေသခံ လူငယ် ၃ ဦး စုစုပေါင်း ၄ ဦးကို အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်မြို့တွင် အကြောင်းမဲ့ ဖမ်းဆီးခဲ့သည်။ အသက် ၆၀ အရွယ် ဒေါက်တာ ဦးကိုသည် ကျောက်ဖြူမြို့မှ ရန်ကုန်မြို့သို့ လာရောက်စဉ် ရန်ကုန်လေဆိပ်တွင် စစ်ကောင်စီ ထောက်လှမ်းရေးများမှ ဇူလိုင်လ ၁၆ နေ့က အကြောင်းမဲ့ ဖမ်းဆီးခဲ့သည်။ ဒေါက်တာဦးကိုသည် Posco International (OGT) မှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံရသည်ကို မသိရှိရကြောင်းနှင့် လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးကြောင်း
စစ်ရှုံးနေတဲ့ စစ်ကောင်းစီ ရန်ကုန်မြို့ရောက် ရခိုင်လူမျိုးတွေကို နည်းမျိုးစုံနဲ့ ဖမ်းဆီး
(ရန်ကုန်မြို့မှာ ရခိုင်ဒေသခံ အရပ်သား ၄ ဦးကို စစ်ကောင်စီဖမ်းဆီးထား)
စစ်ကောင်စီကို ဖယ်ပြီး အာဆီယံအစည်းအဝေး NUG တက်ရေး အရပ်ဘက်အဖွဲ့ ၂၀၃ ဖွဲ့တောင်းဆို
အာဏာသိမ်း စစ်ကောင်စီကို ဖယ်ထုတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားများ တက်ရောက်နိုင်ရေး အရပ်ဘက်အဖွဲ့ ၂၀၃ ဖွဲ့က တောင်းဆိုလိုက်ကြသည်။ မြန်မာ့အရေးတွင် စစ်ကောင်စီကို ဖယ်ချန်ထားရန် အာဆီယံအဖွဲ့ကို မြန်မာအရပ်ဘက်အဖွဲ့ ၂၀၃ ခုက ယမန်နေ့ ဇူလိုင်လ ၁၈ ရက်တွင် စာပေးပို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဇူလိုင်လ ၂၁ ရက်မှ ၂၇ ရက်နေ့အထိ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တော်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနား ပြုလုပ်ကြမည်ဖြစ်သည်။ ထိုအစည်းအဝေးသို့ စစ်ကောင်စီကို တက်ရောက်ခွင့်မပြုရန်နှင့် မြန်မာပြည်သူများအား ကိုယ်စားပြုသော NUG အစိုးရအဖွဲ့ကို တက်ရောက်ခွင့်ပြုရန် တောင်းဆိုနေကြသည်။ စစ်ကောင်စီသည် မြန်မာနိုင်ငံအား တရားဥပဒေနှင့် မလျော်ညီစွာ