စစ်ကောင်စီ ဖမ်းသွားသည့် ရခိုင်လူငယ် ၃ ဦး ပြန်လွတ်လာ၊ ပိုက်ဆံ ၄ သိန်းခွဲပေးခဲ့ရ
စီးပွားရေး သတင်း
1 min read
168

စစ်ကောင်စီ ဖမ်းသွားသည့် ရခိုင်လူငယ် ၃ ဦး ပြန်လွတ်လာ၊ ပိုက်ဆံ ၄ သိန်းခွဲပေးခဲ့ရ

ဇူလိုင် ၁၉ - ၂၀၂၄
0

အိမ်နီးနားချင်းတိုင်ကြား၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားသော ကျောက်ဖြူဒေသခံ ရခိုင်လူငယ် ၃ ဦး ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက်က ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သူများက ပြောသည်။ ဇူလိုင်လ ၁၇ ရက်နေ့ ည ၈ နာရီက ရန်ကုန်တိုင်း လှိုင်မြို့နယ် အမှတ် ၁၆ ရပ်ကွက် မာလာမြိုင်လမ်းက ရခိုင်လူငယ် ၂ ဦးနှင့် သမိုင်းက ရခိုင်လူငယ် ၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။ အဆိုပါ ရခိုင်လူငယ် ၃ ဦးမှာ အပြစ်တစ်စုံတစ်ရာ မရှိ၍ဟုဆိုကာ လှိုင်မြို့နယ် ဘာတာရဲစခန်းက ကျပ်ငွေ ၄ သိန်းတောင်းယူပြီး ပြန်လွှတ်ပေးလိုက်သည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။

Continue Reading
ဂျိတ္တောမှာ စစ်ကောင်စီ တပ်စွဲပြီးနောက် မြပြင်မှာ အရပ်သားအလောင်း ၇ လောင်းတွေ့
စစ်ရေး သတင်း
1 min read
152

ဂျိတ္တောမှာ စစ်ကောင်စီ တပ်စွဲပြီးနောက် မြပြင်မှာ အရပ်သားအလောင်း ၇ လောင်းတွေ့

ဇူလိုင် ၁၉ - ၂၀၂၄
0

ရခိုင်ပြည် သံတွဲမြို့နယ် ငပလီမြို့ ဂျိတ္တောရပ်ကွက်မှာ စစ်ကောင်စီက တပ်စွဲပြီးနောက် ဂျိတ္တောနှင့်နီးသည့် မြပြင်ရပ်ကွက်မှာ အရပ်သားအလောင်း ၇ လောင်းတွေ့ရှိရကြောင်း စုံစမ်းသိရသည်။ ငပလီမြို့ကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားသော်လည်း ကမ်းခြေအကွေ့ရှိ ဂျိတ္တောရပ်ကွက်မှာ ပြီးခဲ့သည့် နှစ်ပတ်ကျော်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေရာယူခဲ့ကြသည်။ သတင်းရင်းမြစ်တစ်ဦးက ” ဂျိတ္တော၊ မြပြင်ဆိုတာ ကပ်နေတာ။ အဲမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီ တပ်သားတွေရှိသေးတယ်။ ပြီးတော့ ဂျိတ္တောက မောင်ရွှေလေး ရေတပ်နဲ့ နီးတယ်။ ရေတပ်က အင်အားထပ်ဖြည့်တယ် ထင်ပါတယ်။ ပိတ်မိနေတဲ့ အရပ်သားတွေလည်းရှိသေးတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်လိုက်တာ ဖြစ်နိုင်ပါတယ်။ ” ဟု ပြောသည်။ အရပ်သား

Continue Reading
ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲ သေဆုံးသူ ၃၂ ဦးအထိရှိလာ
စစ်ရေး သတင်း
1 min read
217

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲ သေဆုံးသူ ၃၂ ဦးအထိရှိလာ

ဇူလိုင် ၁၉ - ၂၀၂၄
0

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းသားများနှင့် အစိုးရကြား ပဋိပက္ခ ဆိုးရွားနေပြီး သေဆုံးသူ ၃၂ ဦးအထိရှိလာနေကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ပြကြသည်။ ကြမ်းတမ်းပြီး အဓိကရုဏ်းဆန်သည့် သွေးချောင်းစီး ဆန္ဒပြပွဲများ အတောမသတ်နိုင်၍ ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံအတွင်း လုံခြုံရေးသတိပေးချက် အမြင့်ဆုံးအဆင့် ထုတ်ပြန်လိုက်သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ကိုတာ စနစ်နှင့် အစိုးရအလုပ်ခွဲတမ်း သတ်မှတ်ပေးသည့် မူဝါဒကို မကြိုက်၍ ကျောင်းသားများနှင့် လူငယ်များက ဆန္ဒပြပွဲ ဖော်ဆောင်နေရာ လက်ရှိတွင် အကြမ်းဖက်မှုများသို့ ဦးတည်လာကြောင်း သိရသည်။ ယခင်က ဆိုင်းငံ့ထားသည့် အစိုးရအလုပ်အကိုင်အခွင့်ထူး သတ်မှတ်ချက် စည်းမျဉ်းကို ပြန်လည်ကျင့်သုံးရန် ပြင်ဆင်ရာကနေ ဆန္ဒပြပွဲကို အစပြုခဲ့ကြသည်။ တစ်ဖက်မှာလည်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာကို အားပေးထောက်ခံသူများ၏ သားသမီးများမှာ

Continue Reading
စစ်တွေမြို့ခံတွေကို စစ်ကောင်စီ ဖမ်းဆီးမှု ဆက်ရှိနေသေး
ရုပ်သံ သတင်း
1 min read
194

စစ်တွေမြို့ခံတွေကို စစ်ကောင်စီ ဖမ်းဆီးမှု ဆက်ရှိနေသေး

ဇူလိုင် ၁၉ - ၂၀၂၄
0

Continue Reading
စစ်တွေမြို့တွင် စစ်ကောင်စီ ဖမ်းဆီးမှု ဆက်ရှိနေသေး
နိုင်ငံရေး သတင်း
1 min read
137

စစ်တွေမြို့တွင် စစ်ကောင်စီ ဖမ်းဆီးမှု ဆက်ရှိနေသေး

ဇူလိုင် ၁၉ - ၂၀၂၄
0

ရခိုင်ပြည် စစ်တွေမြို့တွင် လူငယ်များကို အဓိက ပစ်မှတ်ထားကာ နေ့ညမရွေး မတရားဖမ်းဆီးမှုများကို စစ်ကောင်စီက ဆက်လက် လုပ်နေသေးကြောင်း ပိတ်မိနေသည့် စစ်တွေဒေသခံများက ပြောသည်။ ၆၀ ရာခိုင်နှုန်းခန့်ရှိသော စစ်တွေမြို့က ဒေသခံပြည်သူများမှာ တကျော့ပြန်တိုက်ပွဲစသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မေလ နောက်ဆုံးထား၍ မြို့ကိုစွန့်ခွာ စစ်ရှောင်သွားကြပြီး ကျန်ရှိဒေသခံများထဲမှ လူငယ်အများအပြားကို အာဏာသိမ်း စစ်ကောင်စီက ဆက်တိုက် ဖမ်းဆီးနေခြင်းဖြစ်သည်။ စစ်တွေမြို့အတွင်း ဖမ်းဆီးခံ သက်ကြီးရွယ်အချို့နှင့် အမျိုးသမီး အချို့ အပါအဝင် လူငယ်အရေအတွက်မှာ ထောင်ဂဏန်းကို ကပ်သွားပြီဟု Western News ၏ မှတ်တမ်းမှတ်ရာ စာရင်းအရ သိရသည်။

Continue Reading