အာဆီယံအစည်းအဝေး အားလုံးက စစ်ကောင်စီကို ဖယ်ထုတ်ရေး အရပ်ဘက် ၃၃၃ ဖွဲ့တောင်းဆို
နိုင်ငံရေး သတင်း
1 min read
123

အာဆီယံအစည်းအဝေး အားလုံးက စစ်ကောင်စီကို ဖယ်ထုတ်ရေး အရပ်ဘက် ၃၃၃ ဖွဲ့တောင်းဆို

ဇူလိုင် ၂၁ - ၂၀၂၄
1

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ဇူလိုင် ၂၁ မှ ၂၇ ရက်အတွင်း အစည်းအဝေးကျင်းပကြမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် မြန်မာစစ်ကောင်စီကို အစည်းအဝေးများအားလုံးက ဖယ်ထုတ်ပေးရန် အရပ်ဘက်အဖွဲ့ ၃၃၃ ဖွဲ့က အိတ်ဖွင့်ပေးစာဖြင့် တောင်းဆိုလိုက်သည်။ မြန်မာပြည်သူတို့၏ ဒီမိုကရေစီဆန္ဒကို ထောက်ခံအားပေးရန် အရပ်ဘက်အဖွဲ့ ၃၃၃ ဖွဲ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ယနေ့ ဇူလိုင် ၂၀ တွင် တောင်းဆိုလိုက်ကြသည်။ စစ်ကောင်စီကို အာဆီယံက ဖယ်ရှားပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တက်ရောက်ခွင့်ပေးရေးကိုလည်း တောင်းဆိုခဲ့ကြသည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက နေ့စဉ် ပြည်သူလူထုအား သတ်ဖြတ်နေသော တရားမဝင် စစ်ကောင်စီအား အစည်းအဝေးများသို့ ဖိတ်ကြားမည်ကို စိုးရိမ်ကြောင်းလည်း အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။ အာဆီယံက စစ်ကောင်စီအား

Continue Reading
ချင်းပြည် မြို့တော်ရဲစခန်းကို CDF-Hakha ဝင်စီး၊ ရဲ ၄ ဦးသေ
စစ်ရေး သတင်း
1 min read
127

ချင်းပြည် မြို့တော်ရဲစခန်းကို CDF-Hakha ဝင်စီး၊ ရဲ ၄ ဦးသေ

ဇူလိုင် ၂၁ - ၂၀၂၄
0

ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့မရဲစခန်းကို ချင်းပြည်ကာကွယ်ရေးတပ် (CDF-Hakha) က ယနေ့ ဇူလိုင်လ ၂၀ ရက် နံနက် ၅ နာရီခွဲတွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီ ရဲ ၄ ဦး သေဆုံးကြောင်း သိရသည်။ ဟားခါးမြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း CDF-Hakha က ယနေ့ သတင်းထုတ်ပြန်ထားသည်။ Operation Rung အမည်ဖြင့် CDF-Hakha က အခြားသော ချင်းတော်လှန်ရေး မဟာမိတ်တပ်များဖြင့် ဟားခါးမြို့မရဲစခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ ရဲ ၄ ဦး သေဆုံးခဲ့သလို ဒဏ်ရာအများအပြား ရရှိသွားကြောင်းလည်း သိရသည်။ CDF-Hakha

Continue Reading
စဉ့်ကူးမြို့ကို မန္တလေး PDF က သိမ်းပိုက်၊ သပိတ်ကျင်းကို ဆက်လက် ထိုးစစ်ဆင်
စစ်ရေး သတင်း
1 min read
150

စဉ့်ကူးမြို့ကို မန္တလေး PDF က သိမ်းပိုက်၊ သပိတ်ကျင်းကို ဆက်လက် ထိုးစစ်ဆင်

ဇူလိုင် ၂၁ - ၂၀၂၄
0

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်ကို မန္တလေး PDF က ဇူလိုင်လ ၁၇ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ ကင်းစင်သွားပြီဟု သိရသည်။ စဉ့်ကူးမြို့သည် မန္တလေး PDF ၏ ပထမဦးဆုံးသော မြို့သိမ်းတိုက်ပွဲဖြစ်ပြီး သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း မန္တလေး PDF က ထုတ်ပြန်ထားသည်။ စဉ့်ကူးမြို့ကို မန္တလေး PDF က မဟာမိတ်တပ်များဖြင့် ပူးပေါင်းတိုက်ယူခဲ့ပြီး ပထမဆုံး သိမ်းယူခဲ့သော မြို့အဖြစ် သမိုင်းမှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။ စဉ့်ကူးမြို့သည် မန္တလေးမြို့နှင့် ၅၄ မိုင်ကွာဝေးသော မြို့ဖြစ်ပြီး စဉ့်ကူးမြို့ကနေ တစ်နာရီခွဲခန့် သွားရသော သပိတ်ကျင်းမြို့ကို သိမ်းပိုက်နိုင်ရန် မန္တလေး PDF က ဆက်လက်ထိုးစစ်ဆင်

Continue Reading
ကျိန္တလီဒေသခံများ ပင်လယ်ထဲ ငါးဖမ်းခွင့် စစ်ကောင်စီပိတ်ပင်
စီးပွားရေး သတင်း
1 min read
148

ကျိန္တလီဒေသခံများ ပင်လယ်ထဲ ငါးဖမ်းခွင့် စစ်ကောင်စီပိတ်ပင်

ဇူလိုင် ၂၁ - ၂၀၂၄
0

ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့က ငါးဖမ်းစက်လှေများကို ပင်လယ်ထဲဆင်းခွင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့စ၍ အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ ပင်လယ်ထဲ ငါးရှာထွက်လျှင် တွေ့ပါက စစ်ကောင်စီ ဂိတ်များနှင့် ပင်လယ်ထဲရှိ စစ်သင်္ဘောများက ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပိတ်ပင်ထားကြောင်း အမည်မဖော်လိုသည့် ကျိန္တလီဒေသတစ်ဦးက ပြောသည်။ ” မနေ့ကစပြီး ပင်လယ်ထဲ ငါးရှာခွင့် ပိတ်ပင်လိုက်တာပါ။ ငါးဖမ်းစက်လှေတွေ ဘယ်စက်လှေမှ မထွက်ရဆိုပြီး စာထုတ်ပိတ်ပင်ထားသလို မြို့ကိုလှည့်ပတ် လော်စပီကာနဲ့ အော်ပြီးတော့ လည်း ပြောထားပါတယ်။ အဲလိုပိတ်လိုက်တော့ စားဝတ်နေရေး ထိခိုက်လာကြမှာဖြစ်ပါတယ်။ ” ဟု ပြောသည်။ ကျိန္တလီမြို့၏ အဓိက လုပ်ငန်းတစ်ခုမှာ

Continue Reading
စစ်ကောင်စီကြောင့် စာသင်ကျောင်း ၁၃၃ ကျောင်း ပျက်စီး
စစ်ရေး သတင်း
1 min read
98

စစ်ကောင်စီကြောင့် စာသင်ကျောင်း ၁၃၃ ကျောင်း ပျက်စီး

ဇူလိုင် ၂၁ - ၂၀၂၄
1

မြန်မာစစ်တပ်မှ အာဏာသိမ်းသည့် ၃ နှစ်ကျော်ကာလအတွင်း စာသင်ကျောင်းနှင့် တက္ကသိုလ်ကျောင်း ၁၃၃ ကျောင်းထက်မနည်း ပျက်စီးသွားပြီး ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၆၄ ဦးနှင့် ဒဏ်ရာရသူ ၁၀၆ ဦးရှိကြောင်း သိရသည်။ စာသင်ကျောင်းများ ထိခိုက်ပျက်စီးသွားစေရန် စစ်ကောင်စီက တိုက်ခိုက်မှုပေါင်း ၁၇၄ ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း Centre for Information Resilience (CIR) ၏ Myanmar Witness က ထုတ်ပြန်ထားသည်။ Myanmar Witness က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုကို စာရင်းပြုစုထားခြင်းဖြစ်သည်။

Continue Reading
ချင်းနိုင်ငံရေးကို မစွက်ဖက်ရန် AA အား ချင်းပြည်အစိုးရ သတိပေး
နိုင်ငံရေး သတင်း
1 min read
178

ချင်းနိုင်ငံရေးကို မစွက်ဖက်ရန် AA အား ချင်းပြည်အစိုးရ သတိပေး

ဇူလိုင် ၂၁ - ၂၀၂၄
1

ချင်းပြည်အရေးနှင့် ချင်းလူမျိုးတို့၏ နိုင်ငံရေးကိစ္စရပ်များတွင် အာရက္ခတပ်တော် AA အနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်း အမြန်ဆုံးရပ်တန့်ရန် CNA ဦးဆောင်သော ချင်းပြည်အစိုးရက သတိပေးထုတ်ပြန်လိုက်သည်။ ချင်းလက်နက်ကိုင်အချင်းချင်း တင်းမာနေခြင်းနှင့်ပတ်သက်၍ ဇူလိုင်လ ၁၉ ရက်နေ့က ချင်းပြည်အစိုးရမှ အချက် ၈ ချက်ပါသော ထုတ်ပြန်ချက်တွင် AA အား သတိပေးချက် ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်တပ်ဖွဲ့ မဟာမိတ်ဖြစ်သော AA စစ်ကြောင်းကို CNA ဦးဆောင်သော စစ်ကြောင်းက စတင်ပစ်ခတ်ရာကနေ ချင်းညီနောင်အဖွဲ့နှင့် CNA ဦးဆောင်သော ချင်းပြည်အစိုးရအဖွဲ့တို့ကြား စစ်ရေးတင်းမာနေခြင်းဖြစ်သည်။ မတူပီမြို့သိမ်းတိုက်ပွဲတွင် CNA ဦးဆောင်သော စစ်ကြောင်းက AA တပ်ဖွဲ့ဝင်များအား စတင်ပစ်ခတ်ခြင်း မပြုလုပ်ခဲ့ကြောင်းနှင့် AA

Continue Reading