KNU ဒုဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန် ကင်ဆာဖြင့် ကွယ်လွန်
ကျန်းမာရေး သတင်း
1 min read
233

KNU ဒုဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန် ကင်ဆာဖြင့် ကွယ်လွန်

ဇူလိုင် ၂၄ - ၂၀၂၄
0

ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဌဟောင်း လက်ရှိအကြံပေးဖြစ်သူ ပဒိုနော်စီဖိုးရာစိန် ကင်ဆာရောဂါဝေဒနာဖြင့် ယနေ့ ဇူလိုင်လ ၂၄ ရက် နေ့လယ် ၂ နာရီကျော်အချိန်တွင် ကွယ်လွန်သွားကြောင်း သိရသည်။ KNU ခေါင်းဆောင်ဟောင်း ပဒိုနော်စီဖိုးရာစိန်မှာ ကွယ်လွန်ချိန် အသက် ၆၉ နှစ်ရှိပြီး ထိုင်း-မြန်မာနယ်စပ်ရှိ နေအိမ်၌ ကွယ်လွန်သွားခြင်းဖြစ်သည်။ ပဒိုနော်စီဖိုးရာစိန်သည် KNU ဥက္ကဌဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီး စောတာမလာဘော၏ သားသမီး ၈ ဦးထဲမှ ၄ ဦးမြောက် သမီးဖြစ်ပြီး ကရင့်တော်လှန်ရေးတွင် အမျိုးမျိုးသော တာဝန်ကို ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။ KNU ၏ ၁၄ ကြိမ်မြောက်ကွန်ဂရက်တွင် အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ပေး ခံခဲ့ရသလို ၁၅ ကြိမ်မြောက်

Continue Reading
ထိုင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၃၀၀ ကျော် အကြောင်းမဲ့ အလုပ်ထုတ်ခံရ
စီးပွားရေး ရုပ်သံ သတင်း
1 min read
178

ထိုင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၃၀၀ ကျော် အကြောင်းမဲ့ အလုပ်ထုတ်ခံရ

ဇူလိုင် ၂၄ - ၂၀၂၄
0

ထိုင်းနိုင်ငံ မဟာချိုင် စက္ကူစက်ရုံမှာ မြန်မာရွှေ့ပြောင်း လုပ်သား ၃၀၀ ကျော် အကြောင်းမဲ့ အလုပ်ထုတ်ခံရပြီး နစ်နာကြေးညှိနှိုင်းမှု အားလုံး အဆင်မပြေသေးဟုသိရပါတယ်။

Continue Reading
ရခိုင်ဆင်ဖြူတော် “ရဋ္ဌနန္ဒက” အသက် ၂ နှစ်ပြည့်၊ အရပ်အမြင့် ၅ ပေခန့်ရှိလာ
သတင်း
0 min read
317

ရခိုင်ဆင်ဖြူတော် “ရဋ္ဌနန္ဒက” အသက် ၂ နှစ်ပြည့်၊ အရပ်အမြင့် ၅ ပေခန့်ရှိလာ

ဇူလိုင် ၂၄ - ၂၀၂၄
1

ရခိုင်ပြည် တောင်ကုတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့က မွေးဖွားခဲ့သော ဆင်ဖြူတော် (အထီး) “ရဋ္ဌနန္ဒက” အသက် ၂ နှစ်ပြည့်မြောက်ပြီး အရပ်အမြင့် ၄ ပေ ၆ လက်မ ရှိလာကြောင်း သိရသည်။ တောင်ကုတ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ အသက် ၃၃ နှစ်ရှိသော ဆင်မ ဇာနန်းလှက “ရဋ္ဌနန္ဒက” ဘွဲ့အမည်ရှိ ဆင်ဖြူတော် အထီးတစ်စီးကို အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်အလေးချိန်ပေါင် ၁၈၀ ခန့်ဖြင့် မွေးဖွားပေးခဲ့သည်။ အာဏာသိမ်း စစ်ကောင်စီသည် တောင်ကုတ်မြို့က ယူဆောင်ပြီး နေပြည်တော်ရှိ ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေး ဥယျာဉ်၌ ထားရှိကာ

Continue Reading
စစ်တွေ ဗျိုင်းဖြူရွာက နေအိမ်များ ဖြိုဖျက်ခံနေရ
စစ်ရေး သတင်း
0 min read
194

စစ်တွေ ဗျိုင်းဖြူရွာက နေအိမ်များ ဖြိုဖျက်ခံနေရ

ဇူလိုင် ၂၄ - ၂၀၂၄
0

ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက နေအိမ်များကို သူခိုးများနှင့် အနီးအနားကျေးရွာမှ ဒေသခံများ လာရောက် ဖြိုဖျက်ဆီးနေကြကြောင်း ဗျိုင်းဖြူရွာသားများက ပြောသည်။ မေလ နောက်ဆုံးအပတ်တွင် ရွာလုံးကျွတ် ဖမ်းသတ်ဖြတ်ခံရပြီးနောက် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာ စစ်တွေမြို့ထဲ၌ ရွှေ့ပြောင်းနေထိုင်ကြရသည်။ စစ်ကောင်စီက ဗျိုင်းဖြူရွာသားများကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျန်ရှိ အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကိုလည်း ရွာထဲ၌ ပြန်လည်နေထိုင်ခွင့် မပေးဘဲ ကန့်သတ်ထားသည်။ ရွာထဲ လူမရှိ၍ သူခိုးများနှင့် အနီးအနားကျေးရွာက ဒေသခံများမှာ နေအိမ်များကို ဖြိုဖျက်ကာ တစစီဆွဲဖြဲယူနေကြသည်ဟု ဗျိုင်းဖြူရွာသား အမျိုးသမီးတစ်ဦးက ပြောသည်။ ” အခုရွာထဲက နေအိမ်တွေ အဖြိုခံနေကြရပါတယ်။ သူတို့ လိုအပ်တာတွေ ဖြိုဖျက်ပြီး ယူနေကြတာပါ။

Continue Reading
ထိုင်းနိုင်ငံ မဟာချိုင် စက္ကူစက်ရုံမှ မြန်မာရွှေ့ပြောင်း လုပ်သား ၃၀၀ ကျော် အကြောင်းမဲ့ အလုပ်ထုတ်ခံရ၊ နစ်နာကြေး ညှိနှိုင်းမှု အားလုံး အဆင်မပြေသေး
စီးပွားရေး သတင်း
1 min read
132

ထိုင်းနိုင်ငံ မဟာချိုင် စက္ကူစက်ရုံမှ မြန်မာရွှေ့ပြောင်း လုပ်သား ၃၀၀ ကျော် အကြောင်းမဲ့ အလုပ်ထုတ်ခံရ၊ နစ်နာကြေး ညှိနှိုင်းမှု အားလုံး အဆင်မပြေသေး

ဇူလိုင် ၂၄ - ၂၀၂၄
0

ထိုင်းနိုင်ငံ မဟာချိုင်မြို့တွင် ရှိသည့် တရုတ်နှင့် ထိုင်းနိုင်ငံသားပိုင် စက္ကူစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် တရားဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀၀ ကျော်ကို အကြောင်းပြချက် မရှိဘဲ အလုပ်ထုတ်ပယ် လိုက်သည်။ ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်နေ့က အဆိုပါ အလုပ်သမားများကို စက်ရုံဘက်က ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ အလုပ်ထုတ်လိုက်ပြီး အလုပ်သမားများမှာ အခက်ခဲများဖြစ်ပေါ်နေကြောင်း ယင်းစက်ရုံရှိ အလုပ်သမားများက ပြောသည်။ အလုပ်ထုတ်ခံရသည့် အလုပ်သမား အမျိုးသမီး တစ်ဦးက “ကြိုတင် အကြောင်းကြားတာမျိုးမဟုတ်ဘဲ အခုလို ရုတ်တရက် အလုပ်ထုတ်တော့ အလုပ်သမားတွေဖက်မှာ အများကြီး နစ်နာတာပေါ့။ အခုလည်း အဖွဲ့စည်းတွေနဲ့ ချိတ်ဆက်ပြီး ဖြေရှင်းမှပဲ လုပ်သက်အလိုက် နာနာကြေးနဲ့

Continue Reading
လားရှိုးက ဒုတိယဗိုလ်မှူးကြီးအဆင့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော် MNDAA ထံ လက်နက်ချ အလင်းဝင်
စစ်ရေး သတင်း
1 min read
315

လားရှိုးက ဒုတိယဗိုလ်မှူးကြီးအဆင့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော် MNDAA ထံ လက်နက်ချ အလင်းဝင်

ဇူလိုင် ၂၄ - ၂၀၂၄
0

(စစ်ကောင်စီကို ပြန်လည် တိုက်ထုတ်ရန် မဟာမိတ်တပ်ဖွဲ့တွင် ပါဝင်လိုကြောင်း လက်နက်ချ စစ်သားများက ပြောဆို) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များမှ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦး တို့ ဦးဆောင်၍ စုစုပေါင်း တပ်ဖွဲ့ဝင် ၃၁၇ ဦး MNDAA ထံတွင် လက်နက်ချ အလင်းဝင်ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။ ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီး တစ်ဦးက ဗိုလ်မှူး ၂ ဦးကို ခေါ်ဆောင်၍ ဗိုလ်ကြီး ၅ ဦးနှင့် တပ်သားများအပါအဝင်

Continue Reading
ရခိုင်ကဝန်ထမ်းများ စိတ်ဓာတ်တက်ကြွရေး စွမ်းရည်မြှင့်သင်တန်းများဖြင့် စစ်ကောင်စီ စည်းရုံး
သတင်း
1 min read
128

ရခိုင်ကဝန်ထမ်းများ စိတ်ဓာတ်တက်ကြွရေး စွမ်းရည်မြှင့်သင်တန်းများဖြင့် စစ်ကောင်စီ စည်းရုံး

ဇူလိုင် ၂၄ - ၂၀၂၄
0

တပ်စခန်းများနှင့် မြို့များ သိမ်းပိုက်ခံရပြီး ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေးယန္တရားများ ပြိုလဲနေချိန် ပြည်နယ်အဆင့် စစ်ကောင်စီ ခေါင်းဆောင်များမှာ ကျန်ရှိဝန်ထမ်းများကို စွမ်းရည်မြှင့် သင်တန်းပေးအပ်ခြင်းနှင့် စကားဝိုင်းပြုလုပ်ပေးခြင်းဖြင့် စည်းရုံးနေကြောင်း သိရသည်။ စစ်ရေးပြင်းထန်လာခြင်းနှင့်အတူ AA ၏ တိုက်တွန်းနှိုးဆော်မှုများကြောင့် ရခိုင်ပြည်အတွင်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့များက ဝန်ထမ်းအများစုမှာ အလုပ်မှနှုတ်ထွက်ကာ ဘေးလွတ်ရာကို စစ်ရှောင်နေကြသည်။ AA ၏ ခြိမ်းခြောက်မှုကြောင့် စစ်ကောင်စီ လုပ်ငန်းများ မလည်ပတ်နိုင်သလို ဝန်ထမ်းများ ဘေးလွတ်ရာ စစ်ရှောင်မှု များပြားခြင်းကြောင့်လည်း အုပ်ချုပ်ရေးယန္တရား ပြိုလဲနေ၍ ကျန်ရှိဝန်ထမ်းများကို စွမ်းရည်မြှင့် သင်တန်းများဖြင့် စစ်ကောင်စီက စည်းရုံးနေခြင်းဖြစ်သည်။ စစ်ကောင်စီ လက်အောက်ရှိနေဆဲ စစ်တွေမြို့ခံ ပညာရေးဝန်ထမ်းတစ်ဦးက ” ဝန်ထမ်းတွေက

Continue Reading