ဂွမြို့နဲ့ ကျိန္တလီကြား စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ဒေသခံပြည်သူများ နေရပ်စွန့်ခွာ
စစ်ရေး ဗီဒီယိုသတင်း သတင်း
1 min read
256

ဂွမြို့နဲ့ ကျိန္တလီကြား စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ဒေသခံပြည်သူများ နေရပ်စွန့်ခွာ

July 28, 2024
0

Continue Reading
စစ်ကောင်စီမှာ ရမခ (လားရှိုး) နှစ်ပတ်လည်နေ့ ပျက်သုန်း
စစ်ရေး သတင်း
1 min read
160

စစ်ကောင်စီမှာ ရမခ (လားရှိုး) နှစ်ပတ်လည်နေ့ ပျက်သုန်း

July 27, 2024
1

ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ၅၂ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ပျက်သုန်းသွားပြီဖြစ်ကြောင်း သိရသည်။ ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့သည် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ထောင်နေ့ဖြစ်ပြီး ရမခ သည် မြန်မာစစ်တပ်သမိုင်းတွင် အစဉ်အလာကြီးမားသော စစ်တိုင်းဖြစ်ကြောင်း သိရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) များ၏ ကျူးကျော်စစ်များကို အကြိမ်ကြိမ် ရိုက်ချိုးခဲ့ကြောင်းနှင့် စစ်ဘုရင်၊ ဘိန်းဘုရင်များကို ရှင်းလင်းနိုင်ခဲ့သည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။ သို့သော်လည်း မြန်မာစစ်တပ်အတွက် အစဉ်အလာကြီးမားပြီး ဂုဏ်ယူခဲ့ရသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ် MNDAA က ဇူလိုင်လ

Continue Reading
BREAKING NEWS – သံတွဲ သူဌေးချောင်းဆည် ရေစီးဆင်းရာလမ်းကြောင်းရှိ ကျေးရွာများ အမြန်ဆုံးရွှေ့ပြောင်းရန် AA သတိပေး
မိုးလေဝါသ သတင်း
1 min read
297

BREAKING NEWS – သံတွဲ သူဌေးချောင်းဆည် ရေစီးဆင်းရာလမ်းကြောင်းရှိ ကျေးရွာများ အမြန်ဆုံးရွှေ့ပြောင်းရန် AA သတိပေး

July 27, 2024
0

(သံတွဲ သူဌေးချောင်း ဆည် စိုးရိမ်ရေမှတ် အနီရောင်အဆင့် ကျော်လွင်နေပြီဟုဆို) ယနေ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်၊ နံနက် (၁၀) နာရီ (၃၀) မိနစ်အချိန် တိုင်းတာချက်အရ ရခိုင်ပြည် သံတွဲမြို့၊ “သူဌေးချောင်း ဆည်” သည် စိုးရိမ်ရေမှတ် (အနီရောင်အဆင့်) ကို ကျော်လွန်လာနေပြီဟု အာရက္ခတပ်တော် AA က အရေးပေါ်သတိပေးချက် ထုတ်ပြန်သည်။ ဆက်လက်၍လည်း ယခုထက်ပိုမိုသော မိုးရေချိန်အမှတ်သို့ ရောက်ရှိလာနိုင်ရန် အလားအလာများကို တွေ့နေရသောကြောင့် ၎င်းဆည်နှင့် အနီးပတ်ဝန်းကျင်၊ ဆည်ကျရေစီးဆင်းရာလမ်းကြောင်းရှိ ရွာများအနေဖြင့် နီးစပ်ရာ ကုန်းမြင့်၊ ရေဘေးလွတ်ရာနေရာများသို့ “အမြန်ဆုံး” ချက်ချင်း ရွှေ့ပြောင်းပေးကြရန် AA က

Continue Reading
လားရှိုးမြို့သိမ်းတိုက်ပွဲ ဓါတ်ပုံများ ညီနောင်မဟာမိတ်ထုတ်ပြ
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
151

လားရှိုးမြို့သိမ်းတိုက်ပွဲ ဓါတ်ပုံများ ညီနောင်မဟာမိတ်ထုတ်ပြ

July 27, 2024
0

ရှမ်းမြောက် လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA က အမှန်တကယ် သိမ်းလိုက်ပြီဟု မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ယနေ့ ဇူလိုင်လ ၂၆ ရက် ညတွင် ထုတ်ပြန်ထားသည်။ လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တပ်စခန်းများကို သိမ်းပိုက်ပြီးနောက် အဆိုပါစခန်းများရှေ့၌ MNDAA တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင် (၂၆) ရက်နေ့တွင် တွေ့ရှိရသည်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

Continue Reading
ရခိုင်မှာ ငွေထုတ်ဈေး ၅ ရာခိုင်းနှုန်းထက် ပိုတောင်းလျှင် ဖမ်းမည်ဟု AA ပြင်ဆင်နေ
စီးပွားရေး သတင်း
1 min read
726

ရခိုင်မှာ ငွေထုတ်ဈေး ၅ ရာခိုင်းနှုန်းထက် ပိုတောင်းလျှင် ဖမ်းမည်ဟု AA ပြင်ဆင်နေ

July 27, 2024
0

ငွေထုတ်ခနှုန်းထား ကမောက်ကမ ဖြစ်နေသော ရခိုင်ပြည်တွင် ဘဏ်များကလွဲ၍ ပြင်ပငွေလွှဲငွေထုတ်ဆိုင်များ၊ လုပ်ငန်းများနှင့် ငွေကြေးဝန်ဆောင်မှုပြုလုပ်သူများအနေဖြင့် ကျပ်ငွေ ၁ သိန်းအပေါ် ၅ ရာခိုင်နှုန်းထက် အပိုတောင်းခံပါက ဖမ်းဆီးအရေးယူသွားမည်ဟု သိရသည်။ ရခိုင်ပြည်က မြို့နယ်တိုင်းလိုလိုတွင် ကျပ်ငွေ ၁ သိန်းထုတ်ယူလျှင် ဆိုင်ရှင်အား ကျပ် ၂၅၀၀၀ အထိ ပေးနေရပြီး ၂၅ ရာခိုင်နှုန်းအထိ ပေါက်ဈေးရှိနေ၍ အချိန်မီ ထိန်းသိမ်းနိုင်ရန် AA ၏ မြေပြင်တာဝန်ရှိသူများက ပြင်ဆင်နေကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။ ” အထက်က လာတာလား ဘာလားတော့ မသိဘူး။ AA ရဲ့ မြေပြင် အုပ်ချုပ်ရေးအဖွဲ့တွေက ငွေလွှဲငွေထုတ် အဆင်မပြေဖြစ်နေတာကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့လို့

Continue Reading
လုံးဝ လွတ်မြောက်ပြီဖြစ်သော လားရှိုးမြို့နှင့်ပတ်သက်၍ MNDAA ၏ ထုတ်ပြန်ချက်
စစ်ရေး သတင်း
1 min read
91

လုံးဝ လွတ်မြောက်ပြီဖြစ်သော လားရှိုးမြို့နှင့်ပတ်သက်၍ MNDAA ၏ ထုတ်ပြန်ချက်

July 27, 2024
0

အာဏာသိမ်း စစ်ကောင်စီက လားရှိုးမြို့က တိုင်းစစ်ဌာနချုပ်နှင့် မြို့မကျသေးဟု ပြောနေသော်လည်း ကိုးကန့်တပ် MNDAA က လားရှိုးမြို့ လုံးဝ လွတ်မြောက်ပြီဖြစ်ကြောင်း ယမန်နေ့ ဇူလိုင်လ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြင် MNDAA က လားရှိုးမြို့အတွက် အုပ်ချုပ်ရေးအသီးသီးကို ဖွဲ့စည်းထားပြီး လုံခြုံရေးနှင့် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေချိန် ဒေသခံအရပ်သားပြည်သူလူထုများအား ဝန်ထုပ်ဝန်ပိုး၊ နေထိုင်ရေးအနှောက်အယှက်များ မဖြစ်စေရန် အထူးအလေးထားဆောင်ရွက်ရမည်ဟု ၎င်းတို့တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့သီးသီးကို ညွှန်ကြား ထုတ်ပြန်ထားသည်။

Continue Reading
လားရှိုးမှာ တိုက်ပွဲပြင်းထန်နေချိန် တရုတ်က အပစ်ရပ်ခိုင်းနေ
စစ်ရေး သတင်း
1 min read
81

လားရှိုးမှာ တိုက်ပွဲပြင်းထန်နေချိန် တရုတ်က အပစ်ရပ်ခိုင်းနေ

July 27, 2024
0

ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့မှာ စစ်ကောင်စီနှင့် ကိုးကန့်တပ် MNDAA တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန် တရုတ်က မြန်မာမြောက်ပိုင်းအခြေအနေကို စောင့်ကြည့်နေပြီး အပစ်ရပ်ဆွေးနွေးကြရန် ပြောဆိုနေသည်။ မြန်မာပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်စီမံကိန်းများကို မထိခိုက်စေရန်နှင့် စစ်ကောင်စီ၊ လက်နက်ကိုင်တပ်ဖွဲ့များကြား အပစ်ရပ်ဆွေးနွေးကြရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မော်နင်းက ယမန်နေ့ ဇူလိုင်လ ၂၅ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။ ” မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေတွေကို တရုတ်နိုင်ငံက အရမ်းစိုးရိမ်တယ်။ အပစ်အခတ်ရပ်စဲရေး၊ တိုက်ပွဲများအမြန်ဆုံးရပ်စဲဖို့ ကွဲပြားမှုတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုတယ်။ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ လုံခြုံရေးကို မထိခိုက်စေဖို့ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တိုက်တွန်းထားပါတယ်။ ”

Continue Reading
ထိုင်း-မြန်မာနယ်စပ် မြဝတီ၊ မဲဆောက်မှာ ရေကြီးနေ
မိုးလေဝါသ သတင်း
1 min read
41

ထိုင်း-မြန်မာနယ်စပ် မြဝတီ၊ မဲဆောက်မှာ ရေကြီးနေ

July 27, 2024
0

မိုးသည်းထန်စွာ ရွာသွန်း၍ ထိုင်း-မြန်မာကြားရှိ သောင်ရင်းမြစ် ရေလျှံပြီး ကမ်းနှစ်ဖက်ရှိ မြဝတီမြို့နှင့် မဲဆောက်မြို့မှာ ရေကြီးမှုဒဏ်ကို ခံနေရကြောင်း ဒေသခံများထံမှ သိရသည်။ မြဝတီမြို့ထဲ၌ ရပ်ကွက်များအစုသို့ ရေဝင်ရောက်နေ၍ မြို့အခြေအနေကို ဒေသခံ ကိုညီဝင်းခိုင်က ယခုလိုပြောသည်။ ” လက်ရှိ မြဝတီ သောင်းရင်းမြစ်ကနေ ရေတိုးတိုးလာတော့ အမှတ် ၅ အောက်ချိုင့်မှာ အိမ်တွေ အကုန် နစ်မြုတ်သွားတယ်၊ နောက်ပြီး မြေနီကုန်းမှာ ရေမကျတော့ မြေနီကုန်းလမ်းတွေလည်း အကုန် နစ်မြုတ်သွားပြီပေါ့၊ အခု ကျနော်တို့ အိမ်ရှေ့ အမှတ်၅ အောက်ချိုင့်မှာ ခေါင်မိုးတွေလောက်ပဲ ပေါ်တော့တယ်၊ လူတွေက ဘုန်းကြီးကျောင်းတွေပြေးလိုက် ဒီပြေးလိုက်နဲ့ ပြေးနေကြတာပေါ့။ မြဝတီ အမြင့်ပိုင်းတွေတော့ ရေမရောက်သေးဘူး။

Continue Reading
သံတွဲ၊ တောင်ကုတ် မနေ့ကထက် ရေပိုကြီးနေ
ဓါတ်ပုံသတင်း သတင်း
1 min read
176

သံတွဲ၊ တောင်ကုတ် မနေ့ကထက် ရေပိုကြီးနေ

July 27, 2024
0

ရခိုင်ပြည် သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်တို့ဘက်မှာ ယမန်နေ့ နံနက်ပိုင်းက စ၍ ရေကြီးနေပြီး ယနေ့အချိန်အထိ ရေကျခြင်းမရှိဘဲ ယမန်နေ့ထက် ရေပိုလွှမ်းနေကြောင်း စုံစမ်းသိရသည်။ တောင်ကုတ် ဒေသခံတစ်ဦးက ” တောင်ကုတ်မြို့ထဲ ရေဝင်ရောက်သွားပါပြီ။ နေအိမ်တွေ အများကြီး မြှုပ်နေပါတယ်။ တောင်ကုတ် လမု ဘက်မှာဆိုရင်လည်း ရွာတွေ၊ နေအိမ်တွေ အားလုံးနစ်မြှုပ်နေပါတယ်။ လူတွေကတော့ အဆောက်အဦးအမြင့်တွေ၊ တောင်ကုန်းတွေကို သွားရှောင်နေကြရပါတယ်။ ” ဟု ပြောသည်။ သံတွဲမြို့မှာ မြို့ပေါ်ရပ်ကွက်အားလုံးနီးပါးကို ရေလွှမ်းမိုးသွားပြီး စစ်ရှောင်များနှင့် ဒေသခံပြည်သူများမှာ အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။ ” မိုးက ဆက်တိုက်ရွာနေတာ။ ဒီရေကျချိန် နာရီပိုင်းလောက်ပဲ ရေက ကျခဲ့တယ်။ ဒါပေမယ့် ပြန်တက်လာတဲ့အချိန်မှာ

Continue Reading
ချင်းအချင်းချင်း ပူးပေါင်းရန် CB ကို CNF ဖိတ်ခေါ်
စစ်ရေး သတင်း
1 min read
143

ချင်းအချင်းချင်း ပူးပေါင်းရန် CB ကို CNF ဖိတ်ခေါ်

July 27, 2024
0

(CNF က အာဏာရှင်ဆန်သော အစိုးရသစ် ဖွဲ့စည်းနေဟု CB က ပြန်ပြော) ချင်းတိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် ချင်းညီနောင်အဖွဲ့ CB ကို ချင်းအမျိုးသားတပ်ဦး CNF က ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။ ချင်းပြည်ထဲက စစ်ကောင်စီများကို တိုက်ထုတ်ရန်နှင့် ချင်းပြည် ချင်းလူထုလက်ထဲသို့ အပြည့်အဝ ရောက်ရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ချင်းညီနောင်အဖွဲ့ CB ကို CNF နိုင်ငံခြားရေးတာဝန်ခံလည်းဖြစ် ချင်းလူ့အခွင့်အရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူးလည်းဖြစ်သည့် ဆလိုင်းဘွေလျန်မန်း က အာအက်ဖေနှင့် အင်တာဗျူးတစ်ခုတွင် ထည့်သွင်းပြောဆို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ ” ကျနော်တို့ NUG နဲ့တောင် ပေါင်းတာပဲ။ ကျနော်တို့ ချင်းညီကိုအချင်းချင်းကြားထဲမှာ တိုက်စရာခိုက်စရာအကြောင်းမရှိဘူး။ အဲဒါကြောင့်

Continue Reading