တောင်ကိုရီးယားရောက် မြန်မာများ တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြ
ဓါတ်ပုံသတင်း နိုင်ငံရေး သတင်း
0 min read
107

တောင်ကိုရီးယားရောက် မြန်မာများ တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြ

ဩဂုတ် ၂ - ၂၀၂၄
0

မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ချယ်လှယ်နေသည့် တရုတ်အစိုးရကို တောင်ကိုရီးယားရောက် မြန်မာများက ဆန့်ကျင်ရှုတ်ချကြောင်း ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။ ဆိုးလ်မြို့၊ မြောင်ဒုံဘူတာ၊ စာတိုက်ကြီးရှေ့တွင် ပြုလုပ်ခဲ့ပြီး တရုတ်အစိုးရအနေဖြင့် မြန်မာ့တော်လှန်ရေးကို မနှောက်ယှက်ရန် တောင်းဆိုကြသည်။

Continue Reading
တော်လှန်ရေးကို နှောက်ယှက်၍ ဟားခါးမှာ ခွေးမမွေးရ
စစ်ရေး သတင်း
1 min read
137

တော်လှန်ရေးကို နှောက်ယှက်၍ ဟားခါးမှာ ခွေးမမွေးရ

ဩဂုတ် ၂ - ၂၀၂၄
0

တော်လှန်ရေးကို အနှောက်အယှက်ဖြစ်စေ၍ ချင်းပြည်နယ် ဟားခါးမြို့မှာ ခွေးမွေးခွင့်မရှိကြောင်းနှင့် မည်သူမဆို အိမ်ပြင်ထွက်သော ခွေးများကို သတ်ခွင့်ရှိသည်ဟု ဇူလိုင်လ ၃၀ ရက်တွင် CDF ဟားခါးက ထုတ်ပြန်ထားသည်။ ဟားခါးမြို့လူထုအနေဖြင့် အိမ်မွေးခွေးများကို ယနေ့ ဩဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး ရောင်းချကြရန်နှင့် မရောင်းချနိုင်ပါက သတ်ပစ်ရမည်ဟု CDF ဟားခါးက သတိပေးသည်။ ” သင့်ခွေးဟောင်နေပါက အကြမ်းဖက်သမားက သင့်အိမ်ကို မတော်တဆ ဖောက်ခွဲပစ်ခြင်း သို့မဟုတ် ပစ်သတ်ခြင်းဖြစ်နိုင်ပြီး ထိုသို့ဖြစ်လာပါက သင့်အိမ်နီးနားချင်းများနှင့် သင့်ခွေးကြောင့် ဒုက္ခရောက်မည်ဖြစ်သည်။ မင်းရဲ့ခွေးကြောင့် တော်လှန်သူတွေ ဒုက္ခရောက်နိုင်တယ်။ ” ဟု ထုတ်ပြန်ထားသည်။ တော်လှန်ရေးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို နှောက်ယှက်နေ၍ ပြည်သူများ

Continue Reading
ရခိုင်မှာ ဇူလိုင်လအတွင်း မြေမြှုပ်မိုင်းကြောင့် ၁ ဦးသေဆုံး၊ ၃ ဦးထက်မနည်းထိခိုက်
စစ်ရေး သတင်း
1 min read
99

ရခိုင်မှာ ဇူလိုင်လအတွင်း မြေမြှုပ်မိုင်းကြောင့် ၁ ဦးသေဆုံး၊ ၃ ဦးထက်မနည်းထိခိုက်

ဩဂုတ် ၂ - ၂၀၂၄
0

ရခိုင်မှာ ၂၀၂၄ ဇူလိုင်လအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁ ဦးနှင့် ကိုယ်လက်အင်္ဂါထိခိုက်သူ ၃ ဦးထက်မနည်း ရှိခဲ့သည်။ သေဆုံးသူမှာ ဇူလိုင်လ ၁ ရက်နေ့က မြောက်ဦးမြို့နယ် နဒင်ကျေးရွာမှ အမျိုးသား ၁ ဦး၊ ကိုယ်လက်အင်္ဂါထိခိုက်သူများမှာ ဇူလိုင်လ ၂၆ ရက်နေ့က ကျောက်ဖြူမြို့ စေတီယျရပ်ကွက်မှ အမျိုးသား ၁ ဦး၊ ဇူလိုင် ၈ ရက်နေ့က ဂွမြို့ ကျိန္တလီမှ အမျိုးသား ၁ ဦး၊ ဇူလိုင် ၃ ရက်နေ့က ၁ ဦးနှင့် ဇူလိုင် ၁၆ ရက်နေ့က အမ်းမြို့ အမှတ်(၄) ရပ်ကွက်မှ အမျိုးသမီး ၁

Continue Reading
တိုက်ပွဲတစ်လကျော်အတွင်း အရပ်သား ၁၃၃ ဦးသေဆုံးခဲ့ကြောင်း TNLA ပြော
စစ်ရေး သတင်း
1 min read
94

တိုက်ပွဲတစ်လကျော်အတွင်း အရပ်သား ၁၃၃ ဦးသေဆုံးခဲ့ကြောင်း TNLA ပြော

ဩဂုတ် ၂ - ၂၀၂၄
0

ရှမ်းမြောက် လားရှိုးတိုက်ပွဲ တစ်လကျော် ကာလအတွင်း စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၃၃ ဦး ထိခိုက်သေဆုံးခဲ့ရကြောင်း TNLA ယမန်နေ့ ဇူလိုင် ၃၁ တွင် ထုတ်ပြန်ထားသည်။ ဇူလိုင်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီက လေကြောင်းကနေ လားရှိုးမြို့ကို တိုက်ခိုက်ခဲ့၍ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်းနှင့် နေအိမ် ၁၅ လုံး ပျက်စီးသွားသည်။ တစ်လကျော် ၃၆ ရက်အတွင်းမှာ အရပ်သား ၁၃၃ ဦးသေဆုံးပြီး ၁၇၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ စသည်ည ၁၀၅

Continue Reading
အရေးပေါ်ကာလ ထပ်တိုးခြင်းမှာ ပြည်သူ့သဘောထားနှင့် ဆန့်ကျင်နေဟု အမေရိကန်ပြော
နိုင်ငံရေး သတင်း
1 min read
86

အရေးပေါ်ကာလ ထပ်တိုးခြင်းမှာ ပြည်သူ့သဘောထားနှင့် ဆန့်ကျင်နေဟု အမေရိကန်ပြော

ဩဂုတ် ၂ - ၂၀၂၄
0

မြန်မာ စစ်အာဏာရှင်အဖွဲ့အစည်းဖြစ်သော စစ်ကောင်စီအနေဖြင့် အရေးပေါ်ကာလ နောက်ထပ် ၆ လ တိုးမြှင့်ခြင်းမှာ မြန်မာပြည်သူများ၏ ပြင်းပြသော ဆန္ဒသဘောထားများနှင့် ဆန့်ကျင်နေကြောင်း အမေရိကန်က ပြောဆိုလိုက်သည်။ စစ်ကောင်စီက ယမန်နေ့ ဇူလိုင်လ ၃၁ တွင် စစ်အာဏာသိမ်းကာလ သက်တမ်းတိုးလိုက်ပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ မက်သရူးမေလာ (Matthew Miller) က ယင်းကဲ့သို့ ထုတ်ပြန်ခဲ့သည်။ ” မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ အရေးပေါ်အခြေအနေ သက်တမ်းတိုးမှုသည် စစ်တပ်အုပ်ချုပ်မှုကို ပြင်းထန်စွာ ဆက်လက်ဆန့်ကျင်အတိုက်အခံပြုခြင်းအပါအဝင် မြန်မာပြည်သူများ၏ ပြင်းပြသောဆန္ဒသဘောထားများနှင့် ဆန့်ကျင်လျက်ရှိသည် ” ဟု ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းသော၊ အများပြည်သူသဘောထားကို ကိုယ်စားပြုသူများပါဝင်သော ဒီမိုကရေစီနည်းကျ အနာဂါတ်အတွက် လမ်းကြောင်းကိုဖော်ဆောင်ရာတွင်

Continue Reading
လားရှိုးလေဆိပ်အနီးက စစ်စခန်းကို MNDAA သိမ်းပိုက်
စစ်ရေး သတင်း
1 min read
89

လားရှိုးလေဆိပ်အနီးက စစ်စခန်းကို MNDAA သိမ်းပိုက်

ဩဂုတ် ၂ - ၂၀၂၄
0

ရှမ်းပြည် မြောက်ပိုင်းဒေသ လားရှိုးမြို့ လေဆိပ်အနီးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် စစ်စခန်းကို ကိုးကန့်တပ် MNDAA နှင့် မဟာမိတ်ပူးပေါင်းတပ်က ဇူလိုင်လ ၃၀ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ လားရှိုးလေဆိပ်၊ အနီးက စစ်စခန်းအပြင် ဇူလိုင်လ ၃၁ ရက်နေ့က လေဆိပ်အကျော် စစ်ကောင်စီ တပ်စွဲထားသော မြို့နယ်အားကစားကွင်းတို့ကိုလည်း ကိုးကန့်တပ်က သိမ်းပိုက်ခဲ့သည်။ ယင်း စစ်စခန်းများကို သိမ်းပိုက်ပြီးနောက် တစ်ပြိုင်တည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ဧည့်ရိပ်သာကိုလည်း MNDAA နှင့် မဟာမိတ်တပ်တို့က ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နေသည်။ စစ်ရေးသတင်းရင်းမြစ်က ” မြောက်ပိုင်းတပ်တွေက ၀ိုင်းပိတ်ဆို့ထားလို့ အထဲက စစ်သားရော ပြည်သူ့စစ်တွေရော လက်နက်တွေ ဝှက်ပြီး အရပ်ဝတ်တွေလဲပြီး ရသလို

Continue Reading
တရုတ်က မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်မှု ရပ်ဆိုင်းရေး ဩစတြေးလျရောက် မြန်မာများ ဆန္ဒပြတောင်းဆို
ဓါတ်ပုံသတင်း နိုင်ငံရေး သတင်း
0 min read
91

တရုတ်က မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်မှု ရပ်ဆိုင်းရေး ဩစတြေးလျရောက် မြန်မာများ ဆန္ဒပြတောင်းဆို

ဩဂုတ် ၂ - ၂၀၂၄
0

ဩစတြေးလျနိုင်ငံရှိ တရုတ် သံရုံးနှင့် မြန်မာ စစ်ကောင်စီ သံရုံးရှေ့တွင် ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့၌ ဆစ်ဒနီမြို့နှင့် ကင်ဘာရာ မြို့မှ မြန်မာလူထု တိုင်းရင်းသား ညီအကိုမောင်နှမများ ဦးဆောင်ကာ တရုတ်နိုင်ငံက မြန်မာ့နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်မှု ရပ်ဆိုင်းရေး ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သိရသည်။

Continue Reading
အာဏာသိမ်း စစ်ကောင်စီ အရေးပေါ်ကာလ နောက်ထပ် ၆ လ တိုးမြှင့်
နိုင်ငံရေး သတင်း
0 min read
89

အာဏာသိမ်း စစ်ကောင်စီ အရေးပေါ်ကာလ နောက်ထပ် ၆ လ တိုးမြှင့်

ဩဂုတ် ၂ - ၂၀၂၄
0

အာဏာသိမ်း စစ်ကောင်စီက လာမည့် ဩဂုတ်လ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ အရေးပေါ်ကာလ နောက်ထပ် ၆ လကို ယနေ့ ဇူလိုင်လ ၃၁ ရက်တွင် တိုးမြှင့် သတ်မှတ်လိုက်သည်။ ယနေ့ နေပြည်တော်တွင် ကျင်းပခဲ့သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၄)တွင် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ ဦးမြှင့်ဆွေနေရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေရာဝင်ယူ၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးက ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးက ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နယ်စပ်ရေးရာက ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ နစက အတွင်းရေးမှူး

Continue Reading