ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းသည်အထိ တိုက်မည်ဟု ရှစ်လေးလုံးနေ့မှာ BPLA တပ်မှူး မောင်ဆောင်းခပြော
စစ်ရေး နိုင်ငံရေး သတင်း
1 min read
92

ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းသည်အထိ တိုက်မည်ဟု ရှစ်လေးလုံးနေ့မှာ BPLA တပ်မှူး မောင်ဆောင်းခပြော

ဩဂုတ် ၆ - ၂၀၂၄
0

ယခုလ ဩဂုတ်လ ၈ ရက်နေ့မှာ ကျရောက်မည့် ရှစ်လေးလုံး (၈၈၈၈) လူထုအရေးတော်ပုံကြီး အထိမ်းအမှတ်အဖြစ် တော်လှန်ရေးကတိကဝတ်ပြုရာတွင် ဗမာပြည်သူ့လွတ်လပ်ရေးတပ်တော် BPLA အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းသည်အထိ တိုက်ပွဲဝင်သွားမည်ဟု တပ်မှူးတစ်ဖြစ်ဦးဖြစ်သည့် မောင်ဆောင်းခက ပြောသည်။ BPLA က ထုတ်ဝေနေစော “ဗမာသူပုန်” စာစဉ် ဩဂုတ်လထွက်တွင် တပ်မှူး မောင်ဆောင်းခက စစ်အာဏာရှင်များကို အမြစ်ဖြတ်ပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကတိကဝတ်ကို ပြုခဲ့ခြင်းဖြစ်သည်။ ” ဒီမျိုးဆက်မှာ စစ်အာဏာရှင်ကို အပြီးတိုင်အမြစ်ဖြတ်ပြီး ဒီမိုကရေစီ၊ လူ့ရပိုင်ခွင့်နဲ့ လူမှုတရားမျှတမှုတို့ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းတဲ့အထိ လူထုနဲ့အတူ တော်လှန်ရေးအောင်ပွဲကို အရယူနိုင်အောင် ကျနော်တို့ BPLA ကလည်း ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့

Continue Reading