စစ်ကောင်စီ နဲ့ AA တိုက်ပွဲပြင်းနေတဲ့အပြင် ဂွမြို့နဲ့ ကျိန္တလီမြို့တို့မှာ စားနပ်ရိက္ခာအခက်အခဲကြုံ
စစ်ရေး ရုပ်သံ သတင်း
1 min read
253

စစ်ကောင်စီ နဲ့ AA တိုက်ပွဲပြင်းနေတဲ့အပြင် ဂွမြို့နဲ့ ကျိန္တလီမြို့တို့မှာ စားနပ်ရိက္ခာအခက်အခဲကြုံ

ဩဂုတ် ၁၄ - ၂၀၂၄
0

Continue Reading
မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ် ကျူးလွန်နေသည့် အထောက် အထား များတွေ့ကြောင်း IIMM က အစီရင်ခံစာ ထုတ်ပြန်
သတင်း
1 min read
144

မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ် ကျူးလွန်နေသည့် အထောက် အထား များတွေ့ကြောင်း IIMM က အစီရင်ခံစာ ထုတ်ပြန်

ဩဂုတ် ၁၄ - ၂၀၂၄
0

မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ပိုမိုပြင်းထန်စွာကျူးလွန်သည့် အထောက်အထားများတွေ့ရှိရကြောင်း IIMM က နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပြန် ပြောဆိုလိုက်သည်။ မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်သော စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို နိုင်ငံတစ်ဝန်းတွင် စိုးရိမ်ဖွယ်နှုန်းဖြင့် ပိုမိုပြင်းထန်စွာ ကျူးလွန်နေသည့် အထောက်အထား အများအပြားရှိနေကြောင်း မြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (ယန္တရား) က စုဆောင်းစိစစ်သုံးသပ်ထားသော အချက်အလက်များနှင့် ဩဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည့် နှစ်ပတ်လည်အစီရင်ခံစာ က ဆိုသည်။ IIMM အစီရင်ခံစာက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊

Continue Reading
PDF ကို ကျည်ရောင်းသည့် ဗိုလ်ကြီးကို စစ်ကောင်စီက စစ်ကြောရေးပို့
စစ်ရေး သတင်း
1 min read
161

PDF ကို ကျည်ရောင်းသည့် ဗိုလ်ကြီးကို စစ်ကောင်စီက စစ်ကြောရေးပို့

ဩဂုတ် ၁၄ - ၂၀၂၄
0

မကွေးတိုင်း၊ ဂန့်ဂေါမြို့ လုံခြုံရေးတာဝန်ခံ ဗိုလ်ကြီးမျိုးဝင်းသူကို PDF များထံသို့ ကျည်ဆန်ရောင်းစားမှု အပါအဝင် ပြစ်မှုများစွာဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။ ဩဂုတ်လ ၁၀ ရက်‌နေ့ နံနက် ၁၁ နာရီခန့်အချိန် ဂန့်ဂေါမြို့ အမြောက်တပ်အတွင်းသို့ ရိက္ခာ၊ လက်နက်ခဲယမ်းဖြည့်တင်းရန် ရောက်ရှိလာသည့် ရဟတ်ယာဉ်ဖြင့် ဂန့်ဂေါမြို့လုံခြုံရေးတာဝန်ခံဗိုလ်ကြီး မျိုးဝင်းသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ သတင်းရင်းမြစ် ယောအလင်းတန်းမှ ကိုဘကောင်း က “ ဒီလ ၁၀ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ ဆင်းတဲ့ ပဇိုင်းနဲ့ ပါသွားပြီ။ သူ့ကို လက်နောက်ပြန် လက်ထိပ်ခတ်ထားတယ်။ ပြီးတော့ ခန္ဓာကိုယ်တခုလုံးကိုလည်း

Continue Reading
လားရှိုးက Non-CDM ဝန်ထမ်းများ၊ စစ်အရာရှိနှင့် ပြည်သူ့စစ်ခေါင်းဆောင်များ၏ နေအိမ်များကို ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပြန်လည်အသုံးပြုမည်
စစ်ရေး စီးပွားရေး သတင်း
1 min read
95

လားရှိုးက Non-CDM ဝန်ထမ်းများ၊ စစ်အရာရှိနှင့် ပြည်သူ့စစ်ခေါင်းဆောင်များ၏ နေအိမ်များကို ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပြန်လည်အသုံးပြုမည်

ဩဂုတ် ၁၄ - ၂၀၂၄
0

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ထဲက စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းနေအိမ်များ၊ စစ်အရာရှိနှင့် စစ်သားများ၊ ပြည်သူ့စစ်ခေါင်းဆောင်များ၏ နေအိမ်များအားလုံးကို ချိတ်ပိတ်ထားပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်များတွင် ပြန်လည်အသုံးပြုမည်ဟု သိရသည်။ MNDAA သတင်းရင်းမြစ်တစ်ဦးက “အခုဆိုရင် စာရင်းအရ သိရတဲ့ စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းတွေရဲ့ အိမ်တွေ၊ စစ်တပ်က လူတွေနဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေရဲ့ အိမ်တွေကို အတည်ပြု စုံစမ်းစစ်ဆေးပြီး နေအိမ်ချိတ်ပိတ်တာတွေ စလုပ်နေပြီ။ အဲဒီ ချိတ်ပိတ်ထားတဲ့ အိမ်တွေကလည်း နောက်ကျရင် ပြည်သူအကျိုးပြုအတွက် ပြန်သုံးဖို့ အစီအစဉ်ရှိပါတယ်။ အခု ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့တွေလည်း ပီပီပြင်ပြင် ဖွဲ့စည်းပြီးရင် အဲဒီလုပ်ငန်းကို ပိုပြီးတော့ အရှိန်မြှင့်လုပ်နိုင်မှာပါ” ဟု ပြောသည်။ ထို့ပြင် လားရှိုးအပါအဝင်

Continue Reading
ကျိန္တလီမြို့ထဲ စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်နေ
စစ်ရေး သတင်း
1 min read
149

ကျိန္တလီမြို့ထဲ စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်နေ

ဩဂုတ် ၁၄ - ၂၀၂၄
1

ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့ထဲ ယနေ့ နံနက် ၆ နာရီကျော်ကစ၍ နေ့လယ် ၁ နာရီကျော်အထိ စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြကြောင်း စစ်ရေးသိသူများက ပြောသည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ” မနက် ၆ နာရီကျော်လောက်နေ ဖြစ်နေကြတာ။ မြို့ထဲနေရာအစုံပါပဲ။ ဒီနေ့ နေ့လယ်အထိတော့ လေယာဉ် မရှိဘူး။ မနေ့ကတော့ လေယာဉ်နဲ့ ဗုံးကြဲတာ၊ ပစ်ခတ်တာရှိတယ်။ ” ဟု ပြောသည်။ စစ်ရှောင်လာသည့် ကျိန္တလီမြို့ခံအချို့ ပြောပြချက်အရ နယ်မြေရဲစခန်းအနီး၊ စည်ပင်ရုံးအနီး၊ လျှပ်စစ်ဖြန့်ဖြူးရေးရုံးအနီး၊ အ.ထ.က ကျောင်းအနီးနှင့် အဝိုင်းပတ်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ မြေပြင် AA တပ်ဖွဲ့ဝင်များ၏ ကြိုတင်သတိပေးချက်များနှင့် စစ်ကောင်စီ၏

Continue Reading
မြန်မာငွေကျပ် ၁ သိန်းကို ဘတ်ဈေး ၅၆၅ ဘတ်ရှိ၊ အမေရိကန် တစ်ဒေါ်လာ ကျပ် ၆၅၀၀ နီးပါးရှိ
စီးပွားရေး
1 min read
102

မြန်မာငွေကျပ် ၁ သိန်းကို ဘတ်ဈေး ၅၆၅ ဘတ်ရှိ၊ အမေရိကန် တစ်ဒေါ်လာ ကျပ် ၆၅၀၀ နီးပါးရှိ

ဩဂုတ် ၁၄ - ၂၀၂၄
0

ထိုင်း-မြန်မာငွေလဲ ဈေးနှုန်း ဘတ် ၆၀၀ အောက်မှာရှိနေပြီး အမေရိကန်တစ်ဒေါ်လာ ၆၅၀၀ နီးပါးအထိ ထိုးတက်သွားကြောင်း ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။ ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီ ပေါက်ဈေးအရ ထိုင်းဘတ်ငွေ ၅၆၅ ဘတ်လျှင် မြန်မာငွေကျပ် ၁ သိန်းရရှိပြီး မြန်မာကျပ်ငွေ ၁ သိန်းလျှင် ထိုင်းဘတ် ၅၂၅ ဘတ်သာ ရရှိကြောင်း ငွေလဲလုပ်ကိုင်သူများထံမှ သိရသည်။ ဖော်ပြပါ ငွေလဲဈေးနှုန်းသည် ထိုင်းနိုင်ငံအတွင်း လူသိများသည့် The Hobby Myanmar ၏ နံနက် ၉ နာရီ အဖွင့်ဈေးနှင့် Western News က

Continue Reading
ရန်ကုန်မြို့၏ စက်သုံးဆီပြတ်လပ်မှုအခြေအနေ
စီးပွားရေး ဓါတ်ပုံသတင်း သတင်း
0 min read
66

ရန်ကုန်မြို့၏ စက်သုံးဆီပြတ်လပ်မှုအခြေအနေ

ဩဂုတ် ၁၄ - ၂၀၂၄
0

(မြန်မာတစ်နိုင်ငံလုံး စက်သုံးဆီပြတ်လပ်မှု အဆိုးရွားဆုံးသို့ရောက်ရှိ) (ဓါတ်ပုံသတင်း) မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီပြတ်လပ်မှု အခြေအနေဆိုးရွားနေပြီး ရန်ကုန်ရှိ ဆီဆိုင်များရှေ့တွင် ညအိပ်စောင့်ဆိုင်း တန်းစီနေရသည်အထိ စက်သုံးဆီပြတ်လပ်နေသည်။ ဇူလိုင် ၂၇ ရက်မှစတင်ပြီး တစ်နိုင်ငံလုံးတွင် စက်သုံးဆီပြတ်လပ်မှုများ စတင်ခဲ့ရာမှ ယခု ရက်ပေါင်း ၂၀ နီးပါး ရှိလာချိန်အထိ စက်သုံးဆီပြတ်လပ်မှုမှာ ပြေလည်ခြင်းမရှိဘဲ တစ်နေ့တစ်ခြား ပိုမိုဆိုးဝါးလာနေသည်။ ယခု ဩဂုတ်လ ဒုတိယအပတ်အခြေအနေသည် အဆိုးရွားဆုံး စက်သုံးဆီပြတ်လပ်မှုများဖြစ်ပေါ်နေပြီး ဆီဆိုင်များတွင် နံနက်ပိုင်းသာ စက်သုံးဆီ ဝယ်ယူရရှိနိုင်တော့သည်။ ရန်ကုန်မြို့မှ ပြည်သူတစ်ဦးက “ကျနော် မနက် ၂ နာရီ ထပြီး ဆီတန်းစီတာ။ ကိုယ့်ရှေ့မှာ ကားက အစီး ၃၀ လောက်ရှိနေတယ်။ သူတို့ကို

Continue Reading
AA ထိုးစစ် ရခိုင်အဆုံး ဂွမြို့နယ်သို့ရောက်
စစ်ရေး သတင်း
1 min read
104

AA ထိုးစစ် ရခိုင်အဆုံး ဂွမြို့နယ်သို့ရောက်

ဩဂုတ် ၁၄ - ၂၀၂၄
0

(ကျိန္တလီရဲစခန်းအနီး စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက ဗုံးကြဲနေ၍ မြို့ခံအများစု တိမ်းရှောင်) ဩဂုတ်လ ၁၀ ရက်နေ့ကစ၍ ဂွမြို့နယ် ကျိန္တလီမြို့ ချင်းကွင်းကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ယမန်နေ့ ဩဂုတ်လ ၁၁ ရက် ညနေတွင် ကျိန္တလီမြို့ရဲစခန်းအား AA က ထိုးစစ်ဆင်တိုက်ခိုက်နေရာ လက်ရှိတွင် တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ ကျိန္တလီမြို့ရဲစခန်းအား AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ စစ်ကောင်စီကလည်း ရဲစခန်းအနီးက တောင်တန်းများနှင့် ရဲစခန်းဟောင်းအနီး တစ်ဝိုက်ကို ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်က ဆိုသည်။ ” တိုက်ပွဲဖြစ်တာက ၂ ရက်လောက်ရှိပြီ။ ချင်းကွင်းကနေစတာ။ မနေ့က ရဲခန်းအနီးမှာ

Continue Reading
ပြည်သူ့ဆန့်ကျင်မှု အရှိန်ပြင်းထန်၍ စစ်အာဏာရှင် ချုပ်ငြိမ်းတော့မည်ဟု KNU ဥက္ကဌ ပြော
သတင်း
1 min read
73

ပြည်သူ့ဆန့်ကျင်မှု အရှိန်ပြင်းထန်၍ စစ်အာဏာရှင် ချုပ်ငြိမ်းတော့မည်ဟု KNU ဥက္ကဌ ပြော

ဩဂုတ် ၁၄ - ၂၀၂၄
0

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ပြည်သူများ၏ ဆန့်ကျင်မှု အရှိန်အဟုန် ပြင်းထန်လွန်းသဖြင့် စစ်အုပ်စု မထိန်းနိုင်တော့ဘဲ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပျောက်ကွယ်တော့မည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုလိုက်သည်။ ၇၄ နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပေးပို့သော သဝဏ်လွှာတွင် KNU ဥက္ကဋ္ဌ က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ကရင့်တော်လှန်ရေးသမိုင်းတစ်လျှောက် ကြုံတွေ့နေရသည့် စိန်ခေါ်မှုမှာ လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ဖြစ်ပြီး လက်ရှိအချိန်အထိလည်း မဟာဗမာလူမျိုးကြီးဝါဒကို စွဲကိုင်ထားသော ဗမာစစ်အာဏာရှင်ကို ရင်ဆိုင်နေရကြောင်း ဥက္ကဌက ဆိုသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရယူပြီးနောက် ၁၉၆၂ ခုနှစ်မှ စတင်၍ ဗမာစစ်တပ်က တိုင်းပြည်အာဏာကိုလုယူပြီး နိုင်ငံကို စစ်အုပ်ချုပ်ရေး အသွင်သဏ္ဍန်အမျိုးမျိုးဖြင့် အဓမ္မအုပ်စိုးခဲ့သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း

Continue Reading
စစ်တွေက မွတ်ဆလင် ၂၄ ဦးကို စစ်ကောင်စီဖမ်းဆီးသွား
စစ်ရေး သတင်း
1 min read
35

စစ်တွေက မွတ်ဆလင် ၂၄ ဦးကို စစ်ကောင်စီဖမ်းဆီးသွား

ဩဂုတ် ၁၄ - ၂၀၂၄
1

ရခိုင်ပြည် စစ်တွေမြို့နယ်မှာ မွတ်ဆလင် ၂၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွားပြီး မိသားစုဝင်များဖြင့် အဆက်အသွယ်လုပ်ခွင့် ခွင့်မပြုပေးဟု ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောသည်။ မွတ်ဆလင် ၂၄ ဦးမှာ ဩဂုတ်လ ၉ ရက်မှ ၁၁ ရက်အတွင်း ဖမ်းဆီးခံရပြီး ကုန်တန်း၊ အောင်မင်္ဂလာ ရပ်ကွက် အသက် ၂၇ နှစ်အောက် လူငယ်များဖြစ်ကြောင်း စုံစမ်းသိရသည်။ ကုန်တန်းရပ်ကွက် အကွက် (၅) မှ မွတ်ဆလင် ၄ ဦး၊ အောင်မင်္ဂလာရပ်ကွက် အကွက် (၁၀) မှ မွတ်ဆလင် ၇ ဦး၊ စစ်တွေမြို့ထဲရှိ ဘူးသီးတောင် စစ်ဘေးရှောင် မွတ်ဆလင် ၁၃ ဦး

Continue Reading