နိုင်ငံကူးလက်မှတ် PV ကိုင်ဆောင်၍ အလုပ်အကိုင်ဗီဇာဖြင့် ပြည်ပထွက်ခွာမှုများကို လေဆိပ်နှင့် နယ်စပ်ဂိတ်များတွင် စိစစ်တားမြစ်မည်ဖြစ်ကြောင်း စစ်ကောင်စီ ကြေညာ
နိုင်ငံရေး သတင်း
1 min read
96

နိုင်ငံကူးလက်မှတ် PV ကိုင်ဆောင်၍ အလုပ်အကိုင်ဗီဇာဖြင့် ပြည်ပထွက်ခွာမှုများကို လေဆိပ်နှင့် နယ်စပ်ဂိတ်များတွင် စိစစ်တားမြစ်မည်ဖြစ်ကြောင်း စစ်ကောင်စီ ကြေညာ

ဩဂုတ် ၁၇ - ၂၀၂၄
0

မြန်မာနိုင်ငံမှ နိုင်ငံကူးလက်မှတ် PV ကိုင်ဆောင်၍ အလုပ်အကိုင်ဗီဇာဖြင့် ပြည်ပထွက်ခွာမှုများကိုအားလုံးကို လေဆိပ်နှင့် နယ်စပ်ဂိတ်များတွင် စိစစ်တားမြစ်မည်ဖြစ်ကြောင်း စစ်ကောင်စီက တရားဝင် ကြေညာလိုက်သည်။ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူတိုင်း အလုပ်သမားဝန်ကြီးဌာနတွင် ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်၍ ပြည်ပအလုပ်အကိုင်သက်သေခံ OWIC ရရှိမှသာ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ကြရန်ဖြစ်ကြောင်း ဆိုသည်။ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဥပဒေအရလည်း အလုပ်သမားများနေဖြင့် မှတ်ပုံတင်ခြင်းမရှိဘဲ ပြည်ပအလုပ်အကိုင်သွားရောက် လုပ်ကိုင်ပါက ပြည်ပထွက်ခွာရန် မသင့်တော်သဖြင့် ပိတ်ပင်ခြင်းများ လုပ်ဆောင်ရန် ပြဋ္ဌာန်းထားကြောင်း စစ်ကောင်စီက ဆိုသည်။ ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်မည့်သူများသည် နိုင်ငံကူးလက်မှတ် အမျိုးအစားကို အလုပ်အကိုင်အတွက် ထုတ်ပေးသည့် Passport for Job -PJ

Continue Reading
ဂွ-ကျိန္တလီကြားရှိ ကုလားပြင်တံတားနှင့် ဆပ်သွားတံတားကို မိုင်းခွဲဖျက်ဆီးရန် စစ်ကောင်စီ ပြင်ဆင်နေ
စစ်ရေး သတင်း
1 min read
31

ဂွ-ကျိန္တလီကြားရှိ ကုလားပြင်တံတားနှင့် ဆပ်သွားတံတားကို မိုင်းခွဲဖျက်ဆီးရန် စစ်ကောင်စီ ပြင်ဆင်နေ

ဩဂုတ် ၁၇ - ၂၀၂၄
0

တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် တောင်ပိုင်းဒေသတွင် ဂွမြို့နှင့် ကျိန္တလီမြို့ကြားတွင်ရှိသော ကုလားပြင် (ရတနာမြိုင်) တံတားနှင့် ဆပ်သွားချောင်းတံတားတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုင်းခွဲဖျက်ဆီးရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၁၂ ရက်နေ့က ကျိန္တလီမြို့အတွင်း ပိတ်မိနေသော မိသားစုဝင်တစ်အား သွားရောက်ကယ်ထုတ်သူ ဂွမြို့ခံလူငယ်တစ်ဦးက မျက်မြင်တွေ့ခဲ့ရသည်ကို Western News အား ပြောပြသည်။ ” ဟိုတနေ့က ဩဂုတ်လ ၁၂ ရက်ပေါ့။ ကျိန္တလီမြို့ထဲ မိသားစုဝင်တစ်ဦးခေါ်ဖို့ သွားခဲ့တယ်။ အပြန် ညနေပိုင်းမှာ ကုလားပြင်တံတားနဲ့ ဆပ်သွားတံတားမှာ မိုင်းထောင်နေတာ တွေ့ခဲ့ရတယ်။ တံတား အစ၊ အလယ်၊ အဆုံး ထိပ်တွေမှာ ကားတာယာတွေနဲ့ မိုင်ခွဲဖျက်ဆီးဖို့ ပြင်ဆင်နေတာ တွေ့ခဲ့ရတယ်။ တံတားတွေမှာလည်း

Continue Reading
စစ်ကောင်စီ ပစ်ခတ်မှုကြောင့် သီပေါမြို့မှာ ၅ ရက်အတွင်း အရပ်သား ၁၁ ဦးသေ၊ ၁၂ ဦးဒဏ်ရာရ
စစ်ရေး သတင်း
1 min read
63

စစ်ကောင်စီ ပစ်ခတ်မှုကြောင့် သီပေါမြို့မှာ ၅ ရက်အတွင်း အရပ်သား ၁၁ ဦးသေ၊ ၁၂ ဦးဒဏ်ရာရ

ဩဂုတ် ၁၇ - ၂၀၂၄
0

သီပေါမြို့နယ်တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးများ နေ့စဥ်ပစ်ခတ်မှုကြောင့် ၅ ရက်အတွင်း အရပ်သား ၁၁ ဦးသေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအောင်းတပ် TNLA က ယနေ့ ထုတ်ပြန်သည်။ သြဂုတ်လ ၉ ရက်မှ ၁၃ ရက်နေ့အတွင်း သီပေါမြို့နယ်ရှိ ကျောင်းစု၊ အုတ်ကျင်း၊ တာပုတ်၊ ထုံစင့်ရပ်၊ မြို့လယ်ရပ်၊ နားလွယ်၊ မြို့ဟောင်း၊ ကုန်းဆုံကျေးရွာနှင့် နမ့်ပေါ့ချောင်းသို့ စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်ခဲ့၍ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၄ ဦး သေဆုံးသွားခဲ့ရသည်။ ထိုလေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သီလရှင် ၁ ပါးနှင့် ကလေးငယ်

Continue Reading
ထိုင်းဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံရ
နိုင်ငံရေး သတင်း
1 min read
61

ထိုင်းဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံရ

ဩဂုတ် ၁၇ - ၂၀၂၄
0

(အခြေခံဥပဒေ ချိုးဖောက်မှုဖြင့် ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ဖယ်ရှားခြင်းဖြစ်) ထိုင်းနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကို အခြေခံဥပဒေ ချိုးဖောက်မှုဖြင့် ရာထူးမှ ဖယ်ရှားလိုက်ကြောင်း သိရသည်။ တရားရုံးအရာရှိတစ်ဦးကို လဘ်ပေးလာဘ်ယူမှု ကျူးလွန်ခဲ့ဖူးသော Pichit Chuenban ကို ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့မှုဖြင့် ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကို အခြေခံဥပဒေချိုးဖောက်သည်ဟုဆိုကာ အခြေခံဥပဒေခုံရုံးက ရာထူးမှ ဖယ်ရှားလိုက်ခြင်းဖြစ်သည်။ ဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံရသည့်အတွက် ၎င်းဖွဲ့စည်းထားသော အစိုးရ အဖွဲ့လည်း ပျက်ပြယ်သွားပြီး ဝန်ကြီးချုပ်အသစ်ကို လွှတ်တော်တွင် ထပ်မံ ရွေးချယ်တင်မြှောက်ရမည်ဖြစ်သည်။

Continue Reading