မျောက်ကျောက်ရောဂါဆိုတာ ဘာလဲ၊ ဘယ်လိုရှောင်ရှားနိုင်မလဲ
ကျန်းမာရေး ရုပ်သံ သတင်း
1 min read
103

မျောက်ကျောက်ရောဂါဆိုတာ ဘာလဲ၊ ဘယ်လိုရှောင်ရှားနိုင်မလဲ

ဩဂုတ် ၂၂ - ၂၀၂၄
0

မျောက်ကျောက်ရောဂါဆိုတာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး တိရစ္ဆာန်ကတစ်ဆင့် လူကို ကူးစက်စေနိုင်တဲ့ တိရစ္ဆာန်ဗိုင်းရပ်စ်တစ်မျိုးဖြစ်သလို လူအချင်းချင်းကိုလည်း ကူးစက်ပြန့်ပွားစေပါတယ်။WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါဟာ ကမ္ဘာ့ကပ်ရောဂါလို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတိပေးကြေညာထားပါတယ်။

Continue Reading
အမ်းနှင့် မောင်တောက စစ်ကောင်စီတပ်သားများ လစာမရသည်မှာ ၂ လ ရှိနေပြီဟုပြော
စစ်ရေး သတင်း
1 min read
108

အမ်းနှင့် မောင်တောက စစ်ကောင်စီတပ်သားများ လစာမရသည်မှာ ၂ လ ရှိနေပြီဟုပြော

ဩဂုတ် ၂၂ - ၂၀၂၄
0

ရခိုင်ပြည် အမ်းမြို့နယ်နှင့် မောင်တောမြို့တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မိမိတို့၏သတ်မှတ်လစာအား မရရှိကြသည်မှာ ၂ လအထိ ရှိနေပြီဟု စစ်တပ်အသိုင်းဝန်းထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဇွန်နှင့် ဇူလိုင်လအတွက် သတ်မှတ်လစာများကို မရရှိသေးခြင်းဖြစ်ပြီး လမ်းကြောင်းအဆင်မပြေ၍ ငွေမရောက်သည့်အကြောင်းပြချက်ပေးနေကြောင်း စစ်တပ်အသိုင်းဝန်းမှ အမ်းမှာတာဝန်ကျ အသက် ၃၅ နှစ်ကျော် အမျိုးသားတစ်ဦးက ပြောသည်။ “လစာမရတာ ၂ လရှိပြီ။ ငွေပို့ဖို့ လမ်းကြောင်းတွေ အဆင်မပြေတာကြောင့်လို့တော့ သိရတယ်။ တခြားတော့လည်း မသိဘူး။ ရတော့ရမယ်ပေါ့။ အဲ့လိုမျိုးပဲ” ဟု ပြောသည်။ လစာမရကြသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အမ်းမြို့ဒေသခံပြည်သူများအား စစ်ဆေးရေးတင်းကျပ်မှု ပိုလုပ်ကာ ငွေတောင်းခံနေသည်ဟု အသက် ၂၈ နှစ်အရွယ် အမ်းဒေသခံ အမျိုးသမီးတစ်ဦးက

Continue Reading
ဂွမြို့အနီးက မြန်မာ့အကြီးဆုံး ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်း ရပ်ဆိုင်းဟုဆို
စီးပွားရေး သတင်း
1 min read
175

ဂွမြို့အနီးက မြန်မာ့အကြီးဆုံး ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်း ရပ်ဆိုင်းဟုဆို

ဩဂုတ် ၂၂ - ၂၀၂၄
0

ရခိုင်ပြည် ဂွမြို့အနီးက မြန်မာ့ပထမဆုံးနှင့် အကြီးဆုံးဖြစ်သော မြေဧက ၃၁၀ ကျော် ကျယ်ဝန်းသည့် ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်းမှာ တစ်ပိုင်းတစ်စဖြင့် ရပ်တန့်သွားပြီဟု ဒေသခံများက ပြောသည်။ တိုက်ပွဲမှာ ဂွမြို့အနီးသို့ ကပ်လာနေ၍ လုပ်ငန်းဆောင်ရွက်မှု အားလုံးရပ်တန့်သွားပြီး အလုပ်သမားများလည်း တစ်ယောက်မှ မရှိတော့ကြောင်း လုပ်ငန်းခွင့်အတွင်းမှ စစ်ရှောင်လာသူတစ်ဦးက ဆိုသည်။ ” စက်ပစ္စည်းတွေကတော့ ရှိနေသေးတယ်။ အလုပ်သမားတွေ၊ အင်ဂျင်နီယာတွေက မရှိတော့ဘူး။ မိုးရာသီကာလဆိုတော့ အပြင်ပိုင်းသိပ်မလုပ်ဖြစ်ဘူး။ အတွင်းပိုင်းတွေ အဓိက ဦးစားပေးလုပ်နေကြတာ။ ကျနော်က ရွှေရတီဟိုတယ် တည်ဆောက်မှုလုပ်ငန်းခွင်ထဲပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော် နှစ်ပတ်လောက်ကနေ မရှိတော့တာ။ ဂွမှာလည်း တစ်ယောက်မှမရှိတော့ဘူးလေ။ တိုက်ပွဲကလည်း အရမ်းကပ်လာတော့ အားလုံး စစ်ရှောင်ကြတာပေါ့။ ” ဟု

Continue Reading