မောင်တောက ပြည်သူ ၅ ဦးကို မြို့စောင့်တပ်ထဲမှာ ဖမ်းဆီးထား
စစ်ရေး သတင်း
1 min read
88

မောင်တောက ပြည်သူ ၅ ဦးကို မြို့စောင့်တပ်ထဲမှာ ဖမ်းဆီးထား

ဩဂုတ် ၂၃ - ၂၀၂၄
0

(မိသားစုဝင်များက ပြန်လွှတ်ပေးရန်တောင်းဆို) ရခိုင်ပြည် မောင်တောမြို့ခံ အပြစ်မဲ့အရပ်သား ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ဖမ်းဆီးသွားပြီး မောင်တောမြို့စောင့်တပ် နခခ ၅ တပ်ရင်းထဲတွင် ထိန်းသိမ်းထားကြောင်း မိသားစုဝင်များက ပြောသည်။ ယခုနှစ် မေလ ၁၀ ရက် နံနက် ၆ နာရီမှာ မောင်တောမြို့ မြို့မမြောက်ရပ်ကွက် (ဝိမလ) က အပြစ်မဲ့ အရပ်သား အမျိုးသား ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ပါသော ကားနှစ်စီးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများမှာ ကိုအောင်ကိုမြတ် (အသက် ၃၂ နှစ်)၊ ကိုဇော်နိုင်ဦး (အသက် ၃၄ နှစ်)၊ ကိုနိုင်နိုင်ဇော် (အသက် ၃၂ နှစ်)၊

Continue Reading
ရခိုင်မြောက်ပိုင်းကို စုံစမ်းစစ်ဆေးသူများ ဝင်ရောက်နိုင်ရေး AA က ကူညီပေးရမည်ဟု SAC-M တောင်းဆို
စစ်ရေး သတင်း
1 min read
97

ရခိုင်မြောက်ပိုင်းကို စုံစမ်းစစ်ဆေးသူများ ဝင်ရောက်နိုင်ရေး AA က ကူညီပေးရမည်ဟု SAC-M တောင်းဆို

ဩဂုတ် ၂၃ - ၂၀၂၄
0

ရခိုင်ပြည် မြောက်ပိုင်းအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ဩဂုတ်လ ၁၉ ရက်တွင် အဓိက အချက် ၄ ချက်ပါသော ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ကာ အာရက္ခတပ်တော် AA အား တောင်းဆိုထားသည်။

Continue Reading
မောင်တောမြို့ ဩဂုတ် ၅ ရက်ဖြစ်စဉ်အပေါ် AA ၏ သုတေသန ထုတ်ပြန်ချက်
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
159

မောင်တောမြို့ ဩဂုတ် ၅ ရက်ဖြစ်စဉ်အပေါ် AA ၏ သုတေသန ထုတ်ပြန်ချက်

ဩဂုတ် ၂၃ - ၂၀၂၄
0

ရခိုင်ပြည် မောင်တောမြို့မှာ ၂၀၂၄ ဩဂုတ်လ ၅ ရက်နေ့က AA တိုက်ခိုက်မှုကြောင့် မွတ်ဆလင် ရာနှင့်ချီ သေဆုံးသွားသည်အပေါ် ULA/AA က ခွဲခြမ်းစိတ်ဖြာ အစီရင်ခံစာတစ်စောင်ကို ဩဂုတ် ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။ အဆိုပါ အစီရင်ခံစာကို AA ပြောခွင့်ရ ဦးခိုင်သုခ တယ်လီဂရမ်ကတစ်ဆင့် ယနေ့ ဩဂုတ်လ ၂၁ ရက်တွင် တရားဝင်ထုတ်ပြန်ထားသည်။

Continue Reading
နောင်ချိုမြို့ကို စစ်ကောင်စီက အင်အားထပ်ဖြည့် TNLA နှင့် တိုက်ပွဲဖြစ်ပွား
စစ်ရေး သတင်း
1 min read
67

နောင်ချိုမြို့ကို စစ်ကောင်စီက အင်အားထပ်ဖြည့် TNLA နှင့် တိုက်ပွဲဖြစ်ပွား

ဩဂုတ် ၂၃ - ၂၀၂၄
0

Western News| ဩဂုတ် ၂၁(သတင်းတို) ရှမ်းပြည် မြောက်ပိုင်းက နောင်ချိုမြို့ကို အာဏာသိမ်း စစ်ကောင်စီက အင်အားထပ်ဖြည့်ပြီး တအောင်းတပ် TNLA ကို ပြန်လည်တိုက်ခိုက်နေ၍ သရက်ချို၊ တောင်ခမ်းနှင့် ကမ္ဘောဇဘုန်းတော်ကြီးကျောင်း စသည့်နေရာများတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း TNLA က ယနေ့ ထုတ်ပြန်သည်။ ယနေ့ ဩဂုတ်၂၁ ရက် TNLA ၏ ထုတ်ပြန်ချက်တွင် နံနက် ၉ နာရီ ၅ မိနစ်ကစပြီး စစ်ကောင်စီတပ် ၉၀၂ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။ နောင်ချိုမြို့သည် တအောင်းတပ် TNLA ထိန်းချုပ်ထားသော မြို့တစ်ခုဖြစ်ပြီး စစ်ကောင်စီက ပြန်လည်ရရှိရေး အင်အားအလုံးအရင်း ဖြည့်တင်းကာ

Continue Reading
မျောက်ကျောက် ရောဂါရှိသူ ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ
ကျန်းမာရေး သတင်း
1 min read
190

မျောက်ကျောက် ရောဂါရှိသူ ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ

ဩဂုတ် ၂၃ - ၂၀၂၄
0

(WHO က မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကပ်ရောဂါဟု သတိပေးထား) ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်သည့် မျောက်ကျောက်ရောဂါ (Monkeypox-Mpox) ရှိသူ ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိကြောင်း ယနေ့ ဩဂုတ်လ ၂၁ ရက် နံနက်က ထိုင်းရောဂါထိန်းချုပ်ရေးဌာန DDC က အတည်ပြုထုတ်ပြန်ထားသည်။ မျောက်ရောဂါ၏ နောက်ဆုံးမျိုးကွဲဖြစ်သည့် Mpox 1b ဗိုင်းရပ်စ်ရှိသူ နိုင်ငံခြားသားတစ်ဦးထံ စတင်တွေ့ရှိကြောင်း ထိုင်း DDC က ဆိုသည်။ Mpox ရှိသူ နိုင်ငံခြားသားမှာ ဩဂုတ်လ ၁၄ ရက်နေ့က အာဖရိကတိုက်ကနေ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာသော ဥရောပနိုင်ငံသားဖြစ်ပြီး လူနာအား စမ်းသပ်မှုများဆက်လုပ်နေကာ တွေ့ရှိချက်များကို ချက်ခြင်းသတင်းထုတ်ပြန်သွားမည်ဟု ထိုင်း DDC က ပြောသည်။ မျောက်ကျောက်ရောဂါ

Continue Reading
ပအိုဝ်းအမျိုးသားတပ် PNA မှာ စစ်အင်အား ၁ သောင်း သင်တန်းဆင်း
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
125

ပအိုဝ်းအမျိုးသားတပ် PNA မှာ စစ်အင်အား ၁ သောင်း သင်တန်းဆင်း

ဩဂုတ် ၂၃ - ၂၀၂၄
2

(ဓါတ်ပုံသတင်း) ပအိုဝ်းအမျိုးသားတပ်မတော် PNA/PNO နှင့် နောင်တရားမြို့ ဒေသခံပြည်သူများ ပူးပေါင်းပြီး အမှတ်စဉ် (၁) စစ်သင်တန်းပြုလုပ်ကာ စစ်အင်အား ၁ သောင်းဖြင့် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း PNA က ယနေ့ ဩဂုတ်လ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အပါအဝင် နောင်တရားမြို့က ဒေသခံပြည်သူများမှာ အမှတ်စဉ် (၁) စစ်အင်အား တစ်သောင်းဖြင့် ဒေသကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဟု ဆိုသည်။ သင်တန်းဆင်းပွဲအခမ်းအနားကို ပအိုဝ်းအမျိုးသားတပ်မတော် (PNA) စစ်ဦးစီးချုပ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီဝင်များ၊ စန္တာႏခမ်း စစ်ဒေသမှူးများနှင့် ပြည်သူလူထုများတက်ရောက်ခဲ့ကြောင်း သိရသည်။

Continue Reading