ပုဏ္ဏားကျွန်းမှာ အရေပြားရောဂါဖြစ်ပွားသူ များပြားလာ
ကျန်းမာရေး ရုပ်သံ သတင်း
1 min read
101

ပုဏ္ဏားကျွန်းမှာ အရေပြားရောဂါဖြစ်ပွားသူ များပြားလာ

ဩဂုတ် ၂၈ - ၂၀၂၄
1

(ကုသဖို့ဆေးဝါးမရှိလို့ ကူးစက်ခံရသူ ၂၀၀ နီးပါးအထိ ပျံ့နှံ့နေ)

Continue Reading
စစ်ကိုင်းတိုင်းမှာ အရပ်သားသေဆုံးသူ လစဉ် ၇၁ ဦးနှုန်းရှိနေ
စစ်ရေး သတင်း
1 min read
80

စစ်ကိုင်းတိုင်းမှာ အရပ်သားသေဆုံးသူ လစဉ် ၇၁ ဦးနှုန်းရှိနေ

ဩဂုတ် ၂၈ - ၂၀၂၄
0

၂၀၂၄ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသတွင် အကြမ်းဖက်မှုများကြောင့် အရပ်သားသေဆုံးသူ လစဉ် ပျမ်းမျှ ၇၁ ဦးနှုန်းရှိကြောင်းနှင့် အရပ်သား ဒဏ်ရာရသူ ပျမ်းမျှ ၆၆ ဦးနှုန်းဖြင့် ရှိနေကြောင်း Data for Myanmar ၏ ဇူလိုင်လအစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ပြည်တွင်းမီဒီယာအချို့နှင့် ရင်းမြစ်များမှ ကောက်ယူထားသော အချက်အလက်များကို အခြေခံ၍ Data for Myanmar က တွက်ချက်ထားခြင်းဖြစ်သည်။ ယခုနှစ်အတွင်း စစ်ကိုင်းတိုင်းထဲမှာ အကြမ်းဖက်မှုများကြောင့် အရပ်သားသေဆုံးသူ ၄၉၉ ဦးရှိခဲ့ပြီး ဒဏ်ရာရ အရပ်သား ၄၆၄ ဦးရှိခဲ့ကြောင်း အစီရင်ခံစာအရ

Continue Reading
စစ်တွေမြို့မှာ နေအိမ်ဖောက်ထွင်းခံရမှု ပိုမိုဆိုးရွားလာနေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ALP များ ပါဝင် ပတ်သက်နေ
စစ်ရေး သတင်း
1 min read
99

စစ်တွေမြို့မှာ နေအိမ်ဖောက်ထွင်းခံရမှု ပိုမိုဆိုးရွားလာနေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ALP များ ပါဝင် ပတ်သက်နေ

ဩဂုတ် ၂၈ - ၂၀၂၄
0

စစ်ကောင်စီအုပ်စိုးထားသည့် ရခိုင်ပြည် စစ်တွေမြို့အတွင်း ရပ်ကွက်အများအပြားတွင် နေအိမ်များ ဖောက်ထွင်းခံရမှုများ ရှိနေပြီး တန်ဖို့ရှိပစ္စည်းများ နေ့စဉ်လိုလိုပျောက်ဆုံး ဆုံးရှုံးများ ရှိနေကြောင်း ရပ်ကွက်နေထိုင်သူများက ပြောသည်။ ယင်းအထဲတွင် မင်းဂံ၊ စက်ရုံစု၊ ကုန်တန်း၊ ကျည်းပင်တန်း၊ ရွှေပြား၊ ဓညဝတီ၊ ကသဲရပ်ကွက်စသော နေရာများအတွင်း နေအိမ်အများအပြား ဖောက်ထွင်းခံရမှုများရှိနေပြီး နေအိမ်အုပ်နံရံများလည်း ဖျက်ဆီးခံရမှုများရှိနေကြောင်း သိရသည်။ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက “စစ်တွေမြို့ ရပ်ကွက်တိုင်းလိုလို ကတော့ နေ့စဉ်ဖောက်ထွင်းခံရတာတွေ၊ ပစ္စည်းအခိုးခံရတာတွေက သုံးမှုကနေ လေးမှုအထိ ရှိနေတယ်။ များသောအားဖြင့်ကတော့ မြို့စွန်ရပ်ကွက်တွေက အဖြစ်များတယ်။ နေအိမ်က ပစ္စည်းတွေပါ ဖျက်ဆီးပစ်ကြတယ်။ တစ်ချို့ နေအိမ်အသစ်စက်စက် ဆောက်ခါစပဲ ရှိသေးတယ်။ အကုန်

Continue Reading
မြန်မာနိုင်ငံမှာ လူဦးရေ ၅၆ သန်းရှိဟု စစ်ကောင်စီခန့်မှန်း
နိုင်ငံရေး သတင်း
1 min read
83

မြန်မာနိုင်ငံမှာ လူဦးရေ ၅၆ သန်းရှိဟု စစ်ကောင်စီခန့်မှန်း

ဩဂုတ် ၂၈ - ၂၀၂၄
0

မြန်မာနိုင်ငံမှာ လူဦးရေ ၅၆ သန်းရှိကြောင်းနှင့် အိမ်ထောင်စု ၁၃ သန်းရှိသည်ဟု အာဏာသိမ်း စစ်ကောင်စီက ခန့်မှန်းထားကြောင်း ဝါဒါဖြန့်နိုင်ငံပိုင်သတင်းစာက ယနေ့ ဩဂုတ်လ ၂၈ ရက်တွင် ဖော်ပြသည်။ မြန်မာနိုင်ငံတွင် လူဦးရေနှင့် အိမ်အကြောင်းအရာများကို ၁၀ နှစ်တစ်ကြိမ်စီစာရင်းကောက်ယူလေ့ရှိပြီး ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံလူဦးရေ ၅၁ သန်းကျော်ရှိခဲ့သည်။ ယခု ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် စစ်ကောင်စီက ပြင်ဆင်နေပြီး ၂၀၂၄ ခုနှစ်တွင်ရှိမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု ၁၃ သန်းခန့်ကို အခြေခံတွက်ချက် ကောက်ယူမည်ဖြစ်သည်ဟု ပြောဆိုထားသည်။

Continue Reading
စစ်ကောင်စီသည် တိုင်းပြည်ကို အဆုံးစွန်ထိ ဆွဲချနေကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော
နိုင်ငံရေး သတင်း
1 min read
77

စစ်ကောင်စီသည် တိုင်းပြည်ကို အဆုံးစွန်ထိ ဆွဲချနေကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

ဩဂုတ် ၂၈ - ၂၀၂၄
0

အာဏာသိမ်းစစ်ကောင်စီ (မြန်မာစစ်တပ်/စစ်အုပ်) သည် ပြည်သူကိုချနင်းသော နည်းလမ်းမျိုးစုံသုံးပြီး တိုင်းပြည်ကို ၎င်းတို့နှင့်အတူ အဆုံးစွန်ထိ ဆွဲချနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။ ယမန်နေ့ ဩဂုတ်လ ၂၇ ရက်နေ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ “သမိုင်းတစ်လျှောက်အဆိုးဆုံး စစ်ရေးရှုံးနိမ့် မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်အုပ်စုဟာ ပြည်သူကို ချနင်းတဲ့ နည်းလမ်းမျိုးစုံသုံးပြီး တိုင်းပြည်ကို သူတို့နဲ့ အတူ အဆုံးစွန်ထိ ဆွဲချသွားချင်နေပုံ ရပါတယ်။ ဒါကို ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ အထူးသတိထား စောင့်ကြည့်သင့်ပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။” ဟု ပြောသည်။

Continue Reading
စစ်သည် ၃ ဦးအပါအဝင် လူငယ် ၂၄ ဦးကို စစ်ကောင်စီက တရုတ်သို့စေလွှတ်
စစ်ရေး သတင်း
1 min read
95

စစ်သည် ၃ ဦးအပါအဝင် လူငယ် ၂၄ ဦးကို စစ်ကောင်စီက တရုတ်သို့စေလွှတ်

ဩဂုတ် ၂၈ - ၂၀၂၄
0

စစ်မှုထမ်းမိသားစုဝင်များ၏ သားသမီးများပါဝင်သော လူငယ် ၂၁ ဦးနှင့် ဂုဏ်ထူးပါသော စစ်သည် လူငယ် ၃ ဦး စုစုပေါင်း ၂၄ ဦးကို တရုတ်နိုင်ငံသို့ စစ်ကောင်စီက စေလွှတ်လိုက်ကြောင်း ဝါဒဖြန့်နိုင်ငံပိုင်သတင်းစာက ယနေ့ ဩဂုတ်လ ၂၈ ရက်တွင် ဖော်ပြသည်။ အဆိုပါ လူငယ်များကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးကြီးသူရိန်ထွန်းဦးဆောင်ပြီး စစ်ကောင်စီက တရုတ်ပြည်သို့ လေ့လာရေးခရီးအဖြစ် စေလွှတ်လိုက်ကြောင်း ဆိုသည်။ လူငယ် ၂၄ ဦးထဲတွင် စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်းမိသားစုဝင် သား၊ သမီးများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး နိုင်ငံတော်အဆင့် ဘက်စုံပညာထူးချွန်လူငယ် ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူ ၅ ဦး၊ အမှတ်အများဆုံးရရှိသော

Continue Reading
Dawei Watch သတင်းထောက်နှစ်ဦး တိတ်တဆိတ် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရ
နိုင်ငံရေး သတင်း
1 min read
76

Dawei Watch သတင်းထောက်နှစ်ဦး တိတ်တဆိတ် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရ

ဩဂုတ် ၂၈ - ၂၀၂၄
0

Dawei Watch မီဒီယာ၏ တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် သတင်းသမားနှစ်ဦးဖြစ်သော ကိုမျိုးမြင့်ဦးနှင့် ကိုအောင်ဆန်းဦးတို့ကို အာဏာသိမ်း စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း Dawei Watch က ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် ထုတ်ပြန်သည်။ ၎င်းတို့နှစ်ဦးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ညက စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး စစ်ခုံရုံးက တိတ်တဆိတ်စီရင်ကာ ကိုမျိုးမြင့်ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် ကိုအောင်ဆန်းဦးကို ထောင်ဒဏ် နှစ် ၂ဝ အထိ အသီးသီး ချမှတ်လိုက်သည်။ စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် မတရားအမှုဆင် စွဲဆိုပြီး ၂ဝ၂၄ ခုနှစ် (ခန့်မှန်း) ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်

Continue Reading
စစ်ကောင်စီက သတင်းသမားတွေကို အငြိုးနဲ့ လက်တုံပြန်နေတယ်
နိုင်ငံရေး သတင်း
1 min read
104

စစ်ကောင်စီက သတင်းသမားတွေကို အငြိုးနဲ့ လက်တုံပြန်နေတယ်

ဩဂုတ် ၂၈ - ၂၀၂၄
0

ဒီရက်ပိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီဟာ သတင်းသမားတွေကို သတ်ဖြတ်တာ၊ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်တာတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။ မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ The Nation Voice က သတင်းထောက်နှစ်ဦး ဩဂုတ်လ ၂၁ ရက်နေ့ နံနက်က နေအိမ်ကိုဝင်စီး သတ်ဖြတ်ခံလိုက်ရပါတယ်။ The Nation Voice က သတင်းထောက် ကိုဝင်းထွဋ်ဦးနဲ့ အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူမှာ တော်လှန်ရေးသတင်းရင်းမြစ်နဲ့ တွေ့ဆုံနေစဉ်အတွင်း စစ်ကောင်စီတပ်သား ၃၀ ကျော်က နေအိမ်ကိုဝင်စီးနင်းပြီး မသေမချင်း သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် Dawei Watch မီဒီယာက တနင်္သာရီတိုင်း မြိတ်ဒေသအခြေစိုက် သတင်းသမားနှစ်ဦးဖြစ်တဲ့ ကိုမျိုးမြင့်ဦးနဲ့ ကိုအောင်ဆန်းဦးတို့ကို အာဏာသိမ်းစစ်ကောင်စီ တရားရုံးက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ပါတယ်။

Continue Reading
စစ်ကောင်စီသည် AA ကို ရှုံးနိမ့်နေ၍ ရခိုင်ပြည်ကို လက်လွှတ်ရတော့မည်
စစ်ရေး သတင်း
1 min read
177

စစ်ကောင်စီသည် AA ကို ရှုံးနိမ့်နေ၍ ရခိုင်ပြည်ကို လက်လွှတ်ရတော့မည်

ဩဂုတ် ၂၈ - ၂၀၂၄
0

မြန်မာစစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အနောက်ဘက်ဆုံးပြည်နယ်မှ နှင်ထုတ်ခံရလုနီးပါးဖြစ်နေပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်း ပြန်ဖြစ်လာသော ပြည်တွင်းစစ် ပဋိပက္ခများများတွင် အကြီးမားဆုံးသော စစ်ရေးဆုံးရှုံးမှုများထဲမှ တစ်ခုဖြစ်ကြောင်း ဘန်ကောက်ပို့စ်က ယနေ့ ဩဂုတ် ၂၇ ရက်တွင် ဖော်ပြသည်။ အာရက္ခတပ်တော် AA သည် တိုက်ခိုက်ရေးကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက ရခိုင်ပြည်အနှံ့ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် တစ်ခုတည်းသော အကြီးဆုံးနယ်မြေကို ဖန်တီးရန် စီစဉ်နေကြောင်း International Crisis Group (ICG) က ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ တရုတ်နယ်စပ်တွင်

Continue Reading
စစ်ကောင်စီက သတင်းသမား ၇ ဦး သတ်ဖြတ်ခဲ့ပြီး ၆၀ ကျော်ကို ဖမ်းဆီးထား
စစ်ရေး သတင်း
1 min read
85

စစ်ကောင်စီက သတင်းသမား ၇ ဦး သတ်ဖြတ်ခဲ့ပြီး ၆၀ ကျော်ကို ဖမ်းဆီးထား

ဩဂုတ် ၂၈ - ၂၀၂၄
0

၂၀၂၁ ခုနှစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတင်းမီဒီယာသမား ၇ ဦးကို သတ်ဖြတ်ခဲ့ပြီး ၆၂ ဦးကို ဖမ်းဆီး ထောင်ချထားကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက်နေ့တွင် မွန်ပြည်နယ်မှ သတင်းမီဒီယာ သမားများ ဖြစ်သော ကိုထက်မြက်သူနှင့် ကိုဝင်းထွဋ်ဦးတို့ ၂ ဦးကို မွန်ပြည်နယ်ရှိ ၎င်းတို့ နေအိမ်၌ပင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ခန့်က စီးနင်း ဝင်ရောက်ပြီး ပစ်သတ်ခဲ့သည်။ ၎င်းတို့နှစ်ဦးကို သတ်ဖြတ်ပြီးနောက် ထိုနေရာမှာပင် စစ်ကောင်စီတပ်သားများက အလောင်းများကို မီးရှို့ ဖျောက်ဖျက်ခဲ့ကြောင်း (RSF) က

Continue Reading