ရခိုင်တောင်ပိုင်းမှာ စစ်ကောင်စီ စစ်သင်္ဘော ၈ စီးကို AA ရင်ဆိုင်နေရ
စစ်ရေး သတင်း
1 min read
132

ရခိုင်တောင်ပိုင်းမှာ စစ်ကောင်စီ စစ်သင်္ဘော ၈ စီးကို AA ရင်ဆိုင်နေရ

ဩဂုတ် ၂၈ - ၂၀၂၄
0

တိုက်ပွဲပြင်းထန်နေသော သံတွဲမြို့နယ် မောင်ရွှေလေးရေတပ်စခန်းနှင့် ဂွမြို့နယ် ကျိန္တလီမြို့သိမ်းတိုက်ပွဲအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို အာရက္ခတပ်တော် AA က ရင်ဆိုင်တိုက်ခိုက်နေရသည်ဟု ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ မောင်ရွှေလေးရေတပ်နှင့် ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း AA က ယမန်နေ့ ဩဂုတ်လ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါ တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ အာဏာသိမ်းစစ်ကောင်စီသည် စစ်သင်္ဘော ၈ စီးဖြင့် ရေကြောင်းမှ လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းပေးနေသည့်အပြင် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေပြီး အာရက္ခတပ်တော် AA ကလည်း ပြန်လည်တိုက်ခိုက်နေကြောင်း သိရသည်။ သံတွဲမြို့ပေါ်နှင့် ငပလီမြို့ကို အာရက္ခတပ်တော်

Continue Reading
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA အုပ်ချုပ်ရေးစွမ်းရည်ကို ICG ဝေဖန်
သတင်း
1 min read
93

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA အုပ်ချုပ်ရေးစွမ်းရည်ကို ICG ဝေဖန်

ဩဂုတ် ၂၈ - ၂၀၂၄
0

အာရက္ခတပ်တော် AA သည် ရခိုင်ဒေသမှာ စစ်ရေးလမ်းကြောင်းကို ပြီးမြောက်စေရန် အလားအလာရှိနေသော်လည်း ၎င်း၏ နိုင်ငံရေးပါတီဖြစ်သော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA မှာ အုပ်ချုပ်ရေးစွမ်းရည် ညံ့နေသည်ဟု International Crisis Group (ICG) က ဝေဖန်ထားသည်။ AA ၏ အစီရင်ခံစာများအပါအဝင် ရခိုင်မြောက်ပိုင်းက မွတ်ဆလင်များအရေးနှင့် ပတ်သက်ပြီး ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် ICG ထုတ်ပြန်ထားသော အစီရင်ခံစာတွင် ဝေဖန်ထားခြင်းဖြစ်သည်။ ရခိုင်ဒေသမှာ စစ်ကောင်စီ (မြန်မာစစ်တပ်) ကင်းစင်စေရေးကို AA က အစွမ်းကုန်တိုက်ခိုက် ကြိုးပမ်းနေပြီး ၎င်း၏ပါတီဖြစ်သော ULA မှာ အုပ်ချုပ်မှုကိစ္စရပ်များ လိုအပ်ချက်များရှိနေသည်ကို ICG က ဝေဖန်ထောက်ပြနေခြင်းဖြစ်သည်။

Continue Reading
AA ခေါင်းဆောင်များ မွတ်ဆလင်ခေါင်းဆောင်များနှင့် တွေ့ဆုံစကားပြောသင့်ကြောင်း ICG တိုက်တွန်း
စစ်ရေး သတင်း
1 min read
93

AA ခေါင်းဆောင်များ မွတ်ဆလင်ခေါင်းဆောင်များနှင့် တွေ့ဆုံစကားပြောသင့်ကြောင်း ICG တိုက်တွန်း

ဩဂုတ် ၂၈ - ၂၀၂၄
0

(ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း AA နှင့် ထိတွေ့ဆက်ဆံရေး တိုးမြှင့်သင့်ဟုဆို) အာရက္ခတပ်တော် AA အနေဖြင့် ရခိုင်ပြည် မြောက်ပိုင်းက မွတ်ဆလင်များအပါအဝင် အရပ်သားပြည်သူများအား ကာကွယ်ပေးရေးအတွက် ပြည်တွင်းပြည်ပရှိ မွတ်ဆလင်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း International Crisis Group (ICG) အကြံပြုတိုက်တွန်းထားသည်။ ရခိုင်ပြည် မြောက်ပိုင်းက မွတ်ဆလင်များအရေးနှင့် ULA/AA နှင့် မြန်မာစစ်တပ် (စစ်ကောင်စီ) တို့ စစ်ရေးအခြေအနေအပေါ် ဆန်းစစ်သော အစီရင်ခံတစ်စောင်ကို ICG က ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။ အာရက္ခတပ်တော် AA အနေဖြင့် မွတ်ဆလင်များအရေးနှင့်ပတ်သက်ပြီး မီးလောင်ဗုံးများ တောက်လောင်သကဲ့သို့ အသုံးအနှုန်း၊ အပြောအဆိုများကို ရှောင်ရှားသင့်ကြောင်းလည်း

Continue Reading
သိမ်းပိုက်မြို့များ ပြန်လည်ပတ်ရေး TNLA ခေါင်းဆောင်များ သွားရောက်လေ့လာ
စစ်ရေး သတင်း
1 min read
63

သိမ်းပိုက်မြို့များ ပြန်လည်ပတ်ရေး TNLA ခေါင်းဆောင်များ သွားရောက်လေ့လာ

ဩဂုတ် ၂၈ - ၂၀၂၄
0

(၂၀၂၅ မှာ အရပ်သားပါသော အစိုးရဖွဲ့မည်ဟုဆို) ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် တအောင်းတပ် TNLA က သိမ်းပိုက်ရရှိထားသော ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မြို့တို့ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ရေး TNLA ထိပ်ပိုင်းခေါင်းဆောင်များက သွားရောက်ကြည့်ရှုစစ်ဆေးနေသည်။ TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နှင့် အထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဇာရ်တို့ ဦးဆောင်သော အဖွဲ့တို့သည် ဩဂုတ်လ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ သွားရောက်ခဲ့ပြီး လူထုနှင့်တွေ့ဆုံကာ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရေးကို ဆွေးနွေးခဲ့သည်ဟု သိရသည်။ တပ်စခန်းနှင့် အစိုးရဆိုင်ရာဌာနရုံးများ၊ အုပ်ချုပ်ရေးရုံးများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများအား သွားရောက် လေ့လာခဲ့ကြောင်း ထုတ်ပြန်သည်။ TNLA ၏

Continue Reading