လားရှိုးမြို့ လျှပ်စစ်ရရှိရေး MNDAA ကြိုးပမ်းနေ
သတင်း
1 min read
92

လားရှိုးမြို့ လျှပ်စစ်ရရှိရေး MNDAA ကြိုးပမ်းနေ

ဩဂုတ် ၂၉ - ၂၀၂၄
0

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ရှိရာ ရှမ်းမြောက်ဒေသက လားရှိုးမြို့ကို အာဏာသိမ်း စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးလိုက်ရပြီးနောက် မြို့ပြန်လည်ထူထောင်ရေးကို ကိုးကန့်တပ် MNDAA က တည်ဆောက်နေပြီး ယခု လျှပ်စစ်မီးရရှိရေး ကြိုးစားနေသည်ဟု သိရသည်။ MNDAA ၏ အထူးဒေသ (၁) အုပ်ချုပ်မှုကော်မတီမှ အထူးဒေသ ရေအားလျှပ်စစ်ကုမ္ပဏီများဖြင့် ချိတ်ဆက်ဆောင်ရွက်ပြီး တိုက်ပွဲအတွင်း ပျက်စီးသွားသော လျှပ်စစ်ဓာတ်တိုင်များနှင့် လျှပ်စစ်ကြိုးများကို ပြင်ဆင်နေသည်ဟု ဆိုသည်။ လားရှိုးမြို့လျှပ်စစ်ရရှိရေး 33KV ပင်မလိုင်းအား ပြုပြင်နေပြီး ဓာတ်တိုင်များအစားထိုးခြင်းနှင့် ဗို့အားမြင့်လိုင်းများ ပြန်လည်သွယ်တန်းနေသည်ဟု MNDAA က ဆိုသည်။ ယခင် စစ်ဒဏ်ကြောင့် လားရှိုးမြို့ လျှပ်စစ်ဓာတ်အား ပေးဝေမှုစနစ်သည် လက်ရှိတွင် ပြတ်တောက်နေပြီး ဓာတ်အားပြန်လည်ရရှိရေးသည် စစ်ပြီးခေတ်

Continue Reading
စစ်တွေမြို့အနီး လက်နက်ကြီးသံများကြားနေရ
စစ်ရေး သတင်း
1 min read
139

စစ်တွေမြို့အနီး လက်နက်ကြီးသံများကြားနေရ

ဩဂုတ် ၂၉ - ၂၀၂၄
0

(သတင်းတို) ရခိုင်ပြည် စစ်တွေမြို့အနီး ဝါဘိုကျေးရွာနှင့် အမြင့်ကျွန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် AA တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၈ ရက် ည ၈ နာရီကစပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေပြီး စစ်ကောင်စီ နေဗီများက လက်နက်ကြီး အများအပြား ပစ်ခတ်နေသည်ဟု အသက် ၄၀ အရွယ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ” မနေ့ည ၈ နာရီကတည်းက ဖြစ်နေကြတာပါ။ နံနက် ၃ နာရီလောက်မှာ ရပ်သွားကြတယ်။ အခု ဒီနေ့ ညနေ ၄ နာရီစပြီး ပြန်ပစ်ခတ်နေကြတယ်။ ထိုးစစ်တွေကြောင့် ဖြစ်တာမဟုတ်ဘဲ နေဗီတွေက အရမ်းကပ်လာလို့

Continue Reading
စစ်တွေက တိုက်ပွဲကြောင့် ရသေ့တောင်မှာ ထိခိုက်သေဆုံးမှုများရှိနေ
စစ်ရေး သတင်း
1 min read
210

စစ်တွေက တိုက်ပွဲကြောင့် ရသေ့တောင်မှာ ထိခိုက်သေဆုံးမှုများရှိနေ

ဩဂုတ် ၂၉ - ၂၀၂၄
0

(အမြင့်ကျွန်းနှင့် ဝါဘိုကျေးရွာအနီးတွင် ယခုအချိန်အထိ လက်နက်ကြီးသံများကြားနေရဆဲဖြစ်) ရခိုင်ပြည် စစ်တွေမြို့နှင့် ၄ မိုင်ခန့်အကွာမှာရှိသော ဝါဘိုကျေးရွာအနီးနှင့် အမြင့်ကျွန်းကျေးရွာအနီးမှာ နှစ်ဖက်ပစ်ခတ်သံများ ယမန်နေ့ ဩဂုတ်လ ၂၈ ရက် ည ၈ နာရီကတည်းက ကြားနေရသည်ဟု ဒေသခံများထံမှ သိရသည်။ စစ်တွေမြို့က စစ်ကောင်စီတပ်ရင်းများကို အာရက္ခတပ်တော် AA က ဝိုင်းရံထားပြီဖြစ်ကြောင်း ပြီးခဲ့သည့်လက AA မှ ထုတ်ပြန်ကြေညာထားသည်။ အာဏာသိမ်း စစ်ကောင်စီကလည်း စစ်တွေမြို့အနီးအနားက ရခိုင်ကျေးရွာ ၁၂ ရွာထက်မနည်းမှ ကျေးရွာသားများကို ရွာလုံးကျွတ် ရွှေ့ပြောင်းခိုင်းထားသည်မှာ ဇူလိုင်လကတည်းက ဖြစ်သည်။ အမြင့်ကျွန်းကျေးရွာအနီးတွင် စစ်ကောင်စီ ရေတပ်က စစ်သင်္ဘောများရှိနေပြီး ဝါဘိုကျေးရွာအနီးက ရွှေမင်းဂံဆိပ်ကမ်းမှာလည်း ဇက်/နေဗီ စစ်သင်္ဘောများရှိနေသည်။

Continue Reading
အလုပ်သမားအချက်အလက် ကောက်ယူနေသည့် စစ်ကောင်စီကို ILO ပုဒ်မ ၃၃ ဖြင့် အရေးယူရေး တောင်းဆို
နိုင်ငံရေး သတင်း
1 min read
72

အလုပ်သမားအချက်အလက် ကောက်ယူနေသည့် စစ်ကောင်စီကို ILO ပုဒ်မ ၃၃ ဖြင့် အရေးယူရေး တောင်းဆို

ဩဂုတ် ၂၉ - ၂၀၂၄
0

အာဏာသိမ်း စစ်ကောင်စီသည် အလုပ်သမား သတင်းအချက်အလက်များကို ကောက်ယူနေသည့်အတွက် ပြည်တွင်း ပြည်ပမှ အထည်ချုပ်အလုပ်သမားများက မြန်မာစစ်တပ် (စစ်ကောင်စီ) ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ပုဒ်မ ၃၃ အရ အရေးယူပေးရန် တောင်းဆိုနေကြသည်။ လက်ရှိ မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းခွင်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ဖြင့် ခြိမ်းခြောက် ဖိနှိပ်ခံရခြင်းနှင့် စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီက ၂၀၂၄ ခုနှစ် သြဂုတ်လအတွင်း အလုပ်သမားများ၏ သတင်းအချက်အလက်များကို ကောက်ခံနေသည်။ အလုပ်သမားများအား အဓမ္မ စစ်မှုထမ်းခိုင်းခြင်း၊ အခြေခံ အထည်ချုပ် အလုပ်သမားများနှင့် ပြည်သူများအပေါ်တွင် အကြောက်တရားဖြင့် ဖိနိုပ်အုပ်ချုပ်နေသည့် အာဏာရှင်စစ်တပ်ကို ILO က ပုဒ်မ (၃၃) အရ အရေးယူပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။

Continue Reading
စစ်ကောင်စီ ATR လေယာဉ်အသုံးပြုနိုင်ရေး ကူညီပေးသည့် ကုမ္ပဏီကွန်ရက်ကို JFM ဖော်ထုတ်
စစ်ရေး သတင်း
1 min read
110

စစ်ကောင်စီ ATR လေယာဉ်အသုံးပြုနိုင်ရေး ကူညီပေးသည့် ကုမ္ပဏီကွန်ရက်ကို JFM ဖော်ထုတ်

ဩဂုတ် ၂၉ - ၂၀၂၄
0

မြန်မာစစ်အုပ်စု (စစ်ကောင်စီ) က ATR လေယာဉ်များအသုံးပြုနိုင်ရေး ကူညီပေးနေသည့် ကမ္ဘာတဝန်းကုမ္ပဏီကွန်ရက်ကို Justice For Myanmar (JFM)မှ ဖော်ထုတ်လိုက်ပြီး နိုင်ငံတကာက အရေးယူပိတ်ဆို့ရန် တောင်းဆိုသည်။ ၂၀၁၃ ခုနှစ်မှစ၍ ပြင်သစ်နိုင်ငံထုတ် Avions de Transport Regional (ATR) လေယာဉ် အနည်းဆုံး ၁၀ စီးကို မြန်မာစစ်အုပ်စုက ဝယ်ယူအသုံးပြုနိုင်ရန် ကူညီပေးခဲ့ကြသည့် ကမ္ဘာတဝန်းမှ ကုမ္ပဏီများပါဝင်သော ကွန်ရက်တစ်ခုကို ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။ စစ်အုပ်စုက နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ရာတွင် ၎င်းတို့အသုံးပြုသည့် စစ်သည်များနှင့် စစ်လက်နက်များကို သယ်ဆောင်ရာတွင် လည်းကောင်း၊ ဝေဟင်ထောက်လှမ်းရေးနှင့် ကင်းထောက်လုပ်ငန်းများအတွက်လည်းကောင်း အဆိုပါလေယာဉ်များကို အသုံးပြုနေကြောင်း သိရှိရသည်။ နိုင်ငံတကာကုမ္ပဏီများ၊ ပုဂ္ဂလိကစစ်လက်နက်ပွဲစားများနှင့် စီးပွားရေးလေကြောင်းလိုင်းများသည်

Continue Reading
သတင်းသမားတွေကို စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့တွေမှာ စစ်ခုံရုံးပို့ပြီး အမှုစီရင်နေတယ်
နိုင်ငံရေး သတင်း
1 min read
92

သတင်းသမားတွေကို စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့တွေမှာ စစ်ခုံရုံးပို့ပြီး အမှုစီရင်နေတယ်

ဩဂုတ် ၂၉ - ၂၀၂၄
0

အာဏာသိမ်း စစ်ကောင်စီက သတင်းသမားတွေကို ဖမ်းဆီး သတ်ဖြတ်၊ ထောင်ချတာတွေကို ဆက်တိုက်ပြုလုပ်လာတဲ့အပေါ်မှာ ဝါရင့်သတင်းစာဆရာ ဦးမြင့်ကျော်နဲ့ မေးမြန်ချက် အပြည့်အစုံဖြစ်ပါတယ်။ပြည်ထဲမှာရှိတဲ့ သတင်းသမားတွေအနေနဲ့ စစ်ကောင်စီရဲ့ အန္တရာယ်တွေကို အထူးအလေးထား ဂရုစိုက်ရမယ်လို့ ဦးမြင့်ကျော်က တိုက်တွန်းထားပါတယ်။

Continue Reading
စစ်တွေမှာ နေအိမ်ဖောက်ထွင်းခံရမှု ပိုမိုဆိုးရွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ALP တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေ
ရုပ်သံ သတင်း
1 min read
150

စစ်တွေမှာ နေအိမ်ဖောက်ထွင်းခံရမှု ပိုမိုဆိုးရွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ALP တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေ

ဩဂုတ် ၂၉ - ၂၀၂၄
0

စစ်ကောင်စီအုပ်စိုးထားတဲ့ ရခိုင်ပြည် စစ်တွေမြို့မှာ နေအိမ်တွေဟာ ဖောက်ထွင်းခံရမှု ပိုများပြားလာပြီး တန်ဖိုးရှိပစ္စည်းတွေ နေ့စဉ်နဲ့အမျှ ပျောက်ဆုံးနေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဖောက်ထွင်းခံရတဲ့ရပ်ကွက်တွေက မင်းဂံ၊ စက်ရုံစု၊ ကုန်တန်း၊ ကျည်းပင်တန်း၊ ရွှေပြား၊ ဓညဝတီ၊ ကသဲရပ်ကွက်စတဲ့ နေရာတွေဖြစ်ပြီး စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးမှုတွေမရှိဘူးလို့ မြို့ခံတစ်ဦးက ဆိုပါတယ်။ ဖောက်ထွင်းခိုးယူသူတွေဟာ တန်ဖိုးရှိပစ္စည်းတွေယူဖို့ နေအိမ်ကိုပါ ဖျက်ဆီးပစ်ကြတယ်လို့ အခုရက်ပိုင်းအတွင်း ရေခဲသေတ္တာ အခိုးခံလိုက်ရတဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ဆိုပါတယ်။ ပစ္စည်းခိုးယူသူတွေဟာ အုပ်စုဖွဲ့တွေဖြစ်ကြပြီး တစ်ဖွဲ့မှာ သုံးယောက်ကနေ ၆ ယောက် ၈ ယောက်အထိရှိကာ အဲဒီအထဲမှာ ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ALP တပ်ဖွဲ့ဝင်တွေနဲ့

Continue Reading