စစ်တွေမြို့အနီးမှာ တိုက်ပွဲစတင်ဖြစ်ပွား
စစ်ရေး ရုပ်သံ သတင်း
1 min read
287

စစ်တွေမြို့အနီးမှာ တိုက်ပွဲစတင်ဖြစ်ပွား

ဩဂုတ် ၃၀ - ၂၀၂၄
0

(နေဗီက ပစ်ခတ်သော လက်နက်ကြီးကြောင့် ရသေ့တောင်မှာ အရပ်သား ၂ ဦးသေဆုံး) ရခိုင်ပြည် စစ်တွေမြို့နဲ့ ၄ မိုင်ခန့်ကွာတဲ့ ဝါဘိုကျေးရွာအနီးနဲ့ အမြင့်ကျွန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ AA တပ်တို့ နှစ်ဖက်ပစ်ခတ်သံတွေ ဩဂုတ်လ ၂၈ ရက်နေ့ ည ၈ နာရီကစပြီး ကြားနေရပါတယ်။ အမြင့်ကျွန်းကျေးရွာနဲ့ ရသေ့တောင် မိုးစဲကျွန်း ကြားက မြစ်အလယ်မှာ စစ်ကောင်စီ စစ်သင်္ဘော အနည်းဆုံး နှစ်စီး သွားလာနေပြီး အဲဒီစစ်သင်္ဘောတွေနဲ့ AA တပ်တို့က အပြန်အလှန်ပစ်ခတ်နေကြတာပါ။ ဝါဘိုကျေးရွာအနီးမှာရှိတဲ့ ရွှေမင်းဂံဆိပ်ကမ်းမှာလည်း တပ်စခန်းနဲ့ နေဗီစစ်သင်္ဘောတွေရှိနေပြီး အဲဒီတပ်ဖွဲ့ဝင်တွေနဲ့ AA တပ်ဖွဲ့ဝင်တွေ အပြန်အလှန်ပစ်ခတ်နေကြပါတယ်။ Western News-WN

Continue Reading
ကော်သူးလေ လက်နက်တိုက်စခန်းကို KNU သိမ်း
စစ်ရေး သတင်း
1 min read
61

ကော်သူးလေ လက်နက်တိုက်စခန်းကို KNU သိမ်း

ဩဂုတ် ၃၀ - ၂၀၂၄
0

ထိုင်း-မြန်မာနယ်စပ် ကော်သူးလေ (KTLA) ၏ လက်နက်တိုက်စခန်းတစ်ခုကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။ ဩဂုတ်လ ၂၈ ရက် နေ့လယ် ၁ နာရီအချိန်ခန့်က ခဲမခီးကျေးရွာအနီး ကော်သူးလေ၏ လက်နက်တိုက်ကို KNU တပ်မဟာ ၄ က အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ကော်သူးလေတပ်မှ အထူးကွန်မန်ဒိုတပ်ရင်းမှူး ဗိုလ်စလုံးက ပြောဆိုထားသည်။ ဗိုလ်စလုံးသည် ကော်သူးလေ (KTLA) ၏ အထူးကွန်မန်ဒိုတပ်ရင်းမှူးဖြစ်ပြီး ရာထူးအား တစ်နှစ် ယာယီရပ်ဆိုင်းခံထားရသူဖြစ်သည်။ ဗိုလ်စလုံးက “လူအင်အားမမျှလို့ KTLA တပ်ဖွဲ့က နောက်ဆုတ်ပေးခဲ့ရတယ်။ ထိခိုက်မှုကတော့မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့

Continue Reading
ချင်းမျိုးနွယ်စုဝင် ခူမီး ၅ ဦးကို AA ပြန်လွှတ်ပေး
စစ်ရေး သတင်း
1 min read
82

ချင်းမျိုးနွယ်စုဝင် ခူမီး ၅ ဦးကို AA ပြန်လွှတ်ပေး

ဩဂုတ် ၃၀ - ၂၀၂၄
0

(ချင်းလူမျိုးဖြစ်၍ ဖမ်းဆီးထားခြင်းမဟုတ်ကြောင်း AA ပြောခွင့်ရပြော) စစ်ကောင်စီကို သတင်းပေးသည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းထားသော ချင်းမျိုးနွယ်စုဝင် ခူမီး အမျိုးသား ၅ ဦးကို အာရက္ခတပ်တော် AA က ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ချင်းသတင်းဌာန ခိုနူမ်းသုန်က ယနေ့ ဩဂုတ်လ ၃၀ ရက်တွင် ဖော်ပြထားသည်။ ULA/AA က ပလက်ဝဒေသခံ ချင်းမျိုးနွယ်စုဝင် အရပ်သား ၁၅ ဦးကို ဖမ်းဆီးထားကြောင်း ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) က ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်ပြောဆိုခဲ့သည်။ ယင်းအထဲက ခူမီးအမျိုးသား ၅ ဦးကို IKACC/PC နှင့်

Continue Reading
တိုက်ပွဲရပ်ဖို့ TNLA ကို တရုတ်က သတိပေးနေ
စစ်ရေး သတင်း
1 min read
51

တိုက်ပွဲရပ်ဖို့ TNLA ကို တရုတ်က သတိပေးနေ

ဩဂုတ် ၃၀ - ၂၀၂၄
0

(တိုက်ပွဲများချက်ချင်းမရပ်ပါက TNLA ကို ဆုံးမမည်ဟု တရုတ်ခြိမ်းခြောက်) တရုတ်-မြန်မာနယ်စပ် ရှမ်းပြည် မြောက်ပိုင်းတွင် စစ်အာဏာရှင်တော်လှန်နေသော တအောင်းတပ် TNLA ကို တိုက်ပွဲများ ချက်ချင်းရပ်တန့်ရေး တရုတ်ပြည် ရွှေလီမြို့နိုင်ငံတော်လုံခြုံရေးကော်မတီက ခြိမ်းခြောက်သတိပေးစာတစ်စောင် ယမန်နေ့ ဩဂုတ်လ ၂၉ ရက်စွဲဖြင့် ပေးပို့ထားကြောင်း သိရသည်။ တရုတ်၏ သတိပေးစာကို တအောင်းတပ် TNLA ပြောခွင့်ရက မီဒီယာအချို့ကို အတည်ပြုထားပြီး Western News ကလည်း ဆက်သွယ်နေဆဲဖြစ်သည်။ တရုတ်၏ သတိပေးစာမှာ တရုတ်-မြန်မာနယ်စပ်ဒေသများတွင် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန်အတွက် တိုက်ပွဲရပ်ပြီး ပူးပေါင်းဆောင်ရွက်ပေးရန် TNLA ကို ပြောဆိုထားသည်။ယင်းအပြင် နယ်စပ်ရှိ မြန်မာပြည်အတွင်း တရုတ်နိုင်ငံသားများ၊ လုပ်ငန်းများနှင့် ပစ္စည်းဥစ္စာလုံခြုံရေးကို ထိခိုက်စေသည့်

Continue Reading
မန္တလေးမှာ ဆန္ဒပြသူထဲ ပေါက်မြို့က ပျူစောထီးများပါဝင်
နိုင်ငံရေး သတင်း
1 min read
45

မန္တလေးမှာ ဆန္ဒပြသူထဲ ပေါက်မြို့က ပျူစောထီးများပါဝင်

ဩဂုတ် ၃၀ - ၂၀၂၄
0

မန္တလေးမြို့မှာ စစ်ကောင်စီထောက်ခံသူများ ဦးဆောင်သော စစ်မဖြစ်ရေးဆန္ဒပြသူများထဲတွင် ပခုက္ကူမြို့နယ်နှင့် ပေါက်မြို့နယ်မှ ပျူစောထီး အများအပြားပါဝင်ကြောင်း ဒေသခံပြည်သူများကပြောသည်။ ယမန်နေ့ ဩဂုတ်လ ၂၉ ရက်ကစပြီး မန္တလေးမြို့ပေါ်တွင် စစ်တပ်ထောက်ခံသူများနှင့် စစ်တပ်လော်ဘီများ အပါအဝင် စုစုပေါင်း လူအင်အား ၂၀၀ ကျော်က စစ်မဖြစ်ရေး ဆန္ဒပြသည်ဟုဆိုကာ မော်တော်ယာဉ်များဖြင့် လှည့်လည်ခြင်း၊ လမ်းလျှောက်ချီတက်ကြွေးကြော်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ယင်းသို့ စစ်ပွဲမဖြစ်ပွားရေး ဆန္ဒပြသူများတွင် မန္တလေးမြို့ခံများပါဝင်မှု အလွန်နည်းပါးပြီး ပါဝင်သူများမှာ မျက်နှာစိမ်းများဖြစ်ကြောင်း မန္တလေးမြို့မှ ပြည်သူတစ်ဦးက ပြောသည်။ “ဆန္ဒပြသူတွေက မန္တလေးမြို့ပေါ်ကလူတွေ အားလုံးတော့မဟုတ်ဘူး။ မန္တလေးမှာ စစ်ပွဲမဖြစ်ရေးဆိုပြီး မန္တလေးမြို့ခံမဟုတ်တဲ့သူတွေ လုပ်တဲ့ဆန္ဒပြပွဲပေါ့” ဟု ပြောသည်။ ဆန္ဒပြပွဲမှဓာတ်ပုံများကို ရယူ၍ မဘသ ကွန်ရက်နှင့်

Continue Reading
နောင်ချိုက စစ်ကောင်စီ တပ်စခန်း နှစ်ခုကို တအောင်းတပ် သိမ်းပိုက်
စစ်ရေး သတင်း
1 min read
46

နောင်ချိုက စစ်ကောင်စီ တပ်စခန်း နှစ်ခုကို တအောင်းတပ် သိမ်းပိုက်

ဩဂုတ် ၃၀ - ၂၀၂၄
0

ရှမ်းပြည်နယ်မြောက်ပိုင်း တအောင်းဒေသ နောင်ချိုမြို့နယ်က စစ်ကောင်စီ၏ အမတ ၄၀၆ နှင့် အမတ ၂၀၆ တို့ကို ဩဂုတ်လ ၂၈ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း တအောင်းတပ် TNLA က ဩဂုတ် ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါ တပ်စခန်းနှစ်ခုမှာ နောင်ချိုမြို့နယ်၏ တောင်ခမ်းကျေးရွာတွင်ရှိကြောင်း TNLA က ဆိုသည်။ ဆက်လက်ပြီး သြဂုတ်လ ၂၉ ရက်နေ့တွင်လည်း တောင်ခမ်းရွာရှိ စစ်ကောင်စီ (၉၀၂) တပ်စခန်း၊ ၃၄၅ တပ်စခန်းအနီးတဝိုက်နှင့် မကျီးရေရွာဘုန်းကြီးကျောင်းတို့တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားလျက်ရှိသော တောင်ခမ်းရွာ၌ စစ်ကောင်စီ (၉၀၂)

Continue Reading
သံတွဲမှာ AA ကယ်လာသည့် အရပ်သားကားယာဉ်တန်း ဗုံးကြဲတိုက်ခိုက်ခံရ
စစ်ရေး သတင်း
1 min read
140

သံတွဲမှာ AA ကယ်လာသည့် အရပ်သားကားယာဉ်တန်း ဗုံးကြဲတိုက်ခိုက်ခံရ

ဩဂုတ် ၃၀ - ၂၀၂၄
0

(အရပ်သား ၃၀ ကျော်သေဆုံးပြီး AA တပ်သားအချို့လည်းသေဆုံးဟုဆို) ရခိုင်ပြည် သံတွဲမြို့နယ်မှာ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များက တိုက်ပွဲဧရိယာအတွင်း ပိတ်မိနေသော အရပ်သားပြည်သူများကို ကယ်ထုတ်လာသည့် ယာဉ်တန်း ဩဂုတ်လ ၂၇ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း စုံစမ်းသိရသည်။ တိုက်ပွဲပြင်းထန်နေသည့် မောင်ရွှေလေးရေတပ်အနီးက မော်ရုံကျေးရွာနှင့် ကျောက်ကလပ်ကျေးရွာက အရပ်သားများကို ကား ၃ စီးဖြင့် ကယ်ထုတ်လာစဉ် လမ်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖြစ်စဉ်သိသည့် လူငယ်အမျိုးသားတစ်ဦးက ပြောသည်။ ” မော်ရုံနဲ့ ကျောက်ကလပ်က ရွာသားတွေ တိုက်ပွဲအတွင်းမှာ ထွက်မရောက်နိုင်လို့ AA တပ်ဖွဲ့ဝင်တွေက ကား ၃ စီးနဲ့ သွားကယ်ထုတ်လာတာ။ လမ်းမှာ ဗုံးကြဲခံရတယ်။

Continue Reading
မီးမမှန်ဘဲ လျှပ်စစ်မီတာခများကို နှစ်ဆအထိ စစ်ကောင်စီ တိုးမြှင့်
စီးပွားရေး သတင်း
0 min read
76

မီးမမှန်ဘဲ လျှပ်စစ်မီတာခများကို နှစ်ဆအထိ စစ်ကောင်စီ တိုးမြှင့်

ဩဂုတ် ၃၀ - ၂၀၂၄
0

အာဏာသိမ်း စစ်ကောင်စီက အိမ်သုံးနှင့် လုပ်ငန်းသုံးလျှပ်စစ်မီတာခများကို လာမည့် စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ၂ ဆမှ ၃ ဆနီးပါးအထိ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ယနေ့ ဩဂုတ်လ ၃၀ ရက်တွင် တရားဝင် သတင်းထုတ်ပြန်သည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစရိတ်များ နှစ်အလိုက် မြင့်မားလာသဖြင့် ဓာတ်အားခနှုန်းထားများကို တိုးမြှင့်ကောက်ခံခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။ စစ်ကောင်စီက တိုးမြှင့်ကောက်ခံသည့် လျှပ်စစ်မီတာခများမှာ အိမ်သုံးအမျိုးအစားအတွက် ဓာတ်အားခ ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်၊

Continue Reading
ပုဏ္ဏားကျွန်းမှာ အရေပြားရောဂါဖြစ်ပွားသူ ၂၀၀ ကျော်အထိရှိလာ
ကျန်းမာရေး ဓါတ်ပုံသတင်း သတင်း
1 min read
81

ပုဏ္ဏားကျွန်းမှာ အရေပြားရောဂါဖြစ်ပွားသူ ၂၀၀ ကျော်အထိရှိလာ

ဩဂုတ် ၃၀ - ၂၀၂၄
0

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်များနှင့် အရပ်သားပြည်သူများမှာ ပတ်ဝန်းကျင် မသန့်ရှင်းခြင်းနှင့် သောက်သုံးရေ မသန့်ရှင်းမှုများကြောင့် အရေပြားရောဂါဖြစ်ပွားသူ ၂၀၀ ကျော်အထိ တိုးလာနေကြောင်း လင်းရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူများက ပြောသည်။ မိုးဦးကာလ ဇွန်လအတွင်း အရေပြားရောဂါဖြစ်ပွားသူ တစ်ဦးစ၊ နှစ်ဦးစ ရှိခဲ့သော်လည်း လက်ရှိတွင် ကလေး၊ လူငယ်၊ လူကြီးစသဖြင့် ရောဂါဖြစ်ပွားနေသူ တိုးလာနေပြီး ကလေးအရေအတွက် ပိုများပြားသည်ဟု လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် အသက် ၂၅ နှစ်ကျော်အရွယ် လူငယ်တစ်ဦးကဆိုသည်။ “အရေပြားရောဂါမှာ သက်သာမှုမရှိဘဲ ပိုပြီးပျံ့နှံ့လာတာဟာ စစ်ရှောင်စခန်းတွေမှာ ကျပ်ကျပ်တည်းတည်း နေထိုင်ရတာရယ်၊ ထိတွေ့မှုများတာတွေနဲ့ စနစ်တကျ ကုသမှုတွေ မလုပ်နိုင်ကြတာကြောင့် ဖြစ်ပါတယ် ” ဟုလည်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

Continue Reading
မွတ်ဆလင်များ အပါအဝင် အရပ်သားပြည်သူ ၂၆,၀၀၀ နီးပါးကို AA ကယ်ထုတ် စောင့်ရှောက်ထား
စစ်ရေး သတင်း
1 min read
52

မွတ်ဆလင်များ အပါအဝင် အရပ်သားပြည်သူ ၂၆,၀၀၀ နီးပါးကို AA ကယ်ထုတ် စောင့်ရှောက်ထား

ဩဂုတ် ၃၀ - ၂၀၂၄
0

ရခိုင်ပြည် မောင်တောမြို့တွင် လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံထားရသော မွတ်ဆလင်များအပါအဝင် အရပ်သားပြည်သူ ၂၆,၀၀၀ နီးပါးကို အာရက္ခတပ်တော် AA က ကယ်ထုတ်စောင့်ရှောက်ထားကြောင်း သိရသည်။ အဆိုပါ အရပ်သားပြည်သူများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင်အကြမ်းဖက် လက်နက်ကိုင်များမှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားသော အပြစ်မဲ့အရပ်သားများဖြစ်သည်ဟု AA က ယမန်နေ့ ဩဂုတ်လ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။ အပြစ်မဲ့အရပ်သားပြည်သူများကို တိုက်ပွဲအတွင်း ကယ်ထုတ်ထားခြင်းဖြစ်ပြီး လက်ရှိတွင် ဘေးကင်းရာနေရာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို AA က ဆောင်ရွက်ပေးနေကြောင်း သိရသည်။ ဩဂုတ်လ ၂၉ ရက်နေ့က မောင်တောမြို့နယ် ကံပြင်သာစည် (ရခိုင်) ရွာက အရပ်သား ၂၂ ဦး၊ ဟာဘီ (မူဆလင်)

Continue Reading