ရခိုင်စစ်ပွဲကြားမှာ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ပျောက်ဆုံးနေ
ဆောင်းပါး
1 min read
97

ရခိုင်စစ်ပွဲကြားမှာ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ပျောက်ဆုံးနေ

August 31, 2024
0

စစ်ပွဲတစ်ခုတွင် ပထဆုံး အမှန်တရားကျဆုံးတတ်သည်။ ယင်းဒဏ်ကို ပြည်သူများ ခံစားရပြီး ဒုက္ခရောက်ရဆုံးမှာ အမျိုးသမီးနှင့်၊ ကလေးသူငယ်များဟု ဆိုရလိမ့်မည်။ ကျောက်တော်- ပုဏ္ဏားကျွန်း အဝေးပြေး လမ်းမဘေးတွင် တာပေါ်လင်စ၊ ဓနိမိုး စသည်ဖြင့် အမိုးအကာ မလုံခြုံ သည့် ယာယီတဲအိမ် ရာနှင့်ချီ ရှိနေသည်။ ယင်းအထဲတွင် ဒေါ်သန်းသန်းနု တဲငယ်လည်းပါဝင်သည်။ “မိုးများတော့ နေရာထိုင်ခင်းလုံးဝ အဆင်မပြေဘူး။ မိုးရေ စိုစိုနဲ့ မအိပ်နိုင်တော့ဘဲ ငုတ်တုတ်ထိုင်နေရတယ်။ စား သောက်ရေးကလည်း အရမ်းကျပ်တည်းလာတယ်။ ထမင်းလျှော့စားရတဲ့ နေ့တွေတောင်ရှိတော့။ ကလေးတွေကို ပိုသနားမိတယ် ” ဟု အသက် ၃၈ နှစ်အရွယ် ဒေါ်သန်းသန်းနုက Western News ကို ပြောပြသည်။

Continue Reading
စစ်တွေမြို့ထဲ ညအချိန် စစ်ကောင်စီတပ်သားများ စစ်ကားယာဉ်တန်းနှင့်အတူ ခြေလျှင်တပ်သား ရာနှင့်ချီ လမ်းလျှောက်ကမ်းလှည့်လာ
စစ်ရေး သတင်း
1 min read
71

စစ်တွေမြို့ထဲ ညအချိန် စစ်ကောင်စီတပ်သားများ စစ်ကားယာဉ်တန်းနှင့်အတူ ခြေလျှင်တပ်သား ရာနှင့်ချီ လမ်းလျှောက်ကမ်းလှည့်လာ

August 31, 2024
0

ဩဂုတ်လ ၂၈ ရက်နေ့ညက စစ်တွေမြို့အနီး စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့ ညအချိန်တွင် စစ်ကား ၁၀ စီးနှင့်အတူ ခြေလျှင်တပ်သား ၁၀၀ ကျော် လမ်းလျှောက်ကမ်းလှည့်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယခင်က ရဲကား နှစ်စီး၊ စစ်ကောင်စီ ၄ စီးခန့်ဖြင့် စစ်တွေမြို့ထဲတွင် ညအချိန် ပုံမှန်လိုလို ကမ်းလှည့်ခဲ့သော်လည်း မြို့အနီးတိုက်ပွဲများကြောင့် အင်အားတိုးချဲ့ကာ ယမန်နေ့ကစ၍ ကမ်းလှည့်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။ ” အရင်က ပုံမှန်ပေါ့နော်။ ရဲကား နှစ်စီးလောက်၊ စစ်ကား ၄ စီးလောက်နဲ့ ကမ်းလှည့်ခဲ့တာ။ အခုက စစ်ကား

Continue Reading
ရခိုင်မှာ AA က စစ်ရေးအခြေအနေကောင်းနေဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော
စစ်ရေး သတင်း အင်တာဗျူး
1 min read
144

ရခိုင်မှာ AA က စစ်ရေးအခြေအနေကောင်းနေဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

August 31, 2024
0

(ကောက်နုတ်ချက်) ရခိုင်ပြည်မှာ စစ်ကောင်စီ ကင်းစင်ရေး ဆောင်ရွက်နေချိန် လက်ရှိတွင် အာရက္ခတပ်တော် AA ၏ စစ်ရေးအခြေအနေ ကောင်းနေသည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ ■ ရခိုင်ပြည်လွတ်မြောက်တော့မှာလား မေးခွန်းအပေါ်မှာ – ” ကျနော်တို့ ရခိုင်ပြည် လွတ်မြောက်တော့မှာလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးမှတော့ အချိန်ကာလအားဖြင့် မေးဖို့တော့ မလွယ်ပါဘူး။ အချိန်ကာလအားဖြင့် ပြောရတော့ ခက်တယ်။ သို့သော် အခြေအနေအပေါ်မှာ မူတည်ပြီးတော့မှ ပြောလို့တော့ ရတယ်။ ကျနော်တို့ ရခိုင်ပြည်ထဲမှာ စစ်ရေးအရတော့ တော်တော်လေးကို ကြိုးစားပြီးမှ တိုက်ပွဲဝင်နေတယ်။ အခြေအနေလေး တော်တော် ကောင်းတဲ့အနေအထားရှိပါတယ်။ စိန်ခေါ်မှုတော့ သူ့နေရာနဲ့သူ

Continue Reading
စစ်တွေမြို့အနီးမှာ တိုက်ပွဲစတင်ဖြစ်ပွား
စစ်ရေး ဗီဒီယိုသတင်း သတင်း
1 min read
275

စစ်တွေမြို့အနီးမှာ တိုက်ပွဲစတင်ဖြစ်ပွား

August 30, 2024
0

(နေဗီက ပစ်ခတ်သော လက်နက်ကြီးကြောင့် ရသေ့တောင်မှာ အရပ်သား ၂ ဦးသေဆုံး) ရခိုင်ပြည် စစ်တွေမြို့နဲ့ ၄ မိုင်ခန့်ကွာတဲ့ ဝါဘိုကျေးရွာအနီးနဲ့ အမြင့်ကျွန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ AA တပ်တို့ နှစ်ဖက်ပစ်ခတ်သံတွေ ဩဂုတ်လ ၂၈ ရက်နေ့ ည ၈ နာရီကစပြီး ကြားနေရပါတယ်။ အမြင့်ကျွန်းကျေးရွာနဲ့ ရသေ့တောင် မိုးစဲကျွန်း ကြားက မြစ်အလယ်မှာ စစ်ကောင်စီ စစ်သင်္ဘော အနည်းဆုံး နှစ်စီး သွားလာနေပြီး အဲဒီစစ်သင်္ဘောတွေနဲ့ AA တပ်တို့က အပြန်အလှန်ပစ်ခတ်နေကြတာပါ။ ဝါဘိုကျေးရွာအနီးမှာရှိတဲ့ ရွှေမင်းဂံဆိပ်ကမ်းမှာလည်း တပ်စခန်းနဲ့ နေဗီစစ်သင်္ဘောတွေရှိနေပြီး အဲဒီတပ်ဖွဲ့ဝင်တွေနဲ့ AA တပ်ဖွဲ့ဝင်တွေ အပြန်အလှန်ပစ်ခတ်နေကြပါတယ်။ Western News-WN

Continue Reading
ကော်သူးလေ လက်နက်တိုက်စခန်းကို KNU သိမ်း
စစ်ရေး သတင်း
1 min read
52

ကော်သူးလေ လက်နက်တိုက်စခန်းကို KNU သိမ်း

August 30, 2024
0

ထိုင်း-မြန်မာနယ်စပ် ကော်သူးလေ (KTLA) ၏ လက်နက်တိုက်စခန်းတစ်ခုကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။ ဩဂုတ်လ ၂၈ ရက် နေ့လယ် ၁ နာရီအချိန်ခန့်က ခဲမခီးကျေးရွာအနီး ကော်သူးလေ၏ လက်နက်တိုက်ကို KNU တပ်မဟာ ၄ က အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ကော်သူးလေတပ်မှ အထူးကွန်မန်ဒိုတပ်ရင်းမှူး ဗိုလ်စလုံးက ပြောဆိုထားသည်။ ဗိုလ်စလုံးသည် ကော်သူးလေ (KTLA) ၏ အထူးကွန်မန်ဒိုတပ်ရင်းမှူးဖြစ်ပြီး ရာထူးအား တစ်နှစ် ယာယီရပ်ဆိုင်းခံထားရသူဖြစ်သည်။ ဗိုလ်စလုံးက “လူအင်အားမမျှလို့ KTLA တပ်ဖွဲ့က နောက်ဆုတ်ပေးခဲ့ရတယ်။ ထိခိုက်မှုကတော့မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့

Continue Reading
ချင်းမျိုးနွယ်စုဝင် ခူမီး ၅ ဦးကို AA ပြန်လွှတ်ပေး
စစ်ရေး သတင်း
1 min read
61

ချင်းမျိုးနွယ်စုဝင် ခူမီး ၅ ဦးကို AA ပြန်လွှတ်ပေး

August 30, 2024
0

(ချင်းလူမျိုးဖြစ်၍ ဖမ်းဆီးထားခြင်းမဟုတ်ကြောင်း AA ပြောခွင့်ရပြော) စစ်ကောင်စီကို သတင်းပေးသည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းထားသော ချင်းမျိုးနွယ်စုဝင် ခူမီး အမျိုးသား ၅ ဦးကို အာရက္ခတပ်တော် AA က ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ချင်းသတင်းဌာန ခိုနူမ်းသုန်က ယနေ့ ဩဂုတ်လ ၃၀ ရက်တွင် ဖော်ပြထားသည်။ ULA/AA က ပလက်ဝဒေသခံ ချင်းမျိုးနွယ်စုဝင် အရပ်သား ၁၅ ဦးကို ဖမ်းဆီးထားကြောင်း ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) က ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်ပြောဆိုခဲ့သည်။ ယင်းအထဲက ခူမီးအမျိုးသား ၅ ဦးကို IKACC/PC နှင့်

Continue Reading
တိုက်ပွဲရပ်ဖို့ TNLA ကို တရုတ်က သတိပေးနေ
စစ်ရေး သတင်း
1 min read
44

တိုက်ပွဲရပ်ဖို့ TNLA ကို တရုတ်က သတိပေးနေ

August 30, 2024
0

(တိုက်ပွဲများချက်ချင်းမရပ်ပါက TNLA ကို ဆုံးမမည်ဟု တရုတ်ခြိမ်းခြောက်) တရုတ်-မြန်မာနယ်စပ် ရှမ်းပြည် မြောက်ပိုင်းတွင် စစ်အာဏာရှင်တော်လှန်နေသော တအောင်းတပ် TNLA ကို တိုက်ပွဲများ ချက်ချင်းရပ်တန့်ရေး တရုတ်ပြည် ရွှေလီမြို့နိုင်ငံတော်လုံခြုံရေးကော်မတီက ခြိမ်းခြောက်သတိပေးစာတစ်စောင် ယမန်နေ့ ဩဂုတ်လ ၂၉ ရက်စွဲဖြင့် ပေးပို့ထားကြောင်း သိရသည်။ တရုတ်၏ သတိပေးစာကို တအောင်းတပ် TNLA ပြောခွင့်ရက မီဒီယာအချို့ကို အတည်ပြုထားပြီး Western News ကလည်း ဆက်သွယ်နေဆဲဖြစ်သည်။ တရုတ်၏ သတိပေးစာမှာ တရုတ်-မြန်မာနယ်စပ်ဒေသများတွင် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန်အတွက် တိုက်ပွဲရပ်ပြီး ပူးပေါင်းဆောင်ရွက်ပေးရန် TNLA ကို ပြောဆိုထားသည်။ယင်းအပြင် နယ်စပ်ရှိ မြန်မာပြည်အတွင်း တရုတ်နိုင်ငံသားများ၊ လုပ်ငန်းများနှင့် ပစ္စည်းဥစ္စာလုံခြုံရေးကို ထိခိုက်စေသည့်

Continue Reading
မန္တလေးမှာ ဆန္ဒပြသူထဲ ပေါက်မြို့က ပျူစောထီးများပါဝင်
နိုင်ငံရေး သတင်း
1 min read
38

မန္တလေးမှာ ဆန္ဒပြသူထဲ ပေါက်မြို့က ပျူစောထီးများပါဝင်

August 30, 2024
0

မန္တလေးမြို့မှာ စစ်ကောင်စီထောက်ခံသူများ ဦးဆောင်သော စစ်မဖြစ်ရေးဆန္ဒပြသူများထဲတွင် ပခုက္ကူမြို့နယ်နှင့် ပေါက်မြို့နယ်မှ ပျူစောထီး အများအပြားပါဝင်ကြောင်း ဒေသခံပြည်သူများကပြောသည်။ ယမန်နေ့ ဩဂုတ်လ ၂၉ ရက်ကစပြီး မန္တလေးမြို့ပေါ်တွင် စစ်တပ်ထောက်ခံသူများနှင့် စစ်တပ်လော်ဘီများ အပါအဝင် စုစုပေါင်း လူအင်အား ၂၀၀ ကျော်က စစ်မဖြစ်ရေး ဆန္ဒပြသည်ဟုဆိုကာ မော်တော်ယာဉ်များဖြင့် လှည့်လည်ခြင်း၊ လမ်းလျှောက်ချီတက်ကြွေးကြော်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ယင်းသို့ စစ်ပွဲမဖြစ်ပွားရေး ဆန္ဒပြသူများတွင် မန္တလေးမြို့ခံများပါဝင်မှု အလွန်နည်းပါးပြီး ပါဝင်သူများမှာ မျက်နှာစိမ်းများဖြစ်ကြောင်း မန္တလေးမြို့မှ ပြည်သူတစ်ဦးက ပြောသည်။ “ဆန္ဒပြသူတွေက မန္တလေးမြို့ပေါ်ကလူတွေ အားလုံးတော့မဟုတ်ဘူး။ မန္တလေးမှာ စစ်ပွဲမဖြစ်ရေးဆိုပြီး မန္တလေးမြို့ခံမဟုတ်တဲ့သူတွေ လုပ်တဲ့ဆန္ဒပြပွဲပေါ့” ဟု ပြောသည်။ ဆန္ဒပြပွဲမှဓာတ်ပုံများကို ရယူ၍ မဘသ ကွန်ရက်နှင့်

Continue Reading
နောင်ချိုက စစ်ကောင်စီ တပ်စခန်း နှစ်ခုကို တအောင်းတပ် သိမ်းပိုက်
စစ်ရေး သတင်း
1 min read
39

နောင်ချိုက စစ်ကောင်စီ တပ်စခန်း နှစ်ခုကို တအောင်းတပ် သိမ်းပိုက်

August 30, 2024
0

ရှမ်းပြည်နယ်မြောက်ပိုင်း တအောင်းဒေသ နောင်ချိုမြို့နယ်က စစ်ကောင်စီ၏ အမတ ၄၀၆ နှင့် အမတ ၂၀၆ တို့ကို ဩဂုတ်လ ၂၈ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း တအောင်းတပ် TNLA က ဩဂုတ် ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါ တပ်စခန်းနှစ်ခုမှာ နောင်ချိုမြို့နယ်၏ တောင်ခမ်းကျေးရွာတွင်ရှိကြောင်း TNLA က ဆိုသည်။ ဆက်လက်ပြီး သြဂုတ်လ ၂၉ ရက်နေ့တွင်လည်း တောင်ခမ်းရွာရှိ စစ်ကောင်စီ (၉၀၂) တပ်စခန်း၊ ၃၄၅ တပ်စခန်းအနီးတဝိုက်နှင့် မကျီးရေရွာဘုန်းကြီးကျောင်းတို့တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားလျက်ရှိသော တောင်ခမ်းရွာ၌ စစ်ကောင်စီ (၉၀၂)

Continue Reading
သံတွဲမှာ AA ကယ်လာသည့် အရပ်သားကားယာဉ်တန်း ဗုံးကြဲတိုက်ခိုက်ခံရ
စစ်ရေး သတင်း
1 min read
128

သံတွဲမှာ AA ကယ်လာသည့် အရပ်သားကားယာဉ်တန်း ဗုံးကြဲတိုက်ခိုက်ခံရ

August 30, 2024
0

(အရပ်သား ၃၀ ကျော်သေဆုံးပြီး AA တပ်သားအချို့လည်းသေဆုံးဟုဆို) ရခိုင်ပြည် သံတွဲမြို့နယ်မှာ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များက တိုက်ပွဲဧရိယာအတွင်း ပိတ်မိနေသော အရပ်သားပြည်သူများကို ကယ်ထုတ်လာသည့် ယာဉ်တန်း ဩဂုတ်လ ၂၇ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း စုံစမ်းသိရသည်။ တိုက်ပွဲပြင်းထန်နေသည့် မောင်ရွှေလေးရေတပ်အနီးက မော်ရုံကျေးရွာနှင့် ကျောက်ကလပ်ကျေးရွာက အရပ်သားများကို ကား ၃ စီးဖြင့် ကယ်ထုတ်လာစဉ် လမ်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖြစ်စဉ်သိသည့် လူငယ်အမျိုးသားတစ်ဦးက ပြောသည်။ ” မော်ရုံနဲ့ ကျောက်ကလပ်က ရွာသားတွေ တိုက်ပွဲအတွင်းမှာ ထွက်မရောက်နိုင်လို့ AA တပ်ဖွဲ့ဝင်တွေက ကား ၃ စီးနဲ့ သွားကယ်ထုတ်လာတာ။ လမ်းမှာ ဗုံးကြဲခံရတယ်။

Continue Reading