စစ်ကောင်စီ ထန်တလန်မြို့စောင့်တပ်ကို ချင်းအစိုးရ သိမ်းပိုက်
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
53

စစ်ကောင်စီ ထန်တလန်မြို့စောင့်တပ်ကို ချင်းအစိုးရ သိမ်းပိုက်

ဩဂုတ် ၇ - ၂၀၂၄
0

(သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား ထုတ်ပြန်) (ဓါတ်ပုံသတင်း) ချင်းပြည်နယ် ထန်တလန်မြို့စောင့်တပ် စစ်ကောင်စီ၏ ခလရ ၂၆၉ တပ်စခန်းကုန်းကို ချင်းပြည်အစိုးရတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်လိုက်ပြီဟု CDF Htantlang တာဝန်ရှိသူက ပြောသည်။ ဩဂုတ်လ ၄ ရက် နံနက် ၄ နာရီခန့်က ထန်တလန်မြို့စောင့်တပ်ကို သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် CB ဘဏ်ဘက်သို့ ဆုတ်ခွာသွားကြောင်း သိရသည်။ “ အခု ထန်တလန်မြို့ကို သိမ်းပိုက်နိုင်တော့မှာ ဖြစ်တဲ့အတွက်ကြောင့် ချင်းပြည်တစ်ပြည်လုံး ကျနော်တို့ရဲ့ ပြည်သူလူထုလက်ထဲကို ရောက်ခါနီးပြီဆိုတဲ့အကြောင်း ပြည်သူလူထုတွေ ခွန်အားရအောင် ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။ ထန်တလန်မြို့သိမ်းတိုက်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့က

Continue Reading
နေပြည်တော်နှင့် ရန်ကုန်မှာ စစ်ကောင်စီက MNDAA ကို ဆန္ဒပြမည်
နိုင်ငံရေး သတင်း
1 min read
108

နေပြည်တော်နှင့် ရန်ကုန်မှာ စစ်ကောင်စီက MNDAA ကို ဆန္ဒပြမည်

ဩဂုတ် ၇ - ၂၀၂၄
0

နေပြည်တော်နှင့် ရန်ကုန်မြို့တွင် အာဏာသိမ်း စစ်ကောင်စီက ကိုးကန့်တပ် MNDAA ကို ဆန္ဒပြပွဲပြုလုပ်ရန် စီစဉ်ဆောင်ရွက်နေကြောင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း တိုင်းနှင့်ပြည်နယ်အသီးသီးကို ညွှန်ကြားထားကြောင်း သိရသည်။ မြန်မာစစ်တပ်၏ တပ်ချုပ် မင်းအောင်လှိုင် ယာယီသမ္မတဖြစ်ပြီး ရက်ပိုင်းအတွင်း ကိုးကန့်တပ် MNDAA ပူးပေါင်းတပ်ဖွဲ့က လားရှိုးမြို့နှင့် လားရှိုးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ခဲ့သည်။ လားရှိုးမြို့နှင့် တိုင်းစစ်ဌာနချုပ် လက်လွှတ်ဆုံးလိုက်ရ၍ မင်းအောင်လှိုင်၏ ညွှန်ကြားချက်ဖြင့် MNDAA ကို ဆန္ဒပြရန်နှင့် စစ်ကောင်စီ ထောက်ခံပွဲများပြုလုပ်ရန် ယနေ့ ဩဂုတ်လ ၆ နံနက် ပိုင်းက နေပြည်တော်နှင့် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် နေ့စားခရ လူများ၊ မဘသများ စုဝေးနေကြောင်း မြို့ခံများက ပြောသည်။ စစ်ခေါင်းဆောင်

Continue Reading
အမ်းမြို့နယ်က ပညာရေးဝန်ထမ်းများ ဇူလိုင်အတွက် လစာမရသေး
ပညာရေး သတင်း
0 min read
83

အမ်းမြို့နယ်က ပညာရေးဝန်ထမ်းများ ဇူလိုင်အတွက် လစာမရသေး

ဩဂုတ် ၇ - ၂၀၂၄
0

ရခိုင်ပြည် အမ်းမြို့နယ်က ပညာရေးဝန်ထမ်းများမှာ ကုန်ခဲ့သည့် ဇူလိုင်လအတွက် သတ်မှတ်လစာ မရရှိသေးကြောင်း ပညာရေးဝန်ထမ်းများက ပြောသည်။ ဇူလိုင်လအတွက် သတ်မှတ်လစာကို အမ်းမြို့နယ်ရှိ တခြားဌာနဆိုင်ရာဝန်ထမ်းများမှာ ရရှိပြီးဖြစ်သော်လည်း ပညာရေးဝန်ထမ်းများမှာ မရရှိသေးကြောင်း အမ်းမြို့နယ်မှ ကျောင်းဆရာတစ်ဦးက ပြောသည်။ ” ကျန်တဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ လစာရပြီးပါပြီ။ ပညာရေးဌာနက သူတွေပဲ မရတာ။ လစာက မရောက်သေးတာကြောင့် မရတာလို့ကြားတယ်။ ရတော့ရမယ်လို့ ပြောတာပဲ” ဟုပြောသည်။ လစာမှာ သတ်မှတ်ချိန်အတွင်း မရရှိသည့်အတွက် ဝန်ထမ်းများအနေဖြင့် အခက်ခဲများဖြစ်ပေါ်လျှက်ရှိသည်ဟု ပညာရေးဝန်ထမ်းများက ဆိုသည်။ “လစာ ရချိန်တန်လို့ မရသေးတော့ ခက်ခဲတာပေါ့။ တချို့ဆို လစာကိုပဲ မှီခိုပြီး စားသောက်နေကြရတာတွေ ရှိတယ်။ သူတို့အတွက်ဆို

Continue Reading
ကလေးငယ် ၆ ဦး အပါအဝင် မြန်မာရွှေ့ပြောင်း ၁၀ ဦး ထိုင်းတွင် ဖမ်းဆီးခံရ
စီးပွားရေး သတင်း
1 min read
52

ကလေးငယ် ၆ ဦး အပါအဝင် မြန်မာရွှေ့ပြောင်း ၁၀ ဦး ထိုင်းတွင် ဖမ်းဆီးခံရ

ဩဂုတ် ၇ - ၂၀၂၄
0

ထိုင်းနိုင်ငံ ရနောင်းခရိုင်ရှိ စစ်ဆေးရေး ဂိတ်တစ်ခုတွင် ဩဂုတ် ၆ ရက်နေ့က ထိုင်းအာဏာပိုင်း ပူးပေါင်းအဖွဲ့က ခရီးသည်ကားများ ရပ်တန့် စစ်ဆေးရာတွင် ကလေးငယ် ၆ဦး အပါအဝင် မြန်မာ ရွှေ့ပြောင်း ၁၀ ဦး ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့မှာ တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခံရခြင်းဖြစ်ပြီး ရနောင်းအခြေစိုက် ခြေမြန်တပ်မတပ်မဟာ ၂၅ မှ ယနေ့ ဩဂုတ် ၇ ရက်နေ့တွင် သတင်း ထုတ်ပြန်ချက် အရ သိရသည်။ ဖမ်းဆီးခံ မြန်မာရွှေ့ပြောင်း ၁၀ ဦး သည် မြန်မာနိုင်ငံ ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်မှ တဆင့် ပွဲစားဖြင့် တရားမဝင် ဝင်လာရာမှ ရနောင်း-ပရာဖျာခီရီခန်လိုင်း

Continue Reading
အင်အား ၁၂၀ ရှိတဲ့ ထန်တလန်မြို့စောင့်တပ်ကို ချင်းအစိုးရ သိမ်းပိုက် 
စစ်ရေး ရုပ်သံ သတင်း
1 min read
149

အင်အား ၁၂၀ ရှိတဲ့ ထန်တလန်မြို့စောင့်တပ်ကို ချင်းအစိုးရ သိမ်းပိုက် 

ဩဂုတ် ၆ - ၂၀၂၄
0

Continue Reading
စစ်တွေမြို့မှာ အရပ်သားတွေကို စစ်ကောင်စီက ဖမ်းချင်တိုင်းဖမ်းနေ
ရုပ်သံ သတင်း
1 min read
205

စစ်တွေမြို့မှာ အရပ်သားတွေကို စစ်ကောင်စီက ဖမ်းချင်တိုင်းဖမ်းနေ

ဩဂုတ် ၆ - ၂၀၂၄
0

(တကျော့ပြန်တိုက်ပွဲကာလ ဖမ်းဆီးခံရသူ စစ်တွေမှာ အရပ်သား ၁,၀၀၀ ကျော်ရှိလာ)

Continue Reading
မြောက်ကိုရီးယားက တောင်ပိုင်းနယ်စပ်တွင် ပဲ့ထိန်းဒုံးကျည် အစင်းရေ ၂၅၀ ကို ဖြန့်ကြက်ထား
စစ်ရေး သတင်း
1 min read
251

မြောက်ကိုရီးယားက တောင်ပိုင်းနယ်စပ်တွင် ပဲ့ထိန်းဒုံးကျည် အစင်းရေ ၂၅၀ ကို ဖြန့်ကြက်ထား

ဩဂုတ် ၆ - ၂၀၂၄
0

တောင်ကိုရီးယား၏ ဒုံးကျည်ကာကွယ်ရေးစွမ်းရည်ကို ဆိုးရွားစွာ ခြိမ်းခြောက်နိုင်သည့် တီထွင်မှုတစ်ခုဖြစ်သည့် ရှေ့တန်းစစ်ဘက်တွင် ပဲ့ထိန်းဒုံးကျည် အစင်းရေ ၂၅၀ ဖြန့်ကြက်ချထားမည်ဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြားထားသည်။ တောင်ကိုရီးယားနယ်စပ်သို့ ပို့မည့် ဒုံးကျည်များရွှေ့ပြောင်းရေးအခမ်းအနားကို မြောက်ကိုရီးယား မြို့တော် ပြုံယမ်း၌ ယမန်နေ့ ဩဂုတ်လ ၄ ရက်နေ့က ပြုလုပ်စဉ် ကင်ဂျုံအန်းက ယင်းကဲ့သို့ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ Korean Central News Agency က ဖော်ပြခဲ့သည်။ အဆိုပါ ဒုံးကျည်များသည် ခေတ်မီဆန်းသစ်သော စစ်နည်းဗျူဟာမြောက် တိုက်ခိုက်ရေးလက်နက်ဖြစ်ပြီး အမေရိကန်၏ နျူကလီးယား ခြိမ်းခြောက်မှုကို အဟန့်အတားဖြစ်စေသည့် လက်နက်အသစ်များဟု ကင်ဂျုံအန်းက ချီးကျူးပြောဆိုခဲ့သည်။ ” အမေရိကန်နှင့် ၎င်း၏

Continue Reading
AA က ရခိုင်လူမျိုးကို ဖျက်ဆီးနေဟု မင်းအောင်လှိုင် စွပ်စွဲပြောဆို
စစ်ရေး နိုင်ငံရေး သတင်း
1 min read
263

AA က ရခိုင်လူမျိုးကို ဖျက်ဆီးနေဟု မင်းအောင်လှိုင် စွပ်စွဲပြောဆို

ဩဂုတ် ၆ - ၂၀၂၄
0

(စစ်ကောင်စီက နယ်မြေ ပြန်လည်တည်ငြိမ်အေးချမ်းရန် ဆောင်ရွက်နေဟုဆို) အာရက္ခတပ်တော် AA အနေဖြင့် ကိုယ့်ရခိုင်လူမျိုးကို ကိုယ်ပြန်ဖျက်ဆီးနေကြောင်းနှင့် ရခိုင်ပြည် နယ်မြေ ပြန်လည်တည်ငြိမ်အေးချမ်းရန် ဆောင်ရွက်နေဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စွပ်စွဲပြောဆိုလိုက်သည်။ ယနေ့ ဩဂုတ်လ ၅ ရက်နေ့ ညနေ မိန့်ခွန်းကြားပြောရာတွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ “ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ မြို့ရွာတွေသာမက တည်ငြိမ်စွာ အေးချမ်းစွာ နေထိုင်လိုတဲ့ ရခိုင်ပြည်နယ် တောင်ပိုင်းရှိမြို့များကိုလည်း အပြင်းအထန် တိုက်ခိုက်လျက်ရှိတာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးသာ ၉၀ ရာခိုင်နှုန်း နေထိုင်တာကြောင့် AA အဖွဲ့ခေါင်းဆောင်များရဲ့ လုပ်ရပ်များဟာ ကိုယ့်လူမျိုးကို ကိုယ်ပြန်ဖျက်ဆီးနေသလို ဖြစ်နေတာလည်းတွေ့ရပါတယ်”

Continue Reading
ကွက်ခိုင်မြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် လေးကြိမ်တိုင် လာရောက်တိုက်ခိုက်
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
101

ကွက်ခိုင်မြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် လေးကြိမ်တိုင် လာရောက်တိုက်ခိုက်

ဩဂုတ် ၆ - ၂၀၂၄
0

(အရပ်သား ၅ ဦးသေဆုံးခဲ့ရပြီး ၄ ဦးပြင်းထန်ဒဏ်ရာရ) (ဓါတ်ပုံသတင်း) ရှမ်းမြောက် တအောင်းဒေသ ကွက်ခိုင်မြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီသည် ပေါင် ၅၀၀ ဗုံးဖြင့် ဂျက်တိုက်လေယာဉ်ဖြင့် လေးကြိမ်တိုင်လာရောက် တိုက်ခိုက်ခဲ့၍ အရပ်သား ၅ ဦးသေဆုံးခဲ့ရကာ ၄ ဦး ဒဏ်ရာပြင်းထန်သွားကြောင်း TNLA က ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ယနေ့ သြဂုတ် (၅)ရက်နေ့ ကွတ်ခိုင်မြို့တွင် စစ်ကောင်စီတပ်၏ ကင်းထောက်လေယာဉ်ပျံဝဲခဲ့ပြီးနောက် ညနေ(၃း၀၅)မိနစ်တွင် တစ်ကြိမ်၊ (၃း၁၁)မိနစ်တွင် တစ်ကြိမ်၊ (၃း၂၀)မိနစ်တွင် တစ်ကြိမ်၊ (၃း၃၀)အချိန်တွင်တစ်ကြိမ် လေကြောင်းမှတစ်ဆင့် ဖြတ်အားပြင်း လက်နက်အမျိုးအစားဖြစ်သည့် ပေါင်(၅၀၀)ဗုံး (၇)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA က ဆိုသည်။ ထိုကဲ့သို့

Continue Reading
စစ်တောင်းမြစ်တစ်ဝိုက်တွင် စစ်ပွဲစရန် KNU က ပြင်ဆင်နေဟု မင်းအောင်လှိုင်ပြော
စစ်ရေး သတင်း
1 min read
105

စစ်တောင်းမြစ်တစ်ဝိုက်တွင် စစ်ပွဲစရန် KNU က ပြင်ဆင်နေဟု မင်းအောင်လှိုင်ပြော

ဩဂုတ် ၆ - ၂၀၂၄
0

ကရင်အမျိုးသားအစည်းအရုံး KNU က စစ်တောင်းမြစ်တစ်ဝိုက်တွင် စစ်ပွဲသစ်စရန် ပြင်ဆင်နေသည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိမိကိုယ့်ကို သမ္မတ တင်‌မြောက်ပြီးနောက် နိုင်ငံ့လုံခြုံရေးနှင့်ပတ်သက်ပြီး ပထမဆုံး အကြိမ် ယနေ့ ပြောကြားချက်တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ” KNU တပ်မဟာ ၁, ၃ နဲ့ ၅ သုံးခုပူးပေါင်းပြီး စစ်တောင်းမြစ်တစ်ဝိုက်မှာ တိုက်ပွဲများ ဖော်ဆောင်နိုင်ဖို့အတွက် လက်ရှိ KNU ဥက္ကဌနဲ့ စစ်ဦးစီးချုပ်တို့က ပူးပေါင်းကြံစည်လျက်ရှိတယ်ဆိုတဲ့ သတင်းကိုလည်း ရရှိထားပါတယ်။ ” ဟု မင်းအောင်လှိုင်က ပြောသည်။ မြန်မာစစ်တပ် (စစ်ကောင်စီ) အား တိုက်ခိုက်ရန်လည်း PDF များကို လက်နက်တပ်ဆင်ပေးခြင်းနှင့်

Continue Reading