အရေးပေါ်ကာလ ထပ်တိုးခြင်းမှာ ပြည်သူ့သဘောထားနှင့် ဆန့်ကျင်နေဟု အမေရိကန်ပြော
နိုင်ငံရေး သတင်း
1 min read
81

အရေးပေါ်ကာလ ထပ်တိုးခြင်းမှာ ပြည်သူ့သဘောထားနှင့် ဆန့်ကျင်နေဟု အမေရိကန်ပြော

August 2, 2024
0

မြန်မာ စစ်အာဏာရှင်အဖွဲ့အစည်းဖြစ်သော စစ်ကောင်စီအနေဖြင့် အရေးပေါ်ကာလ နောက်ထပ် ၆ လ တိုးမြှင့်ခြင်းမှာ မြန်မာပြည်သူများ၏ ပြင်းပြသော ဆန္ဒသဘောထားများနှင့် ဆန့်ကျင်နေကြောင်း အမေရိကန်က ပြောဆိုလိုက်သည်။ စစ်ကောင်စီက ယမန်နေ့ ဇူလိုင်လ ၃၁ တွင် စစ်အာဏာသိမ်းကာလ သက်တမ်းတိုးလိုက်ပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ မက်သရူးမေလာ (Matthew Miller) က ယင်းကဲ့သို့ ထုတ်ပြန်ခဲ့သည်။ ” မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ အရေးပေါ်အခြေအနေ သက်တမ်းတိုးမှုသည် စစ်တပ်အုပ်ချုပ်မှုကို ပြင်းထန်စွာ ဆက်လက်ဆန့်ကျင်အတိုက်အခံပြုခြင်းအပါအဝင် မြန်မာပြည်သူများ၏ ပြင်းပြသောဆန္ဒသဘောထားများနှင့် ဆန့်ကျင်လျက်ရှိသည် ” ဟု ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းသော၊ အများပြည်သူသဘောထားကို ကိုယ်စားပြုသူများပါဝင်သော ဒီမိုကရေစီနည်းကျ အနာဂါတ်အတွက် လမ်းကြောင်းကိုဖော်ဆောင်ရာတွင်

Continue Reading
လားရှိုးလေဆိပ်အနီးက စစ်စခန်းကို MNDAA သိမ်းပိုက်
စစ်ရေး သတင်း
1 min read
82

လားရှိုးလေဆိပ်အနီးက စစ်စခန်းကို MNDAA သိမ်းပိုက်

August 2, 2024
0

ရှမ်းပြည် မြောက်ပိုင်းဒေသ လားရှိုးမြို့ လေဆိပ်အနီးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် စစ်စခန်းကို ကိုးကန့်တပ် MNDAA နှင့် မဟာမိတ်ပူးပေါင်းတပ်က ဇူလိုင်လ ၃၀ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ လားရှိုးလေဆိပ်၊ အနီးက စစ်စခန်းအပြင် ဇူလိုင်လ ၃၁ ရက်နေ့က လေဆိပ်အကျော် စစ်ကောင်စီ တပ်စွဲထားသော မြို့နယ်အားကစားကွင်းတို့ကိုလည်း ကိုးကန့်တပ်က သိမ်းပိုက်ခဲ့သည်။ ယင်း စစ်စခန်းများကို သိမ်းပိုက်ပြီးနောက် တစ်ပြိုင်တည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ဧည့်ရိပ်သာကိုလည်း MNDAA နှင့် မဟာမိတ်တပ်တို့က ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နေသည်။ စစ်ရေးသတင်းရင်းမြစ်က ” မြောက်ပိုင်းတပ်တွေက ၀ိုင်းပိတ်ဆို့ထားလို့ အထဲက စစ်သားရော ပြည်သူ့စစ်တွေရော လက်နက်တွေ ဝှက်ပြီး အရပ်ဝတ်တွေလဲပြီး ရသလို

Continue Reading
တရုတ်က မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်မှု ရပ်ဆိုင်းရေး ဩစတြေးလျရောက် မြန်မာများ ဆန္ဒပြတောင်းဆို
ဓါတ်ပုံသတင်း နိုင်ငံရေး သတင်း
0 min read
85

တရုတ်က မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်မှု ရပ်ဆိုင်းရေး ဩစတြေးလျရောက် မြန်မာများ ဆန္ဒပြတောင်းဆို

August 2, 2024
0

ဩစတြေးလျနိုင်ငံရှိ တရုတ် သံရုံးနှင့် မြန်မာ စစ်ကောင်စီ သံရုံးရှေ့တွင် ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့၌ ဆစ်ဒနီမြို့နှင့် ကင်ဘာရာ မြို့မှ မြန်မာလူထု တိုင်းရင်းသား ညီအကိုမောင်နှမများ ဦးဆောင်ကာ တရုတ်နိုင်ငံက မြန်မာ့နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်မှု ရပ်ဆိုင်းရေး ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သိရသည်။

Continue Reading
အာဏာသိမ်း စစ်ကောင်စီ အရေးပေါ်ကာလ နောက်ထပ် ၆ လ တိုးမြှင့်
နိုင်ငံရေး သတင်း
0 min read
85

အာဏာသိမ်း စစ်ကောင်စီ အရေးပေါ်ကာလ နောက်ထပ် ၆ လ တိုးမြှင့်

August 2, 2024
0

အာဏာသိမ်း စစ်ကောင်စီက လာမည့် ဩဂုတ်လ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ အရေးပေါ်ကာလ နောက်ထပ် ၆ လကို ယနေ့ ဇူလိုင်လ ၃၁ ရက်တွင် တိုးမြှင့် သတ်မှတ်လိုက်သည်။ ယနေ့ နေပြည်တော်တွင် ကျင်းပခဲ့သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၄)တွင် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ ဦးမြှင့်ဆွေနေရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေရာဝင်ယူ၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးက ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးက ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နယ်စပ်ရေးရာက ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ နစက အတွင်းရေးမှူး

Continue Reading
ညီနောင်မဟာမိတ် ၃ ဖွဲ့ကို ကရင်နီလူငယ်တွေနဲ့ မန္တလေး ကျန်းမာရေးမိသားစုက ဂုဏ်ပြုစာပေးပို့
စစ်ရေး ဗီဒီယိုသတင်း သတင်း
1 min read
208

ညီနောင်မဟာမိတ် ၃ ဖွဲ့ကို ကရင်နီလူငယ်တွေနဲ့ မန္တလေး ကျန်းမာရေးမိသားစုက ဂုဏ်ပြုစာပေးပို့

August 1, 2024
0

Continue Reading
လားရှိုးသို့ စစ်ကူလာသော စစ်ကောင်စီတပ် ကြားဖြတ် တိုက်ခိုက်ခံရပြီး သေဆုံးမှု များပြား
စစ်ရေး သတင်း
1 min read
85

လားရှိုးသို့ စစ်ကူလာသော စစ်ကောင်စီတပ် ကြားဖြတ် တိုက်ခိုက်ခံရပြီး သေဆုံးမှု များပြား

August 1, 2024
0

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်သို့ စစ်ကူသွားသော စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာမှု ရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်ထံမှ သိရသည်။ စစ်ကောင်စီတပ် စစ်ကြောင်းကို ဇူလိုင်လ ၃၀ ရက်နေ့ နံနက်အစောပိုင်း လားရှိုးမြို့နယ် မန်ပန်နှင့် ဟိုနားကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့ပြီး ကစဉ့်ကလျားဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။ စစ်ကောင်စီတပ် အင်အား ၃၀၀ ဝန်းကျင်က စစ်ကားကြီး ၁၅ စီးဖြင့် ဇူလိုင်လ ၂၉ ရက်နေ့ တန့်ယန်းမြို့နယ်မှ နမ့်မူဆယ်၊ နောင်လိုင်တို့ကို ဖြတ်သန်းပြီးလားရှိုးဘက်သို့ ထွက်သွားခဲ့အချိန်တွင် ကြားဖြတ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ တော်လှန်ရေး သတင်းရင်းမြစ်တချို့ထံမှ ပြောဆိုချက်မှာ

Continue Reading
ညီနောင်မဟာမိတ်ကို ကရင်နီလူငယ်များနှင့် မန္တလေး ကျန်းမာရေးမိသားစုက လေးစားဂုဏ်ပြု
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
213

ညီနောင်မဟာမိတ်ကို ကရင်နီလူငယ်များနှင့် မန္တလေး ကျန်းမာရေးမိသားစုက လေးစားဂုဏ်ပြု

August 1, 2024
0

စစ်အာဏာရှင်ဆန့်ကျင်ရေး ၁၀၂၇ စစ်ဆင်ရေးကို အရှိန်အဟုန်မပျက် ဆက်လက် တိုက်ခိုက်နေခြင်းနှင့် မြို့ပေါင်း၊ စခန်းပေါင်းများစွာကို သိမ်းပိုက်ကာ အောင်မြင်မှုရရှိနေသော ညီနောင်မဟာမိတ် (MNDAA, TNLA, AA) တို့ကို လေးစားဂုဏ်ပြု ထောက်ခံကြောင်း ကရင်နီလူငယ်များသမဂ္ဂနှင့် ကျန်းမာရေးမိသားစု (မန္တလေး) တို့က ထုတ်ပြန်ထားကြသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး၏ ကြိုးပမ်းမှုဖြင့် လက်ရှိ ရှမ်းမြောက်တွင် လားရှိုးမြို့အပါအဝင် မြို့ ၁၉ မြို့အား သိမ်းပိုက်ထားခြင်းနှင့် တစ်ပြိုင်နက် ပြည်သူ့အုပ်ချုပ်ရေးကို စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့သည့်အတွက် ညီနောင်မဟာမိတ်ကို မဟာဗျူဟာ ပြောင်မြောက်လှသည်ဟု ကရင်နီလူငယ်များသမဂ္ဂ (UKSY) မှ ဇူလိုင်လ ၃၀

Continue Reading
စစ်ကောင်စီကို ထောက်ပံ့ခြင်းနှင့် မြန်မာ့အရေး တရုတ်ဝင်စွက်ဖက်ခြင်း ရပ်တန့်ရေး ဗြိတိန်နှင့် အမေရိကန်ရောက် မြန်မာများ ဆန္ဒပြ
ဓါတ်ပုံသတင်း နိုင်ငံရေး သတင်း
1 min read
90

စစ်ကောင်စီကို ထောက်ပံ့ခြင်းနှင့် မြန်မာ့အရေး တရုတ်ဝင်စွက်ဖက်ခြင်း ရပ်တန့်ရေး ဗြိတိန်နှင့် အမေရိကန်ရောက် မြန်မာများ ဆန္ဒပြ

August 1, 2024
1

“ကိုယ်အိမ်ကိုယ်ပြန်တဲ့လမ်း ဘယ်သူမှ တားဆီးခွင့်မရှိ” ဟု ကြွေးကြော် စစ်ကောင်စီ (မြန်မာစစ်တပ်) ကို တရုတ်နိုင်ငံက ထောက်ခံနေခြင်းနှင့် မြန်မာ့နိုင်ငံရေးတွင် တရုတ်အစိုးရက ဝင်ရောက်စွက်ဖက်နေခြင်းများကို ရပ်ဆိုင်းရေး ဗြိတိန်နိုင်ငံရှိ တရုတ်သံရုံးနှင့် အမေရိကန်ပြည်ထောင်စုရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်ကိုယ်စားလှယ်ရုံးရှေ့တို့တွင် ပြည်ပရောက် မြန်မာများက ဆန္ဒပြ တောင်းဆိုကြသည်။ ဇူလိုင်လ ၃၀ ရက်နေ့ အင်္ဂလန်စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ တရုတ်သံရုံးရှေ့တွင် စစ်ကောင်စီကို မပူးပေါင်းရန်၊ စစ်ကောင်စီထံသို့ စစ်လက်နက်များ ရောင်းချနေမှုများ ချက်ချင်းရပ်တန့်ရန် ဗြိတိန်ရောက် မြန်မာနိုင်ငံသား ၁၅၀ ဝန်းကျင်က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ဗြိတိန်နိုင်ငံ တရုတ်သံရုံးရှေ့ဆန္ဒပြပွဲကို ယူကေရောက် မြန်မာနိုင်ငံဖွား

Continue Reading
ရခိုင်မှာ စစ်ရှောင်အမျိုးသမီးငယ်အချို့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရ
သတင်း
1 min read
210

ရခိုင်မှာ စစ်ရှောင်အမျိုးသမီးငယ်အချို့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရ

August 1, 2024
0

ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲ စတင်ပြီးနောက် မြောက်ပိုင်းဒေသက ဒေသခံပြည်သူများမှာ ရွှေ့ပြောင်းပုံစံဖြင့် စစ်ရှောင်နေရပြီး ဆယ်ကျော်သက် မိန်းကလေးငယ်များမှာ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရကြောင်း Western News ကို ပြောဆိုထားကြသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း တကျော့ပြန် မြို့သိမ်းတိုက်ပွဲများ စတင်ဖြစ်ပွားချိန်၌ မြို့ပေါ်က ဒေသခံပြည်သူများမှာ ကျေးလက်ဒေသရှိ ဆွေမျိုးများ သို့မဟုတ် ဘေးကင်းရာကျေးရွာများသို့ အစုလိုက်အပြုံလိုက် စစ်ရှောင်ခဲ့ကြသည်။ မင်းပြားမြို့ပေါ်က အသက် ၁၇ နှစ်အရွယ် သမီးတစ်ဦးနှင့် အသက် ၁၀ နှစ်အောက် သားနှစ်ဦးပါ မိဘအပါအဝင် ပေါင်း ၅ ဦးတို့သည် ကျေးလက်ဒေသရှိ ဆွေမျိုးရင်းရှာမဟုတ်သော မိတ်ဆွေတစ်ဦးအိမ်သို့ စစ်ရှောင်စဉ် သမီးဖြစ်သူ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံခဲ့ရကြောင်း မိခင်ဖြစ်သူက

Continue Reading
မောင်တောက ဟိန္ဒူကလေးငယ်များ ဝမ်းရောဂါဖြင့် သေဆုံးမှု များနေ
ကျန်းမာရေး သတင်း
1 min read
117

မောင်တောက ဟိန္ဒူကလေးငယ်များ ဝမ်းရောဂါဖြင့် သေဆုံးမှု များနေ

August 1, 2024
0

(ရုပ်အလောင်းများကို မီးသင်္ဂြိုလ်ခွင့် စစ်ကောင်စီတပ်သားများက တားဆီး) တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် မောင်တောမြို့နယ်က ဟိန္ဒူကျေးရွာများတွင် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျော့ ရောဂါဖြင့် သေဆုံးမှုများပြားနေပြီး ရုပ်အလောင်းများကို သင်္ဂြိုလ်ခွင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက တားဆီးပိတ်ပင်နေကြောင်း သိရသည်။ အောင်ဗလကျေးရွာ အောင်ဗလကယ်ဆယ်ရေးစခန်းမှ စွန့်ခွာလာသော ဟိန္ဒူမိသားစု ၁၀၀ ကျော်မှာ မောင်တောမြို့ထဲ ရပ်ကွက် ၃ ရှိ အမှတ် (၃) အခြေခံမူလတန်းလွန်ကျောင်းတွင် စစ်ရှောင်နေကြောင်း သိရသည်။ ယင်းအထဲမှ ကလေးငယ်များမှာ ဝမ်းရောဂါဖြင့် သေဆုံးမှုများပြားနေပြီး ထမင်းလည်း နပ်မှန် မစားရဟု ဟိန္ဒူအမျိုးသားတစ်ဦးက Western News ကို ပြောသည်။ ” ကလေးတွေက ဝမ်းသွားတယ်။ အန်တယ်။ ဝမ်းပျက်ဝမ်းလျော့ကြောင့်

Continue Reading